တစ်နေ့တာ အတွက် ကံကောင်းခြင်းတွေကို မထင်မှတ်ပဲ ရရှိခဲ့ကြသော သူများ

Shwe Khit ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ တစ်နေ့တာလုံးမှာ သူများတွေထက်ထူးပြီး ကံကောင်းခြင်းတွေကို ရရှိခဲ့သူတွေ အကြောင်းပဲ ဖြစ်ပါတယ်။ သူတို့ဘယ်လိုကံကောင်းခြင်းတွေ ရခဲ့လဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို အတူတူ ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

၁။ ဖိနပ်ကောင်းလို့ သံမစူးခဲ့တဲ့ အမျိုးသား

ပုံထဲက အမျိုးသားကတော့ သူ့ရဲ့ ဖိနပ်ဒီဇိုင်းကို ပဲ ကျေးဇူးတင်ရမလား ၊ သူ့ရဲ့ ကံကောင်းခြင်းတွေကို ကျေးဇူးတင်သင့်လားဆိုတာကတော့ မဝေခွဲတတ်လောက်အောင်ပါပဲ ။ ဒီလောက်ရှည်တဲ့ သံနဲ့ ခြေထောက်ထဲကို စိုက်ဝင်သွားလို့ကတော့ တစ်ကယ့်ကို မတွေးရဲစရာပါပဲ ။shwekhitonlinetv.com

၂။ သက်ပြင်းချနိုင်ခဲ့တဲ့ ကားပိုင်ရှင်

ဒီကားပိုင်ရှင်ကတော့ သူ့ကားရဲ့ အခုလို ပုံစံကို ကြည့်ပြီး သက်ပြင်းချမိသွားမှာ အသေအချာပါပဲ ။ ကားရပ်နားထားတဲ့ အပေါ်က အမိုးပြိုကျသွားပေမယ့်လည်း ကံကောင်းစွာနဲ့ပဲ ကားရဲ့ ကိုယ်ပိုင်းအနောက်နဲ့ ကပ်သီးလေး ကျသွားတာပဲ ဖြစ်ပါတယ် ။shwekhitonlinetv.com

၃။ အသက်ဘေးက သီသီလေးလွတ်သွားတဲ့ ဖျံကလေး

အခုမြင်နေရတဲ့ ပုံလေးကတော့ သားရဲတိရစ္ဆာန်တွေရဲ့ သဘာ၀ကို လေ့လာရိုက်ကူးထားတဲ့ ပုံတွေထဲက တစ်ခု ဖြစ်ပါတယ်။ ပုံထဲမှာဆိုရင် ဖျံကလေးဟာ သူ့ကို အမဲလိုက်နေတဲ့ ငါးမန်းရဲ့ ပါးစပ်နားက ကပ်ပြီး လွတ်သွားတာကိုတွေ့ရမှာပါ ။ တစ်ကယ့်ကို ကံကောင်းသွားတဲ့ ဖျံကလေးပါပဲ ။ shwekhitonlinetv.com

၄။ ကွတ်ကီးချစ်သူတွေကို ပျော်သွားစေနိုင်တဲ့ ဓာတ်ပုံ

ကွတ်ကီးကို ကြိုက်တတ်တဲ့သူဆိုရင် ဒီပုံလေးကို ကြည့်ပြီး တစ်ကယ်ကို ပျော်သွားမိမှာပါ ။ တစ်ခါတစ်လေ ထုတ်လုပ်တဲ့ စက်ရုံရဲ့ အမှားကြောင့် အခုလို မျိုး ခရင်မ် နှစ်ထပ် ပါတဲ့ ကွတ်ကီးလေးတွေကို ကြုံဖူးကြမှာပါ ။ ဒါပေမယ့်လည်း ဒီလိုမျိုး ပါနိုင်တာဟာ တစ်ကယ့်ကို ရှားရှားပါးပါး တွေ့ခဲတယ်ဆိုတာကိုတော့ လက်ခံရမှာပါ ။ shwekhitonlinetv.com

၅။ ကားအာမခံ ကုမ္ပဏီကို ဇောချွေးပြန်သွားစေနိုင်မယ့် ဓာတ်ပုံ

ပုံထဲက ကားရဲ့ အာမခံကုမ္ပဏီကတော့ ဒီပုံလေးကို မြင်ပြီး အတော်လေးကို ဇောချွေးပြန်သွားမိမှာ အမှန်ပါပဲ ။ လေပြင်း မုန်တိုင်းတိုက်လို့ လဲကျသွားတဲ့ သစ်ပင်ဟာ ကားပေါ်တည့်တည့်ကြီး ပြုတ်ကျသွားရမယ့်အစား ကားကို ကျော်ပြီး တစ်ဖက်ကို လဲကျသွားတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ကမ္ဘာ့ကံအကောင်းဆုံး ဖုန်းပိုင်ရှင်

ဒီဖုန်းပိုင်ရှင်ကတော့ သူ့ဖုန်းရဲ့ အခုလို ပုံစံကို ကြည့်ပြီး ရင်တမမ ဖြစ်သွားရမှာ အသေအချာပါပဲ ။ အိမ်သာရဲ့ နှုတ်ခမ်းတည့်တည့်မှာ ဖုန်းလေးက ကျသွားခဲ့တာဖြစ်ပြီး အိမ်သာပေါက်ထဲကို ကျသွားရင်တော့ ပြန်အသုံးပြုမယ်ဆိုရင်တောင် အဆင်မပြေနိုင်လောက်ပါဘူး ။ အိမ်သာတက်ရင်း ဖုန်းသုံးတတ်တဲ့သူတွေ အတွက် ဒီပုံလေးကို ကြည့်ပြီး သတိထားမိနိုင်ပါစေလို့ အကြံလေး ပေးလိုက်ပါတယ်နော်…. shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ တစ်နေ့တာမှာ ကံကောင်းခြင်းတွေကို မထင်မှတ်ပဲ ပိုင်ဆိုင်ခဲ့ကြတဲ့သူတွေ အကြောင်းကို ဗဟုသုတ အနေနဲ့ ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို နေ့စဉ်စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော်…. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။