အနာဂတ်မှာ လူသားတွေ စားသုံးလာနိုင်တဲ့ ထူးထူးဆန်းဆန်း အစားအစာ (၅) မျိုး

Shwe Khit ပရိသတ်ကြီးရေ အခုတစ်ခါပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ နောင်လာမယ့် အနာဂတ်မှာ လူသားတွေ စားသုံးလာနိုင်ချေရှိတဲ့ အဆင့်မြင့်နည်းပညာတွေနဲ့ ဖန်တီးထားတဲ့ အစားအစာတွေ အကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ် ။ ဘယ်လို ထူးဆန်းတဲ့ အစားအစာတွေ ပါမလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ အင်းဆက်များ

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ အစီရင်ခံစာအရ အင်းဆက်တွေကို လူပေါင်း ၂ ဘီလျံလောက်က စားသုံးနေကြတယ်လို့ သိရပါတယ် ။ တစ်ချို့လူတွေ အတွက်ကတော့ အင်းဆက်တွေကို စားရတာ မကြိုက်ကြပေမယ့် ဒီအင်းဆက်တွေမှာဆိုရင် အဆီဓာတ် ၊ ပရိုတင်း ဓာတ် ၊ ဗီတာမင် ဓာတ် ၊ အမျှင် နှင့် သတ္ထုဓာတ်များစွာ ပါဝင်တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

နောက်ပြီး မွေးမြူရေး တိရစ္ဆာန်အသားတွေကို စားခြင်းထက် အင်းဆက် ပိုးမွှားတွေကို စားသုံးခြင်းဟာ  သဘာ၀ ပတ်ဝန်းကျင်ကို ပိုပြီး ထိန်းသိမ်းရာ ရောက်တဲ့အပြင် အရသာဟာ ဆိုရင်လည်း ပန်းသီး ၊ ဝက်ဆားနယ်ခြောက် ၊ မြေပဲထောပတ်နဲ့ ငါးတို့လိုမျိုး အရသာရှိတယ်လို့ သိရပါတယ် ။ shwekhitonlinetv.com

၂။ ရေညှိ

ရေညှိတွေမှာဆိုရင် Omega 3 fatty အက်ဆီဓာတ် ပမာဏ အမြောက်အမြား ပါဝင်တဲ့ အပြင် ကျန်းမာရေး အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရ များစွာလည်း ပါဝင်ပါသေးတယ် ။ ဒီဇိုင်းတီတွင်သူတွေ ဖြစ်ကြတဲ့ Michael Burton နဲ့ Michiko Nitta တို့ကတော့ သူတို့တီထွင်ထားတဲ့ အထူးမျက်နှာဖုံးကို ဝတ်ဆင်လိုက်မယ်ဆိုရင် အသက်ရှုသွင်း လုပ်နေရုံနဲ့ ကိုယ်ပိုင်ရေညှိတွေကို စိုက်ပျိုးနိုင်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ် ။ shwekhitonlinetv.com

ဒီမျက်နှာဖုံးကိုတော့ လန်ဒန်မြို့က V&A ပြတိုက်မှာ တင်ဆက်တဲ့ ဖျော်ဖြေပွဲတစ်ခုအတွင်း အော်ပရာ အဆိုတော်တစ်ယောက်ကို ဝတ်ဆင်စေပြီး လက်တွေ့ သရုပ်ပြခဲ့ပါတယ် ။ shwekhitonlinetv.com

၃။  ဓာတ်ခွဲခန်းထဲကနေ ဖန်တီးထားတဲ့ အသား

ဓာတ်ခွဲခန်းထဲကနေ ဖန်တီးထားတဲ့ အသားတွေကို ထုတ်လုပ်မယ်ဆိုရင် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မှာပဲ ဖြစ်ပါတယ် ။ ဘယ်လို ပြဿနာမျိုးတွေလဲဆိုတော့ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှင့်မှု ၊ ငါးအလွန်အကျွံ ဖမ်းခြင်း နဲ့ တိရစ္ဆာန်အသား ထုတ်လုပ်မှု သက်သာချောင်ချိရေးတို့ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

Memphis Meats လို့ခေါ်တဲ့ ကုမ္ပဏီကတော့ တိရစ္ဆာန်တွေရဲ့ ပင်မ ဆဲလ်တွေကို အသုံးပြုထားပြီး ဓာတ်ခွဲခန်းအတွင်းကနေ ဖန်တီးထားတဲ့ အသားလုံးတွေကို စတင် ထုတ်လုပ်နေပြီပဲ ဖြစ်ပါတယ် ။ ဒီအသားလုံးတွေရဲ့ တန်ဖိုးကတော့ ( 450 ) ဂရမ်ကို ဒေါ်လာ ၂၄၀၀ ကျသင့်မှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄။ စားသုံးလို့ ရတဲ့ ရေ အလုံးလေးများ

လန်ဒန်အခြေစိုက် ပင်လယ်ရေမှော် လုပ်ငန်း နည်းပညာ ကုမ္ပဏီကတော့ ပလတ်စတစ် ပုလင်းတွေကို ပင်လယ်ရေမှော် နဲ့ ပေါင်းစပ်ဖန်တီးထားပြီး စားသုံးလို့ရတဲ့ ရေ အလုံးလေးတွေ ဖြစ်အောင် အစားထိုး ထုတ်လုပ်နေတာပဲ ဖြစ်ပါတယ် ။ ကုမ္ပဏီရဲ့ ပြောကြားချက်အရ ဒီ ရေအလုံးလေးတွေကို စားသုံးလို့ရတဲ့ အပြင် အလှကုန်ပိုင်းဆိုင်ရာမှာလည်း အသုံးပြုလို့ ရပါတယ်တဲ့ ။ shwekhitonlinetv.com

၅။ ငါး နှင့် ပင်လယ်စာ အတုများ

( ၂၀၀၂ ) ခုနှစ်တုန်းက Touro ကောလိပ်မှာရှိတဲ့ သိပ္ပံပညာရှင်တွေဟာ ရွှေငါး တွေရဲ့ ကြွက်သားကို FBS လို့ခေါ်တဲ့ သွေးရည်ကြည်ထဲ နှစ်လိုက်တဲ့ အခါမှာတော့ သေးငယ်တဲ့ ငါးအသာလွှာတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ် ။ shwekhitonlinetv.com

New Wave Food လို့ ခေါ်တဲ့ ကုမ္ပဏီကတော့ ပင်လယ် ရေညှိကို အခြေခံပြီး အစားထိုး ဖန်တီးထားတဲ့ ပုဇွန်အတု ၊ ကျောက်ပုဇွန်အတုနဲ့ ဂဏန်း အတုတွေကိုပါ ဖန်တီးနိုင်ခဲ့ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ နောင် အနာဂတ်ကာလမှာ လူသားတွေ စားသုံးလာနိုင်တဲ့ အစားအစာတွေ အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။  

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။