အင်တာနက်မှာ နာမည်ကြီးတဲ့ Meme ဇာတ်ကောင် ပုံလေးတွေရဲ့ ပိုင်ရှင်များ

အခုတစ်ခါမှာတော့ အင်တာနက် ပေါ်မှာ လူသိများနေကြတဲ့ Meme Character တွေထဲက လူတွေရဲ့ အပြင်က နေထိုင်မှုပုံစံတွေ အကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ် ။ သူတို့ရဲ့ အပြင်ကနေထိုင်မှုပုံစံက ဘယ်လိုတွေဖြစ်မလဲဆိုတာ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော်။ shwekhitonlinetv.com

၁။ The “Pff” guy

Pff Meme Character ရဲ့ တစ်ကယ့်လက်တွေ့ဘ၀ကတော့ တရုတ် ဘက်စ်ကတ်ဘော ကစားသမား တစ်ယောက်ပဲ ဖြစ်ပါတယ် ။ သူ့ရဲ့ အမည်ကတော့ Yao Ming ဖြစ်ပြီး ၂၀၀၉ ခုနှစ်တုန်းက ကစားပွဲအပြီး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဖြစ်သွားခဲ့တဲ့ သူ့ရဲ့ မျက်နှာ အမူအယာက နာမည်ကြီးသွားခဲ့တာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ Salt Bae

တူရကီ နိုင်ငံသား နာမည်ကြီး စားဖိုမှုး တစ်ဦးဖြစ်တဲ့ Nusret Gökçe ကတော့ သူ့ရဲ့ အင်စတာဂရမ် အကောင့်မှာ အသားပေါ်ကို ဆားဖြူးနေတဲ့ Video ကြောင့် Meme တွေမှာ နာမည်ကြီးလာခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း Salt Bae က သူ့ရဲ့ ဒီပုံလေးဟာ လူတွေကြားထဲမှာ ဒီလောက် နာမည်ကြီးလာမယ်လို့ ထင်မထားခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ် ။ shwekhitonlinetv.com

၃။ The Math Lady

ဘရာဇီးနိုင်ငံသူ သရုပ်ဆောင်တစ်ဦး ဖြစ်တဲ့ Renata Sorrah ကတော့ သူမပါဝင်သရုပ်ဆောင်ထားတဲ့ Her Own Destiny ဆိုတဲ့ Show တစ်ခုမှာ ပါဝင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီ Show ထဲမှာဆိုရင် သူမဟာ Nazaré Tedesco ဆိုတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့ပြီး နက်နက်ရှိုင်းရှိုင်းတွေးနေတဲ့ ဇာတ်ဝင်ခန်းတစ်ခုဟာ Meme တွေ မှာ ပျံ့နှံ့သွားပြီး လူသိများလာခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄။ “Please, tell me more.”

Gene Wilder ကတော့ ( ၁၉၇၁ ) ခုနှစ် တုန်းက ရိုက်ကူးခဲ့တဲ့ Willy Wonka & the Chocolate Factory ဆိုတဲ့ ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ဇာတ်ဝင်ခန်းတစ်ခုထဲမှာ Gene ပြောခဲ့တဲ့ “Please, tell me more.”ဆိုတဲ့ စကား နဲ့ အမူအရာဟာ Meme တွေ မှာ လူသုံးများလာခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅။ Grumpy Cat

ပုံထဲက မျက်နှာ စူပုတ်ပုတ်နဲ့ စိတ်ဆိုးနေတဲ့ ကြောင်လေးရဲ့ နာမည်ကတော့ Tardar Sauce ဖြစ်ပြီး သူ့ရဲ့ ပုံလေးကို Reddit မှာ post တင်ခဲ့ရာကနေ လူသိများလာခဲ့တာပဲ ဖြစ်ပါတယ် ။ လူတော်တော်များများက ဒီပုံလေးကို ကြည့်ပြီး Photoshop နဲ့ ပြုပြင်ထားတယ်လို့ ထင်ခဲ့ကြပေမယ့် တစ်ကယ့် အမှန်ကတော့ Tardar လေးရဲ့ မျက်နှာကိုက ဒီလိုမျိုး အမြဲ စူပုတ်ပုတ် ပုံစံမျိုး ဖြစ်နေတာပါတဲ့ ။ shwekhitonlinetv.com

နောက်ပိုင်းမှာတော့ Tardar လေးကို ချစ်တဲ့ Fan တွေများလာတာကြောင့် သူ့ရဲ့ သခင်ဖြစ်သူက Tardar ရဲ့ ပုံတွေကို လူမှုကွန်ယက်ပေါ်မှာ တင်ပေးခဲ့ရပါတယ်တဲ့ ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ အင်တာနက်ပေါ်က နာမည်ကြီးနေတဲ့ Meme တွေထဲက Character တွေရဲ့ တစ်ကယ့်အပြင်က အဖြစ်မှန်တွေကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလို စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာတွေကို ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။