မျိုးတုန်းပျောက်ကွယ် သွားနိုင်တဲ့ ရှားပါးသော အကောင်လေးများ

Shwe Khit ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ မကြာခင်မှာ မျိုးတုန်းပျောက်ကယ်သွားနိုင်တဲ့ အကောင်တွေအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒီအကောင်တွေထဲမှာဆိုရင် ပရိသတ်ကြီး သိထားပြီးသား အကောင်လေးတွေ အပြင် မသိဖူးသေးတဲ့ အကောင်လေးတွေ ပါ ပါဝင်လို့ တစ်ပုံချင်းစီ ကြည့်လိုက်ပါဦးနော်… shwekhitonlinetv.com

၁။ ဂေါ်ရီလာ မျောက်ဝံဖြူ

အခုမြင်နေရတဲ့ ဂေါ်ရီလာ မျောက်ဝံကိုတော့ Snowflake လို့ ခေါ်ပြီး Albino ဖြစ်နေတဲ့ မျောက်ဝံ အမျိုးအစားထဲက ဖြစ်ပါတယ်။ Snowflakeဟာ အသက် (၃၆) နှစ်ရှိပြီဖြစ်ပြီး ဘာစီလိုနာမြို့က တိရစ္ဆာန်ရုံမှာ နေထိုင်နေတာပါ ။ သူ့ရဲ့ မျိုးစိတ်ပျောက်ကွယ်သွားမှာစိုးလို့ မျောက်ဝံ အမ ၃ ကောင်နဲ့ မျိုးပွားပြီး မွေးဖွားထားတဲ့ ကလေးသားပေါက်လေးတွေလည်း ရှိပါတယ်။ shwekhitonlinetv.com

၂။ SunfishOcean

Sunfish ဒါမှမဟုတ် Mola လို့ခေါ်တဲ့ ဒီငါးလေးတွေကို ကြည့်ရတာ ကြီးမားလှတဲ့ ဖယောင်းတုံးကြီး တစ်တုံးနဲ့တောင် တူနေပါသေးတယ် ။ ဒါ့အပြင် သူတို့ဟာ လက်ရှိ ကမ္ဘာပေါ်က အရိုးအများဆုံးသော ငါးတွေထဲမှာ အကြီးဆုံး ငါးမျိုးစိတ်လည်း ဖြစ်ပါတယ်။ Sunfish တွေဟာ မွေးစတည်းက အနောက်ဘက်ပိုင်းမှာ ရေယက် ပါပေမယ့်လည်း အရွယ်ရောက်တဲ့အထိ ဒီရေယက်တွေဟာ မကြီးထွားလာနိုင်ပါဘူး ။ shwekhitonlinetv.com

၃။ မျောက်နှာခေါင်းတို

ဒီမျောက်လေးတွေရဲ့ ထူးခြားချက်ကတော့ တိုပြီး လန်နေတဲ့ သူတို့ရဲ့ နှာခေါင်းကြောင့်ပါပဲ ။ ပုံစံကလည်း ထူးခြားတဲ့ အပြင် ကမ္ဘာ့ အန္တရာယ်အပေးနိုင်ဆုံး ပရိုင်းမိတ်မျိုးနွယ်ထဲမှာလည်း ပါဝင်ပါသေးတယ် ။ shwekhitonlinetv.com

၄။ Coelacanth

သိပ္ပံပညာရှင်တွေ လေ့လာတွေ့ရှိထားတဲ့ အချက်ကတော့ Coelacanth လို့ခေါ်တဲ့ ဒီငါးမျိုးစိတ်တွေဟာ ရေနက်ပိုင်းမှာသာ အနေများတဲ့ မျိုးစိတ်ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်သိန်းပေါင်း ၇၀ လောက်တည်းက ရှိခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ် ။ ၂၀၀၁ ခုနှစ်တုန်းက ငါးဖမ်းသမားတစ်ယောက် ဖမ်းမိခဲ့တဲ့ အကောင်ဆိုရင် ပေါင် ၁၇၀ အလေးချိန်တောင် ရှိပါတယ်တဲ့ ။ shwekhitonlinetv.com

၅။ ဆူမာတြာ ကြံ့

ဆူမာတြာ ကြံ့ တွေဟာဆိုရင် ကြံ့မျိုးစိတ်တွေထဲမှာ အသေးဆုံး ဖြစ်ပြီး အမွှေးအထူဆုံးလည်း ဖြစ်ကာ ပျမ်းမျှအရပ်ဟာ ၁၀၀ ကနေ ၁၅၀ စင်တီမီတာ အထိသာရှိပါတယ် ။ သူတို့ဟာ ရွှံ့ထဲလူးနေရတာကို အတော်လေး သဘောကျကြပြီး တစ်နေ့ကို မိနစ်ပေါင်း ၃၀၀ လောက် က ရွှံ့ထဲမှာပဲ အချိန်ဖြုန်းနေကြတာ ဖြစ်ပါတယ်။ ဆူမာတြာ ကြံ့လေးတွေဟာ ကမ္ဘာပေါ်မှာ လက်ရှိ အကောင်ရေပေါင်း ၁၀၀ ကျော်အထိသာ ကျန်ရှိတော့တာကြောင့် မျိုးတုန်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ CassowaryCassowary

ငှက်အမျိုးအစားဟာဆိုရင် ကမ္ဘာပေါ်မှာ တတိယမြောက် အရပ်အရှည်ဆုံး ငှက်ဖြစ်တဲ့ အပြင် ကမ္ဘာ့ ဒုတိယမြောက် အလေးချိန် အများဆုံး ငှက်လည်း ဖြစ်ပါတယ် ။ ဒါ့အပြင် အန္တရာယ် အပေးနိုင်ဆုံးသော ငှက်တွေထဲမှာ ပါဝင်ပြီး သူတို့ရဲ့ ခြေသည်းနဲ့ တိုက်ခိုက်တာဟာ ပြင်းထန်လွန်းတာကြောင့် လူကိုသေစေနိုင်တဲ့ အထိတောင် အန္တရာယ် ဖြစ်စေနိုင်ပါတယ် ။ shwekhitonlinetv.com

၇။ ပင်လယ်လိပ်ကြီး

အခု မြင်နေရတဲ့ ပင်လယ်လိပ်ကြီးကတော့ လက်ရှိ ကမ္ဘာ့အကြီးဆုံး ပင်လယ်လိပ် ( ၅ ) ကောင်ထဲက တစ်ကောင်ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ပျမ်းမျှအလေးချိန်ဟာဆိုရင် ၁၃၀၀ ပေါင်လောက်ရှိပြီး ဒီအထဲက တစ်ကောင်ဆိုရင် အလေးချိန် ပေါင် ၂၀၀၀ ကျော်လို့ ကမ္ဘာ့စံချိန်စာရင်းထဲကိုတောင် ဝင်သွားပါသေးတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာပေါ်မှာ မျိုးတုန်းပျောက်ကွယ်နိုင်တဲ့ ရှားပါး အကောင်လေးတွေကို ရှာဖွေစုစည်းပြီး ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်.။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်….. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။