သင်ကြားဖူးမှာ မဟုတ်တဲ့ ကမ္ဘာပေါ်က ထူးထူးဆန်းဆန်း အကြောင်းအရာများ

လူသားတွေနေထိုင်တဲ့ ကမ္ဘာကြီးမှာတော့ အံ့အားသင့်စရာ၊ ထူးခြားဆန်းပြားတဲ့ အကြောင်းအရာတွေဟာ လေ့လာလို့မကုန်ခမ်းနိုင်အောင် နေ့စဉ်နဲ့ အမျှဖြစ်ပေါ်လို့နေတာ အားလုံးလဲ အသိပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီတစ်ခေါက်ရွှေခေတ် ပရိသတ်တွေအတွက် တင်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့ အကြောင်းအရာလေးကတော့ အတော်လေးကို သိတဲ့သူနည်းမယ်လို့ ထင်တဲ့အကြောင်း အရာလေးပဲဖြစ်ပါတယ်။ ဘယ်လိုစိတ်ဝင်စား စရာအကြောင်း အရာလေးဖြစ်မလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်ကြပါဦးနော် …shwekhitonlinetv.com

၁။ တိုက်ဆိုင်ခြင်း

(၁၉၃၇) ခုနှစ်မှာ အမေရိကန် မီချီဂန် ပြည်နယ်က လမ်းသန့်ရှင်းရေးအလုပ်သမား Joseph Figlockဟာ လမ်းသန့်ရှင်းရေး ပြုလုပ်နေစဉ် အဆောက်အဦးတစ်ခုရဲ့ (၄) ထပ်မြောက်မှ ကလေးငယ်တစ်ဦး သူ့ကိုယ်ပေါ်သို့ပြုတ်ကျခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းစွာပဲ သူတို့နှစ်ဦးစလုံးဟာ ဒါဏ်ရာ တစ်ချို့ ရရှိခဲ့ပြီး အသက်ရှင်ခဲ့ပါတယ်။shwekhitonlinetv.com

ဒီလို ဖြစ်ပြီး နောက်တစ်နှစ်အကြာမှာလည်း သူဟာအခြား အဆောက်အဦးတစ်ခုနားတွင် သန့်ရှင်းရေးလုပ်နေတုန်း (၂) နှစ်သား ကလေးငယ်တစ်ဦး (၄) ထပ်အဆောက်အဦးရဲ့ ပြတင်းပေါက်ကပဲ ပြုတ်ကျလာတာကို Joseph Figlock ကတိုက်တိုက်ဆိုင်ဆိုင် ကယ်တင်နိုင်ပြန်ပါတယ်။အတော်လေးကို ရှားပါးလှတဲ့ ဖြစ်တောင့်ဖြစ်ခဲ တိုက်ဆိုင်မှုလို့ ဆိုရမှာပါ။ shwekhitonlinetv.com

၂။ မှိုဘီလူး

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း (၄၀၀၀) လောက်က ကမ္ဘာပေါ်မှာ မှိုဘီလူးသစ်ပင်များသာရှိလိမ့်မည်ဟု ပညာရှင်တွေကခန့်မှန်းထားကြပါတယ်။ အခုပုံမှာပြထားတာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၄၀၀) ခန့်က သက်တမ်းရင့် မှိုကြီးဖြစ်ပြီး အမေရိကန်နိုင်ငံ အော်ရီဂွန် ပြည်နယ်မှာတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Estádio Milton Corrêa

ဘရာဇီးနိုင်ငံမှာရှိတဲ့ Estádio Milton Corrêa ဟာ (၁၉၉၀) မှာတည်ဆောက်ပြီးစီးခဲ့တဲ့ အားကစားကွင်းတစ်ခုဖြစ်ပါတယ်။ ထူးခြားတာက ကမ္ဘာ့ အီကွေတာမျဉ်းဟာ ဒီကွင်းရဲ့ ကွင်းလယ်တည့်တည့်ကနေဖြတ်သန်း သွားတာဖြစ်ပါတယ်။ တိုက်ဆိုင်မှုလားတမင်ဖန်တီး ထားတာလားဆိုတာတော့ မဆိုနိုင်ပါဘူး။ shwekhitonlinetv.com

၄။ ထူးဆန်းတဲ့ ခွဲစိတ်ဆရာဝန်

James Berry ဟာ ဗြိတိသျှစစ်တပ် အတွင်းမှာ နာမည်ကျော်ကြားတဲ့ ခွဲစိတ်ဆရာဝန်တစ်ဦးအဖြစ် လူသိများလှပါတယ်။ သူနဲ့ပတ်သက်တဲ့ ထူးခြားတဲ့အချက်လေးကတော့ သူမသ-ဆုံးခင်အထိသူ့ကို အားလုံးက အမျိုးသားတစ်ဦးလို့ပဲ သိရှိ သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ သူသ-ပြီး ရင်ခွဲရုံ ရောက်တဲ့ အချိန်မှ သူဟာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း အံ့သြစွာနဲ့ သိရှိခဲ့ကြတာဖြစ်ပါတယ်။shwekhitonlinetv.com

၅။ Snapdragon ပန်း

Snapdragon လို့အမည်ရတဲ့ ဒီပန်းလေးတွေဟာ ဂရိခေတ် ကတည်း က ယုံကြည်ချက် အမျိုးမျိုးနဲ့ စိုက်ပျိုးခဲ့ကြပြီး ထူးဆန်းတဲ့ သဘာဝနဲ့ အသငွ်သဏ္ဍာန် ရှိပါတယ်။ အကြောင်းကတာ့ သူတို့က လူတွေနဲ့ တူလို့ဖြစ်ပါတယ်။ ဒီပန်းပွင့်လေးတွေ (ညှိုးနွမ်း) သေဆုံးသွားတဲ့အခါ ပွင့်ဖက်အောက်ခံ က လူသ- အရိုးခေါင်း ပုံပေါက်သွားတာကြောင့်ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ သစ်ပင်ထဲမှကလေး အလေ-င်းများ

အင်ဒိုနီးရှားမှာ Tana Toraja လို့အမည်ရတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ ဒီရွာလေးဟာ ရှေးဘုရင်တွေ ရဲ့ လက်အောက်ခံ မင်းညီမင်းသားတွေ အုပ်ချုပ်တဲ့ရွာလေးတစ်ခုပါ။ ယနေ့ချိန်ထိ ရှေးခေတ် အယူအဆတွေ မပျောက်သေးတဲ့ ရွာလေးဆိုရင်လည်းမမှားပါဘူး။
ဒီ အယူတွေထဲက အထူးဆန်းဆုံးတစ်ခုကတော့ ကလေးငယ်တွေသ-ဆုံးတဲ့ အခါမှာ အဝတ်နဲ့ ပတ်ပြီး အလွန်ကြီးမားတဲ့ သစ်ပင်ကြီတွေရဲ့ အထဲမှာအခေါင်းပေါက်ပြုလုပ်မြုပ်နှံကြတာဖြစ်ပါတယ်။ ကလေးငယ်တွေရဲ့ဝညာဉ်တွေဟာ သစ်ပင်တွေ ပေါ်မှီခိုပြီး လေနဲ့ အတူအဝေးသို့ လွတ်လပ်စွာရောက်ရှိသွားဖို့ ရန် ရည်ရွယ်တယ်လို့ဆိုထားပါတယ်။ shwekhitonlinetv.com

၇။ Baby Delivery

အမေရိကန် စာပို့လုပ်လုပ်ငန်း ဌာန USPS ဟာ ကလေးငယ်တွေကို ရပ်ဝေးမှာရှိတဲ့ မိဘဆွေမျိုးများထံ စာတိုက်မှ တစ်ဆင့်ပို့ဆောင်ခြင်းကို ၁၉၁၃ ခုနှစ်မှာ တရားဝင်ခွင့်ပြု လုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကတော့ မိုင် (၁၀၀) လောက်ကွာဝေးတဲ့ နေရာတစ်ခုကို ကလေးတစ်ယောက် ကို ပို့ဆောင်ပေးတဲ့ ဝန်ဆောင်ခက ဆင့် (၅၀) ကျော်လောက်သာရှိပါသတဲ့။ shwekhitonlinetv.com

၈။ အိမ်စာ

ကျောင်းသူ/သား တွေကို အိမ်စာပေးခြင်းကို စတင်ပြုလုပ်ခဲ့တာကတော့ အီတလီလူမျိုး ကျောင်းဆရာ Roberto Nevillis ပဲဖြစ်ပါတယ်။ (၁၉၀၅) ခုနှစ်မှာတော့ သူကကျောင်းသားတွေကို အပြစ်ပေးတဲ့ အနေနဲ့ အိမ်စာ စတင်လုပ်ခိုင်းခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။