ရေချိုးနေရင်း သီချင်းဆိုရင် ရရှိလာမယ့် ကောင်းကျိုး (၆) မျိုး

ဩစတေးလျနိုင်ငံက သုတေသန ပညာရှင်များရဲ့ ပြောကြားချက်အရ လူ ( ၅ ) ယောက်လောက်မှာ ( ၁ ) ယောက် ကတော့ ရေချိုးခန်းထဲ ရောက်ရင် အားရပါးရ သီချင်းဆိုလေ့ရှိတယ်လို့ ပြောကြပါတယ် ။ ဒီအထဲမှာမှ တစ်ချို့တွေဆိုရင် သူတို့အသံနဲ့ သီချင်းဆိုပြိုင်ပွဲတွေမှာ ဝင်ပြိုင်ရင် winner ဖြစ်နိုင်တယ်လို့တောင် ယုံကြည်ချက် ရှိကြပါတယ်တဲ့ ။ shwekhitonlinetv.com

ဒါ့ကြောင့် အခုတစ်ခေါက်မှာတော့ အသံကောင်းတဲ့သူရော ၊ အသံမကောင်းတဲ့သူရော ရေချိုးခန်းထဲမှာ သီချင်းဘာကြောင့် ဆိုသင့်လဲဆိုတာကို ဗဟုသုတအဖြစ်ဖော်ပြပေးမှာမို့လို့ တစ်ခုချင်းစီ ဖတ်ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ သွေးဖိအားကို လျော့ချပေးနိုင်ခြင်း

သီချင်းဆိုခြင်းဟာဆိုရင် ကိုယ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာကို တည်ငြိမ်အေးဆေး ဖြစ်စေပြီး သွေးပေါင်ချိန်ကို ပုံမှန် ဖြစ်စေပါတယ် ။ နောက်ပြီး အားရပါးရ သီချင်းအော်ဆိုလိုက်မယ်ဆိုရင် cortisol ဟော်မုန်း ဓာတ်ကို လျော့ချပေးတယ်လို့ သိရပါတယ် ။ shwekhitonlinetv.com

Cortisol ဆိုတာ ဟော်မုန်းတစ်မျိုး ဖြစ်ပြီး သွေးဖိအားနဲ့ သွေးတွင်း သကြားဓာတ်ကို မြင့်တက်စေတဲ့ ဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ် ။ ခန္ဓာကိုယ်ထဲမှာ cortisol ဟော်မုန်းတွေ များနေပြီဆိုရင် စိတ်ဖိစီးမှုများခြင်း ၊ လေဖြတ်ခြင်းနဲ့ ဆီးချို Type 2 တို့ ဖြစ်ပွားနိုင်ပါတယ် ။ shwekhitonlinetv.com

၂။ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ခြင်း

သိပ္ပံပညာရှင်များရဲ့ အဆိုအရ သီချင်းဆိုခြင်းဟာ ကိုယ်တွင်းက ဗိုင်းရပ်စ်တွေကို တိုက်ခိုက်တဲ့အခါ အကူအညီ ဖြစ်စေတယ်လို့ သိရပါတယ် ။ ဘယ်လိုမျိုးလဲဆိုတော့ ရောဂါကူးစက်နိုင်မှုကို ကာကွယ်ပေးနိုင်တဲ့ immunoglobin A ကို များပြားလာအောင် ကူညီပေးနိုင်တာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ရေချိုးခန်းထဲရောက်ရင် ကိုယ်သဘောကျတဲ့ သီချင်းတွေကို ဆိုကြည့် သင့်ပါတယ်နော် ။ shwekhitonlinetv.com

၃။ စိတ်ဖိစီးမှုကို လျော့ချပေးနိုင်ခြင်း

ဆွီဒင်နိုင်ငံက ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိမှု တစ်ခုမှာတော့ သီချင်းဆိုခြင်းဟာဆိုရင် စိတ်ပိုင်းဆိုင်ရာကို တည်ငြိမ်စေပြီး နှလုံးခုန်နှုန်းကိုလည်း နှေးကွေးပေးနိုင်ပါတယ် ။ ဒါ့အပြင် စိုးရိမ်ကြောက်လန့်ရတဲ့ စိတ်ခံစားမှုတွေကို တိုက်ထုတ်ပေးနိုင်သော oxytocin ဆိုတဲ့ ဓာတ်တစ်မျိုးကိုလည်း ထုတ်လွှင့်ပေးပါသေးတယ်တဲ့ ။ shwekhitonlinetv.com

နောက်ပြီး ရေချိုးနေရင်း သီချင်းဆိုနေမယ်ဆိုရင် စိတ်ဓာတ်ကျခြင်း နဲ့ အထီးကျန်တဲ့ ခံစားချက်တွေကို လျော့ချပေးနိုင်ပြီး ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို ပွေ့ဖက်ထားရတဲ့ ခံစားမှုမျိုးကို ရစေတယ်လို့ ပညာရှင်တွေက ပြောပြထားပါတယ် ။ shwekhitonlinetv.com

၄။ နာကျင်မှုတွေကို လျော့ချပေးနိုင်ခြင်း

လူသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာ တစ်ခု နဲ့ တစ်ခု ဆက်စပ်နေတယ်ဆိုတာ သိပါသလား ? တစ်ကယ်လို့ ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်းတစ်ပုဒ်ကို ဖွင့်ပြီး လိုက်ဆိုမယ်ဆိုရင် စိတ်ကို တည်ငြိမ်စေပြီး နာကျင်မှုတွေကို အနည်းငယ် မေ့ပျောက်စေနိုင်ပါတယ် ။ shwekhitonlinetv.com

ဒါ့အပြင် မကြာခဏ သီချင်းဆိုလိုက်ခြင်း အားဖြင့် ခန္ဓာကိုယ်တွင်းက ကြွက်သားတင်းမာမှုတွေကို ပိုမိုကောင်းမွန်စေနိုင်ပြီး မအီမသာ ခံစားမှုတွေကို တိုက်ထုတ်ပေးနိုင်သော endorphins ဆိုတဲ့ ဓာတ်တစ်မျိုးကိုလည်း ထုတ်လုပ်ပေးပါသေးတယ် ။ shwekhitonlinetv.com

၅။ ခန္ဓာကိုယ် ကြွက်သားတွေအတွက် ကောင်းမွန်ခြင်း

တစ်ကယ်လို့ သင်ဟာ သီချင်းဆိုနေတယ်ဆိုရင် သင့်ရဲ့ မျက်နှာနဲ့ လည်ပင်းက ကြွက်သားအများအပြားကို အသုံးချရပါတယ် ။ နောက်ပြီး သီချင်းဆိုခြင်းဟာဆိုရင် နံရိုးကြားထဲက ကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ပေးသလိုမျိူး လုပ်ပေးပါတယ် ။ shwekhitonlinetv.com

၆။ သင့်ရဲ့ အသံကို ပိုပြီး ကောင်းလာစေနိုင်ခြင်း

ရေချိူးခန်းဟာဆိုရင် ကိုယ်တစ်ယောက်တည်း လွတ်လွတ်လပ်လပ် သီချင်းဆိုလို့ အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါတယ် ။ နောက်ထပ် စိတ်ဝင်စားစရာ အကြောင်းတစ်ခုကတော့ ရေချိုးခန်း နံရံက ကြွေပြားတွေဟာ အသံကို စုပ်ယူနိုင်စွမ်း မရှိတဲ့ အတွက်ကြောင့် သင့်ရဲ့ အသံကို ကြာရှည်စွာ တုန်ခါစေနိုင်ပါတယ် ။ shwekhitonlinetv.com

အကြောင်းကတော့ ရေချိုးခန်းတွေက နေရာ အကျယ်ကြီး မဟုတ်တာကြောင့် သီချင်းဆိုလိုက်တဲ့အခါ သင့်ရဲ့ အသံကို အနိမ့်သံလေး အနည်းငယ် ပေါင်းထည့်ပေးသလိုမျိုး ဖြစ်သွားပြီး ပုံမှန်ထက် အသံ ပိုကောင်းသွားစေနိုင်ပါတယ် ။ shwekhitonlinetv.com

အခုလောက်ဆိုရင်တော့ ရေချိုးခန်းထဲရောက်ရင် ဘာကြောင့် အားရပါးရ သီချင်းဆိုသင့်လဲဆိုတဲ့ အကြောင်းရင်းကို သိကြလောက်ပြီ ထင်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာတွေကို ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Be the first to comment

Leave a Reply