ကမ္ဘာ့အူတိုင်ထိ အနက်ရှိုင်းဆုံး တွင်းတူးပြီး ဘူမိစွမ်းအင် ထုတ်လုပ်ဖို့ စီစဉ်နေတဲ့ ကုမ္ပဏီ

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ UK အခြေစိုက်စွမ်းအင် ကုမ္ပဏီတစ်ခုဟာ အကန့်အသတ်မရှိ စွမ်းအင်များကိုထုတ်လုပ်ရန်အတွက် ကမ္ဘာ့အနက်ဆုံးတွင်းကို တူးဖော်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းဟာ အင်တာနက်စာမျက်နှာတွေနဲ့ မီဒီယာတွေထက်မှာ ရေပန်းစားခဲ့ပါတယ်။ shwekhitonlinetv.com

Quaise Energy လို့အမည်ရတဲ့ ကုမ္ပဏီတစ်ခုဟာ ဘူမိအပူစွမ်းအင်အရင်းအမြစ်တွေကို အသုံးချဖို့အတွက် ရည်ရွယ်ပြီးယခုကဲ့သို့ ကမ္ဘာ့အူတိုင်နဲ့ အနီးဆုံးနေရာအထိရောက်ရှိအောင်တွင်းတူးဖို့ ကြံစည်နေတာလည်းဖြစ်ပါတယ်။ ဒီအတွက် သူတို့အနေနဲ့ ရန်ပုံငွေစုစုပေါင်း ဒေါ်လာ (၆၃) သန်းအထိလည်း ရရှိစုဆောင်းထားနိုင်ခဲ့ပြီလို့သိရပါတယ်။ shwekhitonlinetv.com

ဘူမိစွမ်းအင်ကို ထုတ်ယူသုံးစွဲဖို့ဆိုတာဟာ ဆန်းသစ်တဲ့အယူအဆတစ်ခု မဟုတ်ပေမယ့်လည်း လက်ရှိအချိန်အထိတော့ ကြီးကြီးမားမား နဲ့ လက်တွေ့ကျကျ လုပ်ဆောင်နိုင်တဲ့ အဖွဲ့အစည်းမရှိသေးပါဘူး။ ယနေ့အချိန်မှာ လူသားတွေအနေနဲ့ နေ၊ ရေ၊ လေ အစရှိတဲ့စွမ်းအင်ရင်းမြစ်တွေကိုသာ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

နောက်ပြီး ဒီကုမ္ပဏီဟာ ယခင်တူးခဲ့ဖူးတဲ့တွင်းတွေထက် ပိုမိုနက်ရှိုင်းတဲ့ ကမ္ဘာ့အနက်ဆုံးတွင်းကို တူးဖော်ပြီး စံချိန်သစ်တင်ဖို့လည်း ရည်ရွယ်ထားတာဖြစ်ပါတယ်။ ယနေ့အချိန်အထိ ကမ္ဘာပေါ်မှာ အနက်ဆုံးတူးခဲ့တဲ့ တွင်းဟာ ရုရှားနိုင်ငံက Kola Superdeep Borehole ဖြစ်ပြီး (၁၂.၃) ကီလိုမီတာနက်ပါတယ်။ shwekhitonlinetv.com

ဒါဟာ အင်ဂျင်နီယာသမိုင်းကြောင်းတစ်လျှောက်မှာ အနက်ဆုံးတူးခဲ့ဖူးတာဖြစ်ပြီး Quaise ကတော့ ယခုတူးဖော်မှုမှာ မြေအောက်အနက် အနည်းဆုံး ကီလိုမီတာ (၂၀) ဝန်းကျင်အထိရောက်ရှိအောင် တူးဖော်သွားဖို့ မျှော်မှန်းထားပါတယ်။ shwekhitonlinetv.com

ဒီလိုတူးဖော်ရာမှာတော့ Plasma Science and Fusion Centre က တီထွင်ထားတဲ့ အက်တမ်တွေကို အရည်ပျော်စေရန် တွန်းအားပေးပြီး တူးတဲ့နည်းကို အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အလွယ်ပြောရရင်တော့ လှိုင်းအလျားတိုတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကို တွင်းတူးတဲ့ တစ်လျှောက်အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒီနည်းဟာ တွင်းတူးတဲ့လမ်းတစ်လျှောက်မှာတွေ့ရှိသမျှ သတ္တုတွေကို အရည်ပျော်သွားစေမှာဖြစ်လို့ ပိုမိုတူးဖော်ရလွယ်ကူစေမယ်လို့ သိရပါတယ်။ shwekhitonlinetv.com 

Quaise ကတော့ တစ်လအတွင်းမှာ ကီလိုမီတာ (၂၀) အနက်ရောက်အောင်တူးသွားဖို့ စီစဉ်ထားပါတယ်။ အဲ့ဒီအနက်ရောက်တဲ့အခါ အပူချိန်ဟာ (၅၀၀) ဒီဂရီစင်တီဂရိတ်အထိ မြင့်မားနိုင်ပြီး အဲ့ဒီနေရာကထွက်လာသမျှ အရည်အားလုံးကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့အတွက် အငွေ့အဖြစ်သို့ ပြောင်းလဲသွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com

Quaise ကတော့ သူတို့ရဲ့ မစ်ရှင်ကိုတော့ ၂၀၂၄ ခုနှစ်မှာ စတင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီစိတ်ကူးစိတ်သန်းဟာ ရှုပ်ထွေးပြီးဆန်းသစ်လှပေမယ့်လို့ Quaise ရဲ့ အဆိုပါမစ်ရှင်သာ အောင်မြင်ခဲ့ပါက လူသားတွေအတွက် လုံးဝပြန်လည်ပြည့်ဖြိုးမြဲ၊ မကုန်ခန်းနိုင်သော စွမ်းအင်အရင်းအမြစ်များ ရရှိလာနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။