အချိန်ခရီးသွား လို့ ယူဆရတဲ့ ထူးထူးခြားခြား လူ (၅) ဦး

ပရိသတ်ကြီးကို ဒီ တစ်ခါမှာတော့ အချိန်ခရီးသွားတဲ့ ဖြစ်ရပ်တွေ အကြောင်းကို ပြောပြပေးချင်ပါတယ် ။ အချိန်ခရီးသွားခြင်းဆိုတာကို ယနေ့အချိန်အထိ သိပ္ပံနယ်ပယ်တွေမှာ အကြိတ်အနယ် ငြင်းခုံနေကြဆဲ ဖြစ်ပြီး ပညာရှင်တွေ ကြားမှာလည်း မတူညီတဲ့ အမြင်ကွဲလွဲမှုတွေ ရှိခဲ့ပါတယ် ။ ဒါ့ကြောင့် အချိန်ခရီးသွားခြင်းဆိုတာ တစ်ကယ်လားဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ဖတ်ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

၁ ။ ( ၁၆၇၀ ) ခုနှစ်က ပန်းချီကားထဲ ပါခဲ့တဲ့ iPhone

( ၂၀၀၆ ) ခုနှစ်တုန်းက ဥရောပ presentation တစ်ခုမှာ Apple ရဲ့ အမှုဆောင်ချုပ် Tim Hook ဟာ Pieter de Hooch ပန်းချီကားကို ထုတ်ပြခဲ့ပြီး ပုံထဲက လူဟာ အိုင်ဖုန်းကို ကိုင်ထားတယ်ဆိုပြီး ရယ်မောကာ ပြောခဲ့ပါတယ် ။ ဒီ ပန်းချီကားကို ( ၁၆၇၀ ) ခုနှစ်မှာ ရေးဆွဲခဲ့တာဖြစ်ပြီး အင်တာနက် လူမှုကွန်ယက် အသုံးပြုသူ တော်တော်များများကတော့ ဒါကို အချိန်ခရီးသွားတစ်ခု ဖြစ်နိုင်တယ်ဆိုပြီး ယုံကြည်နေကြပါတယ်။ ဒီပန်းချီကားရဲ့ နာမည်ကတော့ “ အိမ်အဝင်ခန်းမထဲမှာ အမျိုးသမီးကို ပေးဖို့ စာတစ်စောင် ကိုင်ထားတဲ့ အမျိုးသား “ လို့ နာမည်ပေးထားတာပါ ။ shwekhitonlinetv.com

၂ ။ အနာဂတ်ကနေ လာတဲ့ အမျိုးသား

အချိန်ခရီးသွားတာနဲ့ ပတ်သက်ပြီး နောက်ထပ်ပြောပြပေးမှာကတော့ Andrew Carlssin ဆိုတဲ့ အမျိုးသား အကြောင်းပဲ ဖြစ်ပါတယ် ။ Andrew ဟာ ဒေါ်လာ ( ၈၀၀ ) တန် စတော့ရှယ်ယာ တစ်ခုကို ဝယ်ယူခဲ့ပြီး ဒေါ်လာ ( ၃၅ ) သန်း အမြတ်ထွက်ကာ ရရှိခဲ့ပါတယ် ။ နောက်ပိုင်းမှာတော့ သူ့ကို အစိုးရအေဂျင်စီ တစ်ခု ဖြစ်တဲ့ SEC က ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းနေတဲ့ အချိန်အတွင်း Andrew က သူ ဟာ အနာဂတ်က လာတဲ့သူ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။ တစ်ချို့သော သတင်းတွေအရ Andrew ဟာ အေအိုင်ဒီအက်စ်ရဲ့ ကုထုံးနည်း နဲ့ (၂၀၀၆ ) ခုနှစ် အတွင်း အိုစမာ ဘင်လာဒင် ပုန်းခိုတဲ့ နေရာကိုပါ ပြောပြပေးမယ်လို့ ထွက်ဆိုခဲ့ပါတယ်တဲ့ ။ နောက်ပိုင်း ရက်အနည်းငယ် အကြာမှာတော့ Andrew ရဲ့ သတင်းအစနကို ထပ်မကြားရတော့ပဲ ထူးဆန်းစွာ ပျောက်သွားခဲ့ပါတယ် ။ shwekhitonlinetv.com

၃ ။ အချိန်နောက်ပြန်ရောက်သွားတဲ့ အမျိူးသမီး ( ၂ ) ယောက်

( ၁၉၁၁ ) ခုနှစ်တုန်းက Charlotte Anne Moberly and Eleanor Jourdain လို့ အမည်ရတဲ့ အမျိူးသမီး နှစ်ယောက်ဟာ ပြင်သစ်နိုင်ငံမှာရှိတဲ့ ဗာဆိုင်း နန်းတော်ကို လာရောက် လည်ပတ်ခဲ့ပါတယ် ။ ထို့နောက်မှာတော့ Petit Trianon ကို အလည်သွားပြီး လမ်းငယ် တစ်ခုကနေ ပြန်လာနေတုန်း ရုတ်တရက် လမ်းပျောက်သလို ဖြစ်သွားပါတော့တယ် ။ ဒီလိုနဲ့ သူတို့နှစ်ယောက်လည်း ဒီ လမ်းငယ်တစ်ခုကနေ ဖြတ်သွားတဲ့အခါ သုံးဘက်ချွန် ဦးထုပ် ဆောင်းထားတဲ့ ထူးထူးဆန်းဆန်း အမျိုးသားတွေကို တွေ့ခဲ့ပါတော့တယ် ။

နောက်ပြီး ကုတ်အကျီ အရှည်ကြီး ဝတ်ထားတဲ့ အမျိုးသားတစ်ယောက် နဲ့ ဦးထုပ် အဖြူဆောင်းထားတဲ့ အမျိုးသမီး တစ်ယောက်ကိုလည်း တွေ့ခဲ့ပါသေးတယ် ။ အတော်လေး ကြာတဲ့ နောက်မှာတော့ Moberly နဲ့ Joudian တို့ဟာ ( ၁၇၀၀ ) ခုနှစ်တွေဆီကို အချိန်နောက်ပြန် ရောက်သွားခဲ့တာမှန်း သတိထားမိခဲ့ကြပြီး သူတို့တွေ့ခဲ့တဲ့ အမျိုးသမီး ဆိုသူဟာလည်း ( ၁၇၇၄ ကနေ ၁၇၉၃ ခုနှစ်အထိ ) နန်းစံခဲ့တဲ့ ပြင်သစ် ဘုရင်မ Marie Antoinette ဖြစ်မှန်း နောက်ပိုင်းမှ သိခဲ့ကြပါတော့တယ် ။ shwekhitonlinetv.com

၄ ။ အနာဂတ်ကို ရောက်သွားတဲ့ အမျိုးသား

ပရော်ဖက်ဆာ တစ်ယောက် ဖြစ်တဲ့ Paul Dienach ဆိုသူ အမျိူးသားရဲ့ အဖြစ်ကလည်း အတော်လေး ထူးဆန်းတယ်လို့ ပြောရမှာပါ ။ ဖြစ်ပုံကတော့ Paul ဟာ တစ်နှစ်လောက် ကိုမာ ဖြစ်နေရာ ကနေ ရုတ်တရက် နိုးသွားခဲ့ပြီး ဒိုင်ယာရီ စာအုပ်ကို ယူကာ သူ ရောက်ခဲ့တဲ့ နေရာ အကြောင်းကို ချက်ချင်း ချ ရေးခဲ့ပါတော့တယ် ။ နောက်ပိုင်းမှ သေချာ သိရတာက Paul ဟာ ( ၂၂၀၄ ) ခုနှစ် မှာ ရှိတဲ့ အမျိုးသားတစ်ယောက် ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်နေတာ ဖြစ်ပြီး သူ မြင်ရတဲ့ အရာတွေ အားလုံးကို ပြောပြနိုင်တဲ့ သက်သေ အထောက်အထားတွေ တောင် ပြသခဲ့ပါသေးတယ်တဲ့ ။ သူ့ရဲ့ အဖြစ်အပျက်က တစ်ကယ်လား ၊ အတုအယောင်လား ဆိုတာကတော့ စဉ်းစားချင်စရာပါ ။ shwekhitonlinetv.com

၅ ။ Rudolph Fentz

အခု နောက်ဆုံးပြောပြပေးမှာကတော့ Rudolph Fentz ဆိုသူ အမျိုးသား တစ်ယောက် ရဲ့ အကြောင်းပဲ ဖြစ်ပါတယ် ။ ( ၁၉၅၀ ) ခုနှစ် တုန်းက Rudolph Fentz ဆိုသူ အမျိုးသားဟာ Time Square ရင်ပြင်မှာ ကားတိုက်ခံရပြီး သေဆုံးသွားခဲ့ပါတယ် ။ ဒီလိုနဲ့ အရာရှိတွေဟာ သူ့ရဲ့ အိတ်ကပ်ထဲမှာ ဆက်သွယ်လို့ ရမယ့် လိပ်စာကို ရှာရှင်း ထူးဆန်းတာတစ်ခု ကို ရှာတွေ့ခဲ့ကြပါတော့တယ် ။ ဒါကတော့ Rudolph ရဲ့ ပိုက်ဆံ အိတ်ထဲမှာ ( ၁၉ ) ရာစုနှစ်တုန်းက သုံးတဲ့ ဘဏ်ငွေကြေး တွေကို တွေ့ရှိခဲ့ပြီး သူ့ရဲ့ မှတ်ပုံတင် ကတ်ပြားဟာဆိုရင်လည်း ( ၁၉၅၀ ) ခုနှစ်က လူတွေ သုံးတဲ့ မှတ်ပုံတင် ကတ်ပုံစံမျိုးလို မဟုတ်ပါဘူးတဲ့ …. shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ အချိန်ခရီးသွား လို့ ယူဆရတဲ့ ထူးထူးခြားခြား အဖြစ်အပျက် ( ၅ ) ခု အကြောင်းကို ပြောပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com