သမိုင်းတွင်ခဲ့တဲ့ မယုံနိုင်စရာ ကြိုးတန်းလမ်းလျှောက်မှုများ

ကြိုးတမ်းလမ်းလျှောက် တာကိုတော့လူအတော်များများ မြင်တွေ့ဖူးကြသလို အတော်လေးလဲ သဘောကျနှစ်သက်ကြမယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကြိုးတန်းလမ်းလျှောက်တာကို ကြည့်ရှုရတာ အသည်းတယားယား ရင်တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားဖို့အရမ်းကောင်းလို့လေ။ ခေတ်ကာလတွေ​ရွေ့လျားပြောင်းလဲလာခြင်းနဲ့အတူပဲ ကြိုးတန်းလမ်းလျှောက်တဲ့သူတွေဟာလည်း ဆန်းသစ်တဲ့ တီထွင်ဖန်တီးမှုတွေနဲ့ စွန့်စားဖို့၊ ဖျော်ဖြေတင်ဆက်ဖို့ ကြိုးစားလာကြပါတယ်။ ဒီလိုမျိုးကြိုးစားအားထုတ်မှုတွေထဲကမှ အထင်ရှားဆုံးနဲ့ သမိုင်းတွင်ခဲ့တဲ့ ကြိုးတန်းလမ်းလျှောက်မှုတွေကို ဖော်ပြရမယ်ဆိုရင်တော့ ….. shwekhitonlinetv.com

၁။ Pearl River – (1,640) feet

Adili Wuxor လို့အမည်ရတဲ့ ဒီလူကိုတော့ တရုတ်နိုင်ငံမှာ “ကြိုတန်းလမ်းလျှောက်မင်းသား” ဆိုပြီး လူသိများပါတယ်။ သူဟာ ၂၀၁၃ ခုနှစ်အတွင်းမှာ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်မှာရှိတဲ့ ပုလဲမြစ်ကိုဖြတ်သန်းပြီး ကြိုးတန်းလမ်းလျှောက်ပြခဲ့တဲ့ သူလည်းဖြစ်ပါတယ်။ Wuxor ဟာ မြစ်အထက် အမြင့်ပေ (၃၀၀) လောက်မှာ တစ်လက်မသာသာရှိတဲ့ ကြိုးတန်းကို အသုံးပြုပြီး မြစ်ကိုဖြတ်ကူးပြခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ကျွမ်းဘားကစားသမား မျိုးနွယ်ကနေဆင်းသက်လာတဲ့ Wuxor ဟာ ဒီလိုမျိုး ပုလဲမြစ်ကို အောင်မြင်စွာဖြတ်ကူးနိုင်ဖို့အတွက် တရုတ်နိုင်ငံက နာမည်ကျော်ငှက်သိုက် အားကစားရုံမှာရက်ပေါင်း (၆၀) လောက်ပြင်ဆင်လေ့ကျင့်ခဲ့ရတယ်လို့ သိရပါတယ်။ China Daily ရဲ့အဆိုအရတော့ Wuxor ဟာ ဒီအားကစားရုံရဲ့ ထိပ်ဖျားက အခန်းငယ်တစ်ခုထဲမှာ နေထိုင်ပြီး တစ်နေ့ကို (၄) နာရီကနေ (၅) နာရီလောက်အထိလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ နောက်ပြီး သူဟာ လေထန်နေတဲ့အချိန်မျိုးမှာတောင် လေ့ကျင့်မှုကို မရပ်နားဘဲ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒီလိုလေ့ကျင့်မှုကြောင့်လည်းသူ့အနေနဲ့ မြစ်ကိုအောင်မြင်စွာဖြတ်ကူးနိုင်ခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Wisconsin State Fair – (1,576) feet

လက်ရှိအချိန်မှာ အသက် (၄၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်နိုင်ငံသား Nik Wallenda ဟာ ဂင်းနစ်ကမ္ဘာ့စံချိန်တင်နိုင်မယ့် ကြိုးတန်းလမ်းလျှောက်မှုတစ်ရပ်ကို ၂၀၁၅ ခုနှစ်မှာပြုလုပ်နိုင်ခဲ့ပါတယ်။ ဆပ်ကပ်မိသားစုတစ်ခုကနေပေါက်ဖွားလာခဲ့တဲ့ Nik ဟာ သူတို့အမျိုးတွေထဲမှာ ကြိုးတန်းလမ်းလျောက်ရင်း မတော်တဆပြုတ်ကျသေဆုံးခဲ့သူတွေရှိခဲ့ပေမယ့် ဒီလမ်းကိုပဲလျှောက်ဖို့ ရွေးချယ်ခဲ့တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

သူဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ သူ့အသက် (၃၆) နှစ်အရွယ်မှာတော့ အမေရိကန်နိုင်ငံ မြောက်ပိုင်းက အများပြည်သူအပန်းဖြေကစားကွင်းတစ်ခုဖြစ်တဲ့ Wisconsin State Fair Park မှာ ပေ (၁,၅၀၀) ကျော်လောက်ကို အသက်ကယ်ပစ္စည်းလုံးဝမပါလဲ အလွတ် ကြိုးတန်းလမ်းလျောက်ပြခဲ့တာပဲဖြစ်ပါတယ်။ ဒါတင် မကသေးပါဘူး။ Nik ဟာ သူ့ညီမ Lijana နဲ့အတူ နိုင်ရာဂရာ ရေတံခွန်၊ ဂရင်းကန်နွန်ချောက်၊ Time Square စတဲ့နေရာတွေမှာလည်း ထူးခြားတဲ့ ကြိုးတန်းလျောက်မှုတွေကို ပြုလုပ်ခဲ့တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Times Square – (1,300) feet

Lijana Wallender လို့အမည်ရတဲ့ သူမကိုတော့ကြိုးတန်းလမ်းလျှောက်လောကမှာ အတော်လေးလူသိများပါတယ်။ သူမဟာ သူမရဲ့အစ်ကိုဖြစ်တဲ့ Nik Wallender နဲ့အတူ ရင်သပ်ရှုမောဖွယ် ကြိုးတန်းလမ်းလျှောက်မှုပေါင်းများစွာကို ၂၀၁၉ ခုနှစ်အတွင်းမှာ ပြုလုပ်ပြခဲ့တဲ့သူလည်းဖြစ်ပါတယ်။ သူမအနေနဲ့ ဒီလိုမျိုး Time Square မှာအောင်မြင်စွာကြိုးတန်းလမ်းလျှောက်မပြနိုင်ခင် သုံးနှစ်လောက်အလိုက မတော်တဆမှုတစ်ခုကြောင့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ဖူးပါတယ်။ သူမဟာ ကြိုးတန်းလမ်းလျောက် လေ့ကျင့်ရေးပြုလုပ်နေစဥ် ပေ (၃၀) လောက်အမြင့်ကနေပြုတ်ကျခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုပြုတ်ကျခဲ့တာကြောင့် သူမရဲ့မျက်နှာက အရိုးတွေအားလုံးနီးပါး ကျိုးကြေခဲ့ရပါတယ်။ shwekhitonlinetv.com

သူမအနေနဲ့ အထူးကုသကြပ်မတ်မှုတေကို နှစ်နဲ့ချီပြီးခံယူခဲ့တဲ့နောက်မှာတော့ အာရုံကြောတစ်ချို့အနည်းငယ်ချို့ယွင်းတာကလွဲရင် လူကောင်းနီးပါး ပြန်လည်ကျန်းမာလာခဲ့တယ်လို့သိရပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်တဲ့ Lijana ဟာ​ဒဏ်ရာကပြန်လည်သက်သာလလာတဲ့အချိန်မှာ ပေ (၃၀၀) ကျော်မြင့်တဲ့ Time Square အဆောက်အအုံမှာ ပေ (၁,၃၀၀) အကွာအဝေးကိုအောင်မြင်စွာ ကြိုးတန်းလမ်းလျှောက်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီကြိုးတန်းလမ်းလျှောက်မှုကို တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တဲ့ CNN သတင်းဌာနက သတင်းထောက်တစ်ယောက်ရဲ့ပြောဆိုမှုအရတော့ သူမဟာ ကြိုးတန်းလမ်းမလျှောက်ခင် “ဒါကိုငါလုပ်နိုင်တယ်”၊ “ဒါကိုငါလုပ်နိုင်တယ်” ဆိုပြီး သူမကိုယ်သူမ အားပေးနေခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၄။ Great American Bazaar – (206) days

သူကတော့ အထက်မှာ ဖော်ပြခဲ့တဲ့သူတွေနဲ့ မတူဘဲတစ်မူထူးခြားတဲ့သူဖြစ်ပါတယ်။ လေထဲမှာ (၆) လကျော်နေပြခဲ့တဲ့သူပဲဖြစ်ပါတယ်။ အတိအကျပြောရရင်တော့ ရက်ပေါင်း (၂၀၆) ရက်ကြာလေထဲမှာနေပြီးကြိုးတန်းလမ်းလျှောက်ကာ Great American Bazaar Shopping Mall မှာ စျေးဝယ်လာတဲ့သူတွေကို ဖျော်ဖြေခဲ့ပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ Jorge Ojeda-Guzman လို့ခေါ်တဲ့ ဒီအမျိုးသားဟာ (၃) စတုရန်းပေ လောက်သာကျယ်ဝန်းတဲ့ လေပေါ်ကတိုင် လေးမှာနေပြီး ရက်ပေါင်း (၂၀၀) ကျော်ကြိုးတန်းလမ်းလျှောက်နေခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီအတွက် Shopoing Mall ကတာဝန်ရှိသူတွေဟာ သူ့ကိုလစာအပြင် အပိုဆုကြေး ဒေါ်လာ (၁၀,၀၀၀) ပေးရပါတယ်။ ဒါ့အပြင် စားစရာ၊ သောက်စရာတွေနဲ့ ရွေ့လျားအိမ်သာကိုလည်း Cherry-Picker လို့ခေါ်တဲ့ ကရိန်းလေးနဲ့ သူ့ဆီကိုပို့ဆောင်ပေးခဲ့ရပါတယ်။ ဒီလိုမျိုးသူလုပ်ပြခဲ့တဲ့ အချိန်က ၁၉၉၃ ခုနှစ်ကဖြစ်ပြီး သူ့ကိုကြည့်ရှုသူဆိုလို့ မှတ်တမ်းကင်မရာလေးတွေနဲ့ စျေးကိုလာတဲ့သူတွေသာရှိပါတယ်။ ဒီနေ့လို Social Media တွေခေတ်ကောင်းနေတဲ့ ကာလမျိုးမှာဆိုရင်တော့ သူ့ရဲ့ စတန့်ကို ကမ္ဘာတစ်ဝန်းက ကြည့်ရှုမြင်တွေ့နိုင်မှာ မလွဲမသွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။