အဆင်းလှပေမယ့် အနံ့အသက် အလွန်ဆိုးရွားလှတဲ့ ပန်းများ

ပန်းဆိုတာကတော့ အဆင်းသဏ္ဍာန်လှပပြီး ဆွဲဆောင်မှုရှိတဲ့ အရာတွေဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ပန်းအတော်များများဟာ နှစ်လိုဖွယ်အဆင်းရနံ့ကြပေမယ့် တစ်ချို့သောပန်းတွေကတော့ အဆင်းလှသလောက်အတော်လေးကို ဆိုးရွားတဲ့ အနံ့အသက်တွေကို ထုတ်လွှတ်တက်ကြပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာလေးကလည်း ဒီလိုအနံ့အသက်ဆိုးတဲ့ ပန်းတွေထဲကမှ စက်ဆုပ်ဖွယ်ရာအကောင်းဆုံး အနံ့တွေထုတ်လွှတ်တဲ့ ပန်းမျိုးစိတ်တွေအကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ Titan arum, corpse flower

ကမ္ဘာ့အကြီးဆုံး ပန်းပွင့်တွေထဲတစ်ခုဖြစ်တဲ့ Titan Arum ကိုတော့ အလောင်းကောင်ပန်းလို့ လူသိများလှပါတယ်။ အကြောင်းကတော့ ဒီပန်းပွင့်ကနေထွက်ပေါ်လာတဲ့ ရနံ့ဟာ ပုပ်သိုးနေတဲ့ သတ္တဝါအလောင်းကောင်တွေဆီကထွက်ပေါ်လာတဲ့အနံ့နဲ့ တူညီနေတာကြောင့်ပဲဖြစ်ပါတယ်။ ဒီလိုဆိုးဝါးတဲ့အနံ့ကြောင့် ပျားတွေ၊ ပိတုန်းတွေထက် ယင်ကောင်လို အင်းဆက်တွေကသာ ဒီပန်းတွေကို ဝတ်မှုန်ကူးခြင်းဖြစ်စဥ်ကိုလုပ်ဆောင်ပေးကြပါတယ်။ ဒါပေမယ့် ခံသာတဲ့အချက်တစ်ချက်က ဒီပန်းတွေဟာ လေးနှစ်ကနေခြောက်နှစ်လောက်မှာမှ တစ်ကြိမ်ပန်းပွင့်ကြတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Eastern skunk cabbage

ဒီပန်းကတော့မြောက်အမေရိကတိုက် အရှေ့ပိုင်းမှာတွေ့ရတက်တဲ့ပန်းဖြစ်ပါတယ်။ သူ့ရဲ့ အနံ့က ရန်သူနဲ့တွေ့တဲ့အခါ အနံ့ဆိုးတွေထုတ်လွှတ်တက်တဲ့ ဖျံတစ်မျိုးရဲ့ အနံ့နဲ့ဆင်တူပါတယ်။ ဒီပန်းတွေ သူတို့အထဲမှာအောင်းထားတဲ့ အပူကိုထုတ်လွှတ်နိုင်စွမ်းရှိတာကြောင့် ဆောင်းတွင်းဘက်မှာဆိုရင် ဆီးနှင်းတွေကြားက တိုးထွက်နေတာကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ဒီလိုအနံ့ဆိုးတွေရှိပေမယ့်လည်း ဒီပန်းတွေက ဝက်ရူးပြန်ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ ဒူလာနဲ့ ချောင်းဆိုးခြင်းတွေကို သက်သာပျောက်ကင်းနိုင်လို့ ဆေးဘက်ဝင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Rafflesia arnoldii, corpse flower

ကမ္ဘာပေါ်မှာရှိတဲ့ ပန်းပွှင့်တွေအားလုံးထဲမှာတော့ ဒီအပင်ရဲ့ ပန်းပွင့်လောက်ကြီးတာမရှိဘူးလို့သိရပါတယ်။ ဒီပန်းပွင့်တစ်ပွင့်ရဲ့ အလေးချိန်ဟာ (၁၅) ပေါင်ကနေ (၂၄) ပေါင်အထိရှိပြီးတော့ အချင်းကတော့ (၃) ပေလောက်ကျယ်ပါတယ်။ ကြီးမားတဲ့ သံချေးရောင် ပွင့်ဖတ်တွေပေါ်မှာ အဝါရောင် အစက်အပျောက် နဲ့ အမြင်ဆန်းပြီးလှပတယ်ထင်ရပေမယ့် ဘယ်သူမှ ဒီပန်းပွင့်နားမှာကြာကြာမနေချင်ကြဘူး လို့သိရပါတယ်။ အကြောင်းကတော့ သူ့ဆီကထွက်တဲ့ ဆိုးရွားတဲ့အနံ့အသက်တွေကြောင့်ပဲဖြစ်ပါတယ်။ အသားပုပ်နံ့လို ဆိုးဆိုးရွားရွားအနံ့တွေ ထုတ်လွှတ်တဲ့ ဒီအပင်ကို အင်ဒိုနီးရှားနိုင်ငံမှာတော့ အလောင်းကောင်အပင် (Corpse Plant) လို့ခေါ်ကြပါတယ်။ ဒါပေမယ့် ဒီအနံ့ကပဲ ဝတ်မှုန်ကူးဖို့ အင်းဆက်တွေကို အဓိကဆွဲဆောင်တာဖြစ်လို့ ဒီအပင်ရဲ့ သဘာဝကလည်း ဆန်းကျယ်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Carob tree

ဒီအပင်ကတော့ အရိပ်ရ အပင်ကြီးတစ်မျိုးဖြစ်ပါတယ်။ သူ့ဆီကပွင့်တဲ့ပန်းတွေရဲ့ ရနံ့ကတော့ အတော်လေးကို အော်ဂလီဆန်ချင်စရာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီအပင်ကပွင့်တဲ့ပန်းရနံ့က သုတ်ရည်လိုအနံ့အသက်တွေဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်။ ဒီလိုမျိုး အနံ့အသက်မကောင်းတဲ့ ပန်းတွေ ပွင့်ပေမယ့် သူ့ရဲ့ အစေ့ကတော့ အတော်လေးကိုစျေးကြီးတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၅။ Bulbophyllum phalaenopsis

သစ်ခွမျိုးနွယ်ဝင်ပန်းတစ်မျိုးဖြစ်တဲ့ Bulbophyllum ပန်းတွေကိုတော့အာဖရိကတိုက်၊ နယူးဂီနီ နိုင်ငံမှာအများအားဖြင့်တွေ့မြင်ရတက်ပါတယ်။ ဒီပန်းပွင့်တွေကတော့ အနီရောင်အဆင်းနဲ့ အမွှေးအမျှင်တွေလည်းပါရှိတာကြောင့် အတော်လေးတော့ အမြင်ဆန်းလှပါတယ်။ ဒါပေမယ့် သူ့ဆီကနေ အင်းဆက်တွေကိုဆွဲဆောင်ဖို့ထုတ်လွှတ်တာကတော့ ကြွက်သေကောင်ပုပ်လို အနံ့ဆိုးတွေပဲဖြစ်ပါတယ်။ ဒါကြောင့်ဒီပန်းပင်တွေမှာ ယင်ကောင်တွေဝိုင်းနေတက်ပါတယ်။ shwekhitonlinetv.com

၆။ Stapelia gigantea

Stapelia ပန်းပွင့်လေးတွေရဲ့ ပုံစံကတော့ လူတိုင်းအတွက်နှစ်လိုဖွယ်ရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူ့ရဲ့ ဆိုးရွားညစ်ညမ်းလှတဲ့ ရနံ့ကတော့ အတော်လေးကိုစက်ဆုပ်ဖွယ်ရာပါပဲ။ ကြယ်ပုံသဏ္ဍန်ပန်းပွင့်လေးတွေဟာ အမြင်လှပေမယ့် ထုတ်လွှတ်တဲ့ရနံ့က အသားပုပ်နံ့တွေဖြစ်ပါတယ်။ ဒါကြောင့်လည်းသူ့ကိုတစ်ချို့က Carrion Flower (အသေကောင်ပုပ်) လို့ခေါ်ကြပါတယ်။ တောင်အာဖရိကနိုင်ငံမှာတွေ့ရတက်တဲ့ ပန်းတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Dracunculus vulgaris

အသွင်သဏ္ဍန်က အမြင်ဆန်းပြီးဒာအကြမ်းခံတဲ့ ဒီပန်းတွေကိုတော့ Voodoo Lily၊ Snake Lily၊ Stink Lily၊ The Black Dragon ၊ Dragonwort စသဖြင့်အမျိုးမျိုး ခေါ်ဝေါ်တက်ကြပါတယ်။ သူတို့ရဲ့ မူလဇာတ်မြစ်က ဂရိနိုင်ငံမှာဖြစ်ပေမယ့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ နေရာအချို့မှာလည်း တွေ့မြင်နိုင်ပါတယ်။ ဒီအပင်တွေကလည်းအတော်လေးကိုဆိုးရွားတဲ့ အပုပ်ကောင်နံ့တွေကိုထုတ်လွှတ်တဲ့ ပန်းတွေဖူးပွင့်တယ်လို့သိရပါတယ်။ ကံကောင်းတယ်လို့ ဆိုရမှာက ဒီအနံ့တွေကရေရှည်ထွက်ပေါ်နေခြင်းမရှိဘဲ အပွင့်ပွင့်ပြီး တစ်ရက်လောက်သာ အနံ့ဆိုးတွေကို ထုတ်လွှတ်တာဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။