ဖားဆိုတဲ့ သတ္တဝါကိုတော့ လူတိုင်းမြင်ဖူးကြမှာဖြစ်ပါတယ်။ အခုလိုမိုးတွင်းအခါမျိုးမှာဆိုရင် ဖားတွေကို ပုံစံမျိုးစုံနဲ့ မိမိတို့ပတ်ဝန်းကျင်မှာ အလွယ်တကူတွေ့မြင်နိုင်မှာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျယ်ပြောလှတဲ့ ကမ္ဘာကြီးရဲ့ ဒေသအသီးသီးမှာ ရှင်သန်နေထိုင်ကြတဲ့ ဖားမျိုးစိတ်တွေကိုတော့ လူတိုင်းမြင်တွေ့ဖူးကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် အခုတစ်ခေါက်မှာတော့နှစ်လိုဖွယ် အဆင်းပုံသဏ္ဍန်ရှိပြီး လူကိုသ-စေနိုင်လောက်တဲ့ အဆိပ်တွေကိုလည်း သယ်ဆောင်ထားတဲ့ ဖားမျိုးစိတ်လေးတွေအကြောင်း ဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com
၁။ Golden Poison Dart Frog

ပထမဆုံးဖော်ပြပေးချင်တာကတော့ Golden Poison Dart Frog လို့အမည်ရတဲ့ ရွှေရောင်ဖားလေးတွေဖြစ်ပါတယ်။ သူ့ရဲ့ သိပ္ပံအမည်ကတော့ Phyllobates terribilis ဖြစ်ပြီး လူ (၁၀) ယောက်လောက်သ-စေဖို့ လုံလောက်တဲ့ အဆိပ်တွေကိုထုတ်လွှတ်နိုင်ပါတယ်။ ဒီအဆိပ်တွေဟာ သူတို့ရဲ့ အစားအစာ စားသုံးမှုကနေတစ်ဆင့် ဖြစ်တည်လာတာဖြစ်ပြီး အများအားဖြင့်တော့ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက် အသုံးပြုတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီဖားလေးတွေဟာ ရှင်သန်ပေါက်ဖွားဖို့နေရာထိုင်ခင်းနည်းပါးလာမှု၊ ပတ်ဝန်းကျင်နဲ့ လေထုညစ်ညမ်းမှုတွေကြောင့် မျိုးသုဥ်းမယ့် အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။ shwekhitonlinetv.com
၂။ Blue Poison Dart Frog

ဒီဖားလေးတွေကိုတော့ ဆူရီနမ်နိုင်ငံတောင်ပိုင်းနဲ့ ဘရာဇီးလ်နိုင်ငံရဲ့ ဒေသအချို့မှာတွေ့ရတက်ပါတယ်။ ဒီဖားမျိုးစိတ်တွေအကုန်လုံးဟာ တောက်ပတဲ့အပြာရောင် အရောင်အသွေးရှိတာချင်းတူပေမယ့် ခန္ဓာကိုယ်ပေါ်က အနက်ရောင်အစက်အပြောက်တွေကတော့ တစ်ကောင်နဲ့တစ်ကောင် မတူညီကြဘူးလို့သိရပါတယ်။ ဒီအပြာရောင်ဖားလေးတွေမှာလည်း လူတစ်ယောက်ကို သ-စေနိုင်တဲ့ အဆိပ်တွေရှိနေပါတယ်။ တစ်ခြားဖားတွေလိုပဲ သူတို့စားလိုက်တဲ့ အစာနဲ့ အစာအိမ်တွင်းက ဓာတ်တစ်ချို့ပေါင်းစပ်ပြီး အဆိပ်ဖြစ်သွားတာလို့သိရပါတယ်။ နောက်ပြီး ဒီဖားလေးတွေက ထင်ရှားတဲ့ အိမ်မွေးသတ္တဝါလေးတွေလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Dyeing Dart Frog

ဒီဖားလေးကတော့အရောင်သွေးစုံလင်လှပြီး ချစ်စရာလည်းကောင်းလှပါတယ်။ နောက်ပြီး ဒီရောင်စုံဖားက အဆိပ်ရှိတဲ့ဖားမျိုးစိတ်တွေထဲမှာ အရွယ်အစားကြီးမားတဲ့ စာရင်းဝင်ပါတယ်။ သူတို့ရဲ့ အရောင်သွေးစုံတဲ့ ကိုယ်ခန္ဓာဟာ အနီးအနားက အခြားတိရိစ္ဆာန်တွေအနေနဲ့ သူတို့ကို စားရင်အဆိပ်သင့်မယ်ဆိုတာကို သတိပေးတဲ့ သဘောဖြစ်တယ်လို့သိရပြီး တစ်ခါတစ်ရံ ရုပ်ဖျက်ဖို့အတွက်လည်း အရောင်ပြောင်းတက်ကြတယ်လို့သိရပါတယ်။ သူတို့ကိုတော့ ဘရာဇီးလ်၊ ပြင်သစ်ဂူအားနား နဲ့ ဆူရီနမ် နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ shwekhitonlinetv.com
၄။ Phantasmal Poison Frog

အရွယ်အစားသေးငယ်ပြီး လှပလွန်းတဲ့ ဒီဖားလေးကိုတော့ Phantasmal Poison Frog လို့ခေါ်ကြပါတယ်။ သူတို့ရဲ့အရွယ်အစားက လက်မဝက်ခန့်ကနေ တစ်လက်မခွဲအထိသာရှိတက်ကြပါတယ်။ ဒါပေမယ့် အကောင်သေးတယ်ဆိုပြီးလျော့တွက်လို့တော့ မရပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဆီမှာ လူကြီးတစ်ယောက်ကိုတောင် သ-စေနိုင်တဲ့ အဆိပ်တွေရှိနေလို့ပဲဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့စမ်းသပ်ချက်တွေအရ သူတို့ရဲ့အဆိပ်တွေက နာကျင်မှုတွေပြေပျောက်အောင် အသုံးပြုလေ့ရှိတဲ့ မော်ဖင်း (Morphine) ထက်တောင် အစွမ်းထက်တယ်လို့ဆိုပါတယ်။ shwekhitonlinetv.com
၅။ Lovely Poison Frog

Lovely Poison Frog ကိုတော့ သူ့ရဲ့ပုံပန်းသဏ္ဍန်အရ ခန္ဓာကိုယ်ပေါ်မှာ အစင်းကြောင်းတွေပါလို့ Striped Poison Frog လို့လဲ လူသိများပါတယ်။ သူက Phyllobates လို့ခေါ်တဲ့ အဆိပ်ရှိဖားမျိုးစိတ်တွေထဲမှာတော့ အဆိပ်အနည်းဆုံးဖား ဖြစ်ပေမယ့် အခြားအဆိပ်ရှိဖားမျိုးစိတ်တွေနဲ့ ယှဥ်ရင်တော့ အတော်လေးကိုအဆိပ်ပြင်းတဲ့ ဖားလို့ဆိုနိုင်ပါတယ်။ လူတစ်ယောက်အနေနဲ့ သူ့ကိုစားမိရင်တော့ နှလုံးပျက်စီးပြီးသ-စေနိုင်ပါတယ်။ ဒီဖားလေးတွေကိုတော့ ကော်စတာရီကာ၊ ပနားမား နဲ့ နီကာရာဂွာ နိုင်ငံတွေမှာတွေ့ရတက်ပါတယ်။ shwekhitonlinetv.com
၆။ Golfodulcean Poison Frog

ဒီ လှပတဲ့ ဖားလေးကလည်း Phyllobates မျိုးစိတ်တစ်မျိုး ဖြစ်ပြီး အဆိပ်ပြင်းတဲ့နေရာမှာတော့ အဆင့် (၄) နေရာမှာရှိတယ်လို့သိရပါတယ်။ သူတို့ခန္ဓာကိုယ်ထဲမှာသယ်ဆောင်ထားတဲ့ အဆိပ်တွေဟာ ဘယ်ကနေဖြစ်တည်လာသလဲဆိုတာကိုတော့ သိပ္ပံပညာရှင်တွေအနေနဲ့ အဖြေရှာမရသေးဘူးလို့ သိရပါတယ်။ ကော်စတာရီကာနိုင်ငံမှာ တွေ့ရပြီး လက်ရှိအချိန်မှာတော့ ရှင်သန်ကျက်စားဖို့ နေရာနည်းပါးလာခြင်းနဲ့အတူ မျိုးသုဉ်းမယ့် အန္တရာယ်ကိုရင်ဆိုင်နေရပါတယ်။ shwekhitonlinetv.com
၇။ Green and Black Poison Dart Frog

အစိမ်းရောင်နဲ့ အနက်ရောင်ရောယှက်ထားတဲ့ ဒီဖားလေးတွေကိုတော့ ဟာဝိုင်အီကျွန်းမှာ အတွေ့ရများပေမယ့်လည်း သူတို့ရဲ့ မူလဇာတိက အမေတိုက်အလယ်ပိုင်း နဲ့ တောင်ပိုင်းဒေသတွေဖြစ်တယ်လို့သိရပါတယ်။ တစ်ခြားဖားတွေလောက်အဆိပ်မပြင်းဘူးလို့ ဆိုကြပေမယ့် သူကလည်းလူတွေကို အပြင်းဖျားစေနိုင်မယ့် အဆိပ်တွေကို သယ်ဆောင်ထားတဲ့ ဖားတစ်မျိုးဖြစ်ပါတယ်။ နောက်ပြီးသူတို့တွေဟာ ပုံမှန်အခြေအနေမှာ အစိမ်းနဲ့အနက်ရောင် ကွက်ကျားပုံစံ အရောင်အဆင်းရှိပေမယ့် အခြေနေနဲ့ အချိန်အခါကိုလိုက်ပြီး အရောင်ပြောင်းတက်ကြတယ်လို့လည်း သိရပါတယ်။ shwekhitonlinetv.com
အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။
ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Be the first to comment
You must log in to post a comment.