ကိုယ့်ကိုကိုယ် သတ်သေတော့မယ် လူတစ်ဦးရဲ့ လက္ခဏာများ

မိမိကိုယ်ကို သတ်သေဖို့ဆိုတာ တကယ်တော့ လွယ်ကူလှတဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး။

ဒါပေမယ့် လူတစ်ယောက်ရဲ့ မကောင်းတဲ့ စိတ်ခံစားချက်က အဆုံးစွန်ကို ရောက်နေတဲ့အခါ သတ်သေဖို့ သေချာသွားနိုင်ပါတယ်။ နောက်ဆုံးရရှိတဲ့လအချက်အလက်တွေအရဆိုရင် ကမ္ဘာပေါ်မှာ စက္ကန့် (၄၀) တိုင်း လူတစ်ယောက်ဟာ မိမိကိုယ်ကိုသတ်သေနေတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

အများအားဖြင့်တော့ လူတစ်ယောက်ဟာ အပြင်ပန်း ခန္ဓာကိုယ်မကျန်းမာမှုထက် စိတ်မကျန်းမာ(စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျဆင်းမှု) တဲ့အခါ မိမိကိုယ်ကို သတ်သေပြီး လွတ်မြောက်ရာလမ်းကို ရှာတက်ကြပါတယ်။ ဒါပေမယ့် အသေအချာ သတိထားပြီးစောင့်ကြည့်မယ်ဆိုရင်တော့ သူတို့တွေအနေနဲ့ အဆိုးဆုံးအခြေအနေကို မရောက်ခင် ဒီလို လက္ခဏာရပ်တွေကိုပြတတ်ကြပါတယ်။ shwekhitonlinetv.com

၁။ သူတို့တွေဟာ တစ်ယောက်တည်းနေလိုပြီး လူတွေကို ရှောင်လာပါတယ်။ မိသားစုကိုရော၊ သူငယ်ချင်းတွေကိုပါ ခပ်ခွာခွာ နေလာပါတယ်။ ဒီလိုအခြေအနေမှာ ဖုန်းနဲ့လည်း စကားမပြောသလို အပြင်မှာတွေ့ဖို့လည်း ငြင်းဆန်ကြပါတယ်။ shwekhitonlinetv.com

၂။ သူတို့တွေအနေနဲ့ ပုံမှန်လုပ်နေ၊သွားနေကျဖြစ်တဲ့ အလုပ်တွေ၊ ကျောင်းတွေကို မသွားတော့ပါဘူး။ နေ့စဥ်နဲ့အမျှအပြင်လည်း မထွက်တော့ဘဲ တစ်ချိန်လုံး မှောင်နေတဲ့ အခန်းထဲမှာပဲ နေလာကြပါတယ်။ shwekhitonlinetv.com

၃။ ပျော်ရွှင်တဲ့စိတ် ကုန်ခမ်းသွားကြတယ်။ ဝမ်းနည်းစိတ်က အချိန်ပြည့်ကြီးစိုးလာတယ်။ ဘာရယ်ကြောင့်မှန်းမသိ ငိုလည်း ငိုနေတက်တယ်။ shwekhitonlinetv.com

၄။ တစ်ခါတစ်ရံမှာတော့ အကြောင်းပြချက်မရှိဘဲ ရယ်ချင်ရယ်နေတက်ပါတယ်။ ရယ်နေရာကနေ ရုတ်ချည်းဆိုသလို ငိုချင်လည်း ငိုနေတက်ကြပြန်ပါတယ်။ စိတ်ခံစားမှုတွေက မတည်ငြိမ်တော့ဘဲ ပြောင်းလဲနေတာမျိုးပါ။ shwekhitonlinetv.com

၅။ တစ်ချို့က တစ်ချိန်လုံး အိပ်ပဲ အိပ်နေချင်တယ်။ ပုံမှန်လူတစ်ယောက်လိုမဟုတ်ပဲ တစ်နေ့ကို နာရီ (၂၀) ကျော်လောက် အိပ်နေတက်ပါတယ်။ တစ်ချို့နေ့တွေဆိုရင်လည်း တစ်ရေးမှကိုမအိပ်ကြပါဘူး။ shwekhitonlinetv.com

၆။ တစ်ချို့ကတော့ ဆန့်ကျင်ဘက်အနေနဲ့ လုံးဝ မအိပ်တော့ပါဘူး။ အိပ်ချင်လိုတဲ့စိတ်လည်း မရှိတော့ဘဲနဲ့ ညဘက်တွေဆို ငူငူငေါင်ငေါင်နဲ့အတွေးပေါင်းစုံ တွေးနေတတ်ပါတယ်။ shwekhitonlinetv.com

၇။ ဘယ်လိုအကြောင်းအရာမျိုးကို တွေးတွေး မကောင်းတဲ့ဘက်ကိုပဲ ဦးတည်ပြီးတွေးတောလာတယ်။ တွေးသမျှအရာတိုင်းရဲ့ အဆုံးသတ်အဖြေကလည်း အသက်ဆက်မရှင်ချင်တော့ဘူး ဆိုပြီး ဖြစ်လာတယ်။ shwekhitonlinetv.com

၈။ ကိုယ့်ကိုကိုယ် ဘာမှအသုံးမကျတဲ့သူတစ်ယောက်၊ အရှုံးတွေပဲ ရှိတဲ့သူတစ်ယောက်လို့ မြင်လာမယ်။ သေလည်းမထူးဘူးလို့ ယူဆပြီး အန္တရာယ်ရှိတဲ့ အရာတွေကို လုပ်ရဲလာတယ်။ ကားကို အရှိန်မြှင့်မောင်းတာမျိုး၊ မူးယစ်ဆေး အရမ်းသုံးတာမျိုးတွေ လုပ်လာတယ်။ shwekhitonlinetv.com

၉။ ကိုယ့်ကိုယ်ကို၊ ကိုယ့်အသားကိုယ် နာကျင်အောင် လုပ်ဖို့ ဝန်မလေးဘူး။ ဥပမာပြောရရင် နံရံကို လက်သီးနဲ့ထိုးတာမျိုး၊ လက်ကို ဘရိတ်ဓားနဲ့ အကြိမ်များစွာ ခြစ်တာမျိုးတွေ မကြာခဏပြုလုပ်လာတက်ပါတယ်။ shwekhitonlinetv.com

၁၀။ မိသားစု၊ သူငယ်ချင်းနဲ့ ချစ်ခင်ရင်းနှီးရသူတွေကိုလည်း အကြောင်းပြချက်ရေရေရာရာ မရှိ ဘဲတစ်နေရာရာကို ထွက်သွားတော့မယ့် သူလို နှုတ်ဆက်စကားတွေ မကြာခဏပြောလာတယ်။ shwekhitonlinetv.com

မိမိကိုယ်သတ်သေခဲ့ကြတဲ့ လူအများစုဟာဒီလိုလက္ခဏာတွေထဲက အနည်းဆုံး (၅) ချက် တော့ဖြစ်လေ့ရှိတယ်လို့ သုတေသနစစ်တမ်းတွေအရသိရပါတယ်။ အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။