ကော်ဖီကို သင့်တင့်တဲ့ပမာဏ သောက်သုံးရင် ရရှိမယ့် အကျိုးကျေးဇူးများ

ကော်ဖီဆိုတာကတော့ ကမ္ဘာတစ်ဝှမ်းမှာ လူကြီးလူငယ် အရွယ်သုံးပါးမရွေး သောက်သုံးတက်ကြတဲ့ အစားအသောက်တစ်မျိုးပဲ ဖြစ်ပါတယ်။

ကော်ဖီသောက်သုံးခြင်းနဲ့ ပတ်သက်လို့ ကောင်းကျိုး ဆိုးကျိုးတွေကတော့ ဒွန်တွဲရှိနေတယ်လို့ သိထားကြပေမယ့်အခုဖော်ပြပေးသွားမှာကတော့ ဆေးပညာရှင်တွေ သုတေသီတွေရဲ့ နောက်ဆုံးလေ့လာတွေ့ရှိချက်တွေအရ ကော်ဖီကပေးစွမ်းနိုင်တဲ့ ကောင်းကျိုးတွေအကြောင်းပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်အရာမဆို တန်ဆေး လွန်ဘေး ဆိုတဲ့စကားလေးကိုတော့ မမေ့သင့်ပါဘူးနော်။ shwekhitonlinetv.com

၁။ အမျိုးသမီးတွေ သေဆုံးရခြင်းရဲ့ အဓိကအကြောင်းရင်းတွေကတော့ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုရောဂါနှင့်ကျောက်ကပ်ရောဂါတွေပဲဖြစ်ပါတယ်။ မကြာသေးမီက ပြုလုပ်ထားတဲ့ လေ့လာမှုတွေအရတော့ ကော်ဖီသောက်ခြင်းဟာ ဒီရောဂါတွေကြောင့်သေဆုံးနိုင်ခြေကို နည်းပါးစေကြောင်းတွေ့ရှိခဲ့ရပါတယ်။ shwekhitonlinetv.com

၂။ ဒါကလေ့လာသူတွေ တွေ့ရှိခဲ့တဲ့ ကော်ဖီသောက်ခြင်းရဲ့နောက်ကွယ်ကသီအိုရီတစ်ခုပဲဖြစ်ပါတယ်။ အဲ့ဒီသီအိုရီကတော့ ကော်ဖီပိုသောက်တဲ့လူတွေက ဆီးချိုရောဂါအမျိုးအစား (၂) မျိုးစလုံးမှ ကင်းလွတ်နိုင်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၃။ တစ်နေ့ကော်ဖီတစ်ခွက်မှနှစ်ခွက်သောက်ခြင်းဟာ နှလုံးအားနည်းနေခြင်းကြောင့် ခန္ဓာကိုယ်ထဲသွေးအလုံအလောက်မရောက်ရှိတဲ့ ပြဿနာမျိုးမှ ကင်းဝေးစေပါတယ်။ ဒါကြောင့်မို့လို့ နှလုံးရောဂါနဲ့ နှလုံးပျက်စီးခြင်းတို့ကို တားဆီးကာကွယ်ပြီးသားလည်းဖြစ်စေပါတယ်။ shwekhitonlinetv.com

၄။ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ Parkinson’s Disease (အကြောအားနည်း၍ခြေတုန်လက်တုန်ဖြစ်သည့်ရောဂါ) ဖြစ်ပွားခြင်းကို လျော့ချပေးနိုင်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၅။ သုတေသနပြုချက်များအရကော်ဖီသောက်တဲ့ သူတွေဟာ ကော်ဖီမသောက်တဲ့ လူတွေထက် အသည်းအင်ဇိုင်းဓာတ်များကို ကောင်းမွန်တဲ့ အခြေအနေမှာ ပိုထိန်းထားနိုင်စွမ်းရှိပါတယ်။ shwekhitonlinetv.com

၆။ Dark Roast Coffee ဟာ ဒီအင်အေ (DNA) များပြိုကွဲခြင်းကိုလျော့နည်းစေပါတယ်။ ၎င်းကသဘာဝအတိုင်းအကြိတ်နဲ့ ကင်ဆာဆဲလ်တွေ ပြန်လည်ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၇။ ပုံမှန်အားဖြင့်တော့ အမျိုးသမီး (၂၃) ယောက်မှာ (၁) ယောက်နှုန်း အူမကြီးကင်ဆာရောဂါကို ခံစားရလေ့ရှိပါတယ်။ သုတေသီတွေဟာ လေ့လာမှုတွေကနေ ကော်ဖီပုံမှန်သောက် သူတွေဟာ အူမကြီးကင်ဆာဖြစ်ပွားမှုကို (၂၆) ရာခိုင်နှုန်းထိလျော့နည်းပေးနိုင်ကြောင်းတွေ့ရှိခဲ့ပါတယ်။ shwekhitonlinetv.com

၈။ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားတဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ သုံးပုံနှစ်ပုံ လောက်က အမျိုးသမီးတွေဖြစ်ပါတယ်။ တစ်နေ့ကို ကော်ဖီနှစ်ခွက်ကနေ သုံးခွက်သောက်တဲ့ အသက် (၆၅) နှစ်နှင့်အထက် အမျိုးသမီးတွေအနေနဲ့ စိတ်ဖောက်ပြန်မှုဖြစ်ပေါ်နိုင်ခြေနည်းပါးကြောင်းကိုလည်း သုတေသီတွေက တွေ့ရှိခဲ့ကြပါတယ်။ shwekhitonlinetv.com

၉။ အမျိုးသမီးများအတွက်တစ်နေ့လျှင်အနည်းဆုံးကော်ဖီတစ်ခွက်သောက်ခြင်းဟာအမျိုးသမီးများသေဆုံးမှုရဲ့ စတုတ္ထမြောက်အကြောင်းအရင်းဖြစ်တဲ့ လေဖြတ်ခြင်းလို ဝေဒနာရောဂါဖြစ်ပွားမှုကိုလျှော့ချပေးနိုင်ပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။