သင်မသိသေးတဲ့ လေယာဉ်မယ်တွေရဲ့ အံ့သြစရာ လျှို့ဝှက်ချက်များ

လေယာဥ်ပျံစီးပြီး ခရီးတွေသွားလာတဲ့ အခါမျိုးမှာ အမြဲတမ်းစီးနေကျ လူတွေအတွက်တော့ အထူးထွေ ပြဿနာ မရှိနိုင်ပေမယ့် ရံဖန်ရံခါမှစီးတဲ့ သူတွေအဖို့တော့ အနည်းနဲ့အများဆိုသလို ပြဿနာအသေးစား လေးတွေကြုံတွေ့ရတက်ပါတယ်။ ဒါပေမယ့် စိုးရိမ်စရာတော့ သိပ်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုး ပြဿနာတွေကြုံတွေ့ရတဲ့အခါမျိုးမှာ ခရီးသည်တွေ အစစ အရာရာအဆင်ပြေစေဖို့ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးမယ့် လေယာဉ်မယ်တွေ ရှိနေလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ယေဘုယျအားဖြင့်ကြည့်မယ်ဆိုရင်တော့ လေယာဥ်မယ်တွေရဲ့ တာဝန်က သိပ်ပြီး အထူးအထွေမရှိဘူးလို့ထင်ရပေမယ့် အရေးပေါ်အခြေအနေတွေကြုံတွေ့ရတဲ့ အခါမျိုးမှာ သင်မထင်မှတ်ထားလောက်တဲ့ အရည်အချင်းတွေနဲ့ လုပ်ငန်းဆောင်တာတွေ လေယာဥ်မယ်တွေ ဆီမှာရှိနေပါတယ်။ ဘာတွေဖြစ်မလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦးနော် … shwekhitonlinetv.com

၁။ ကိုယ်အလေးချိန်ထိန်းသိမ်းရခြင်း

လေယာဉ်မယ်တွေဟာ သူတို့ရဲ့ကိုယ်အလေးချိန်ကို အမြဲတစေလိုလို ထိန်းသိမ်းထားရပါတယ်။
အဓိကကတော့ ဝိတ်ကျတာထက် ဝိတ်မတက်အောင် ထိန်းရတာဖြစ်ပါတယ်။ တကယ်လို့ဝိတ်တက်လာခဲ့ရင်လည်း အနည်းဆုံးအချိန်တစ်လပေးပြီး ဝိတ်ပြန်ချရပါတယ်။ shwekhitonlinetv.com

၂။ မီးဖွားပေးနိုင်ခြင်း

နေ့စေ့လစေ့ ခရီးသည်တွေ လေယာဥ်ပေါ်မှာ ပါမလာဘူးလို့ ဘယ်သူမှ ကြိုတင်မသိရှိနိုင်ပါဘူး။ ဒီအတွက် လေယာဥ်မယ်တွေဟာ ခရီးသည်တွေကို ကလေးမွေးပေးနိုင်အောင် ကြိုတင်ပြီး သင်တန်းတွေတက်ထားရပါတယ်။ shwekhitonlinetv.com

၃။ ကိုယ်ခံပညာတက်ကျွမ်းခြင်း

လေယာဉ်မယ်တွေဟာ ကလေးမွေးပေးတတ်တယ်ဆိုတာ သိပ်အံ့သြစရာမကောင်းပေမယ့် သူတို့ သိုင်းတတ်တယ်ဆိုတာကတော့ သင့်ကို သေချာပေါက် အံ့သြစေပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ လေယာဉ်ပေါ်မှာ ထိန်းသိမ်းရခက်ခဲပြီး ရိုင်းစိုင်းတဲ့ ခရီးသည်တွေရှိတဲ့သလို လေယာဉ် ပြန်းဆွဲတာမျိုးတွေလည်း ကြုံတွေ့ရနိုင်တာကြောင့် လေယာဥ်မယ်တစ်ယောက်ဖြစ်ဖို့ Training မှာ ကိုယ်ခံပညာရပ်တွေကို သင်ကြားရပါတယ်။ shwekhitonlinetv.com

၄။ အမြဲစမတ်ကျနေရခြင်း

လေယာဉ်မယ်တွေဟာ ဖက်ရှင်နဲ့ အလှအပရေးရာစည်းမျဉ်းတွေကိုလည်း လိုက်နာကြရပါတယ်။ နိုင်ငံတကာလေကြောင်းလိုင်းအများစုမှာတော့ လေယာဉ်မယ်တွေဟာ ပျမ်းမျှအားဖြင့် ဒူးအထက်မတိုတဲ့ စကတ်ကိုဝတ်ဆင်ကြရပြီး သုံးလက်မထက်မမြင့်တဲ့ဒေါက်ဖိနပ်ကိုသာ စီးရပါတယ်။

နှုတ်ခမ်းနီဆိုရင်လည်း များသောအားဖြင့်အနီရောင်သာဆိုးရပြီး ခြေသည်းလက်သည်းတွေဟာ အနီရောင်၊ ပန်းရောင် ဒါမှမဟုတ် ဘာမှမဆိုးဘဲ ပြောင်ပြောင်လေးဖြစ်နေအောင်ထိန်းသိမ်းရပါတယ်။ နောက်ထပ်အံ့အားသင့် စရာအချက်တစ်ချက်လည်းရှိပါသေးတယ်။ ဘာအတွက်ရယ်သေချာမသိရပေမယ့် အချို့လေကြောင်းလိုင်းတွေဟာ လေယာဉ်မထွက်ခင် လေယာဉ်မယ်တွေရဲ့ ဘ-ရာ အရောင်ကိုစစ်ဆေးလေ့ရှိတယ်လို့သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လေယာဉ်မယ်တွေဟာ မျက်နှာမှာမိတ်ကပ်ပြင်ဆင်ခြယ်သပြီး နှစ်လိုဖွယ်အပြုံးနဲ့အမြဲတမ်း စမတ်ကျနေစေဖို့ကြိုးစားရပါတယ်။ shwekhitonlinetv.com

၅။ လေယာဥ်ပေါ်ကအဖြစ်အပျက်တွေသိရှိခြင်း

ပရိုင်ဗက်ဆီ ချိုးဖောက်တာမျိုး မဟုတ်တဲ့ စောင့်ကြည့်မှုတွေကိုလည်း လေယာဥ်မယ်တွေလုပ်ကြပါတယ်။ ပြောရရင်တော့ လေယာဉ်ပေါ်မှာဖြစ်ပျက်သမျှအရာတိုင်းကိုလေယာဉ်မယ်တွေမြင်တွေ့နေရတာပါ။ လေယာဉ်မယ်တွေဟာလေယာဉ်ပေါ်မှာလိုက်ပါလာတဲ့ခရီးသည်အားလုံးရဲ့အသက် လုံခြုံရေးသာမက ခရီးစဥ်တစ်လျောက် အစစအရာရာအဆင်ပြေချောမွေ့နေစေဖို့ တာဝန်ယူရတဲ့သူတွေဖြစ်တဲ့အတွက် ဘယ်နေရာမှာဘယ်ခရီးသည်က ဘာလိုအပ်နေတယ်ဆိုတာမျိုး၊ ဘယ်သူကဘာလုပ်နေတယ်ဆိုတာမျိုးကို နာရီ၊ စက္ကန့်မလပ်မျက်စိဖွင့်နားစွင့်ပြီး အမြဲသတိအနေအထားနဲ့ ရှိနေရတယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဒါကတော့ လေယာဥ်မယ်တွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်အလက်လေးတွေပဲဖြစ်ပါတယ်။ ဒီလို အကြောင်းအချက်တွေ​အပြင် အခြားခက်ခဲတဲ့ အရာတွေလည်းရှိနေလို့ လေယာဥ်မယ်တစ်ယောက်ဖြစ်ဖို့ ဆိုတာကတော့ တစ်ကယ်ကို မလွယ်တာအမှန်ပါပဲ ပရိသတ်ကြီးရေ ……. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။