ကမ္ဘာအနှံ့က တစ်ချို့ လူမျိုးစုတွေရဲ့ ထူးခြားဆန်းပြားသော ရိုးရာဓလေ့များ

ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ ကမ္ဘာအနှံ့က တိုင်းရင်းသား လူမျိုးစုတို့ရဲ့ ထူးထူးဆန်းဆန်း ရိုးရာဓလေ့တွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ လူမျိုးစု တစ်ခုချင်းအလိုက် မတူညီတဲ့ ထူးခြားသော ရိုးရာဓလေ့တွေ အကြောင်းကို ဖော်ပြပေးထားတာမို့ ဗဟုသုတရအောင် လေ့လာကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

၁။ မာယာ လူမျိုးစုရဲ့ ချွန်ထက်နေသော သွား

အခုမြင်နေရတာကတော့ မာယာ တိုင်းရင်းသူတစ်ဦးရဲ့ ချွန်ထက်နေတဲ့ သွားပဲ ဖြစ်ပါတယ် ။ တစ်ကယ်တော့ အခုလိုမျိုး သွားတွေကို ချွန်ထက်အောင် ထားတဲ့ ဓလေ့ဟာ သူတို့လူမျိုးစုရဲ့ တင်းတင်းကျပ်ကျပ် ချမှတ်ထားတဲ့ စည်းကမ်းတစ်ခုတော့ မဟုတ်ပါဘူး ။ shwekhitonlinetv.com

မာယာလူမျိုးတွေ အတွက်ကတော့ ချွန်ထက်နေတဲ့ သွားတွေဟာ မျိုးနွယ်စုအတွင်း ရာထူးအဆင့်အတန်းကို ဖော်ပြတဲ့ အပြင် သွားတွေက ပိုပြီးချွန်လေ ကြည့်လို ပိုကောင်းလေပဲလို့ ယုံကြည်ထားကြပါတယ် ။ shwekhitonlinetv.com

၂။ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားထွင်းတဲ့ အာဖရိကတိုက်က လူမျိုးစုတစ်ချို့

အာဖရိကတိုက် အတွင်းက လူမျိုးစုတစ်ချို့ဟာဆိုရင် သူတို့ရဲ့ ကိုယ်ပေါ်မှာ စွန့်လွှတ်အနစ်နာ ခံခြင်းကို ပြသတဲ့အနေနဲ့ အမှတ်အသား ထွင်းလေ့ရှိပါတယ်။ Dinka လို့ ခေါ်တဲ့ လူမျိုးစုတစ်ခုမှာဆိုရင် အမျိုးသမီးတွေဟာ အလှတရားရဲ့ သင်္ကေတအဖြစ် မျက်နှာပေါ်မှာ အမာရွတ် အမှတ်အသားတစ်ချို့ကို ပြုလုပ်ထားကြပါတယ် ။ အမျိုးသားတွေကတော့ ယောကျာ်းပီသကြောင်း ဖော်ပြတဲ့အနေနဲ့ လိုင်း ( ၃ ) လိုင်းကို အမာရွတ်အနေနဲ့ ကိုယ်ပေါ်မှာ ထွင်းထားပါတယ် ။ shwekhitonlinetv.com

၃။ နားပေါက်အကြီး ကြီး ဖောက်ကြတဲ့ လူမျိုးစု

တစ်ချို့သော လူမျိုးစုတွေဟာဆိုရင် ပုံမှာ မြင်ရတဲ့အတိုင်း သူတို့ရဲ့ ရိုးရာဓလေ့တွေအရ ကြည့်လို့ လှစေရန် နားပေါက်တွေကို အကြီး ကြီး ဖောက်ပြီး ဝတ်ဆင်ကြပါတယ် ။ နောက်ထပ်အယူတစ်ခုကတော့ အခုလိုမျိူး နားဖောက်ထားတာဟာ မကောင်းဆိုးဝါးရန်နဲ့ မကောင်းတဲ့ စိတ်တွေ ဝင်မလာအောင် ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ် ။ shwekhitonlinetv.com

၄။ ပါးစပ်မှာ အပေါက်အကြီးစား ဖောက်ထားတဲ့ Kursi လူမျိုးစု

အီသီယိုးပီးယား နိုင်ငံအတွင်း မှာ နေထိုင်တဲ့ Kursi လူမျိုးစုတွေရဲ့ ရိုးရာဓလေ့ကလည်း အတော်လေးကို ထူးဆန်းလှပါတယ် ။ အခုလိုမျိုး ပါးစပ်ကို အပေါက်ဖောက်ပြီး ဝတ်ဆင်တာဟာ ( ၈,၇၀၀ ) ဘီစီ အချိန်လောက်တည်းက စတင်ခဲ့တဲ့ ဓလေ့ဖြစ်ပြီး ယနေ့အချိန်အထိလည်း ရှိနေပါသေးတယ် ။ shwekhitonlinetv.com

၅။ နှာခေါင်းမှာ အပေါက်ဖောက်ထားတဲ့ အပါတနီ လူမျိူးစု

အပါတနီ လူမျိုးစုတွေရဲ့ ရိုးရာဓလေ့ကတော့ အမျိုးသမီးတွေရဲ့ နှာခေါင်းမှာ အပေါက်ဖောက်ထားကြတာပဲ ဖြစ်ပါတယ် ။ ဒီလို လုပ်ရတဲ့ အကြောင်းကတော့ တစ်ခြားလူမျိုးစုက အမျိုးသားတွေ ရဲ့ အဓမ္မကျင့်တာ ၊ ပြန်ပေးဆွဲတာမျိုး မဖြစ်အောင်နဲ့ သူတို့ကို စိတ်မဝင်စားအောင် အခုလိုမျိုး အပေါက်ဖောက်ထားတာလို့ သိရပါတယ် ။ နောက်ပိုင်းခေတ်မှာတော့ အပါတနီ လူမျိူးစုတွေဟာ ဒီလိုမျိုး ဓလေ့တွေ သိပ်မရှိတော့ပါဘူး ။ shwekhitonlinetv.com

၆။ ရှေးခေတ်တရုတ်လူမျိုးတွေရဲ့ ရိုးရာတစ်ခု

ရှေး အရင်ခေတ်တွေတုန်းက တရုတ်အမျိုးသမီးတွေဟာ အဆင့်အတန်း မြင့်မားတာကို ပြသဖို့အတွက် ခြေချောင်းတွေကို ချည်နှောင်ပြီး ပုံဖော်ထားလေ့ရှိပါတယ်။ ဒီဓလေ့ဟာ ၂၀ ရာစုအရောက်မှာတော့ တင်းတင်းကျပ်ကျပ်နဲ့ ပိတ်ပင်တားမြစ်ခဲ့ရပါတယ်။ shwekhitonlinetv.com

၇။ ဦးခေါင်းကြီးအောင် လုပ်ကြတဲ့ လူမျိုးစု

သုတေသနပညာရှင်တွေဟာ ရှေးဟောင်း လူမျိုးစုတွေရဲ့ ထူးထူးဆန်းဆန်း ဦးခေါင်းခွံတစ်ချို့ကို အီရတ် ၊ အီဂျစ်နဲ့ ပီရူး နိုင်ငံတို့မှာ ရှာဖွေ တွေ့ရှိခဲ့ပါတယ် ။ သမိုင်းကြောင်းတွေအရတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၄, ၅၀၀၀ ) လောက်က ရှိခဲ့တဲ့ ဓလေ့တစ်ခုဖြစ်ပြီး အဆင့်အတန်း မြင့်မားတာကို ပြဖို့အတွက် လုပ်ကြတာ ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ယူဆထားကြပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာအနှံ့က လူမျိုးစုတွေရဲ့ ထူးခြားဆန်းပြားတဲ့ ရိုးရာဓလေ့တွေ အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ ဒီဘက်ခေတ်က လူတွေရဲ့ အမြင်မှာတော့ ဒီလိုမျိုး ရိုးရာဓလေ့တွေဟာ တစ်မျိုးကြီး ဖြစ်နေတယ်လို့ ထင်ရပေမယ့် သူတို့ရဲ့ ယုံကြည်မှုနဲ့ ဓလေ့တွေကိုတော့ လေးစားပေးသင့်ပါတယ် ။ shwekhitonlinetv.com

နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ဗဟုသုတ ရစေမယ့် အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာ မို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply