အန္တရာယ်ပေးနိုင်တယ်ဆိုပြီး လူအတော်များများ အထင်မှားနေကြတဲ့ အကောင်များ

ပရိသတ်ကြီးကို အခုတစ်ခါ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ အန္တရာယ်ပေးနိုင်တယ်ဆိုပြီး လူအတော်များများ အထင်မှားနေကြတဲ့ အကောင်များ အကြောင်းပဲ ဖြစ်ပါတယ် ။ အခုဖော်ပြမယ့် အကောင်တွေဟာ တစ်ကယ့် အပြင်မှာတော့ လူတွေကို အန္တရာယ်မပြုပဲ နေတတ်တာမို့လို့ ဘယ်လို အကောင်မျိုးလေးတွေ ပါမလဲဆိုတာ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com

၁ ။ ပါးစပ်ပြဲ ငါးမန်း

ပါးစပ်ပြဲ ငါးမန်းတွေနဲ့ ပတ်သတ်ပြီး လူ အတော်များများ ထင်ကြတာက ဒီ ငါးမန်းတွေရဲ့ ပါးစပ်အကျယ်ကြီးက အန္တရာယ် ပြုနိုင်တယ်လို့ ထင်ကြတာပါ ။ တစ်ကယ်တော့ ပါးစပ်ပြဲ ငါးမန်းတွေဟာ တစ်ခြား အသားစား ငါးမန်းမျိုးစိတ်တွေနဲ့ မတူပဲ အခွံမာ ရေသတ္တဝါလေးတွေ ၊ ငါးအသေးလေးတွေ နဲ့ ကျောရိုးမဲ့ သတ္တဝါ ငယ် တစ်ချို့ကိုသာ စားသောက်တာပဲ ဖြစ်ပါတယ် ။ နောက်ပြီး ဒီငါးမန်း မျိူးစိတ်ဟာ ကမ္ဘာပေါ်က ဒုတိယအကြီးဆုံး ငါး ဖြစ်ပြီး သူတို့ရဲ့ အရွယ်အစားက ( ၁၂ ) မီတာ ရှိကာ အလေးချိန်ကတော့ ( ၅ ) တန် ရှိပါတယ် ။ shwekhitonlinetv.com

၂ ။ Milk Snake

နောက်ထပ်ပြောပြပေးမှာကတော့ အန္တရာယ် ရှိတယ်ဆိုပြီး မကြာခဏ အထင်မှားခံရတဲ့ Milk Snake မြွေ အကြောင်းပဲ ဖြစ်ပါတယ် ။ Milk Snake မြွေတွေ ကို အဆိပ် အရမ်းပြင်းတဲ့ သန္တာမြွေ တွေနဲ့ မကြာခဏ အမှတ်မှားလေ့ရှိပါတယ် ။ ဒီ အကောင် မျိုးစိတ် ( ၂ ) ခု စလုံးရဲ့ ကိုယ်ပေါ်မှာ အနီရောင် ၊ အဝါရောင် ၊ အနက်ရောင် အစင်းကြောင်း ကြီးများ ပါရှိပြီး Milk Snake မြွေကတော့ အန္တရာယ်မရှိပေမယ့် သန္တာမြွေ ကတော့ အန္တရာယ် အတော်ပေးနိုင်ပါတယ် ။ shwekhitonlinetv.com

၃ ။ ပင်လယ် ဝက်

ပင်လယ် ဝက်တွေကို (Scotoplanes ) လို့ ခေါ်ပြီး ထူးဆန်းတဲ့ ရေအောက်သတ္တ၀ါ မျိုးစိတ်တွေထဲမှာ ပါဝင်လို့နေပါတယ် ။ ပင်လယ် ရေဝက် လေးတွေဟာ သေးငယ်တဲ့ အကောင်လေးတွေ ဖြစ်ပြီး ခန္ဓာကိုယ်ကို ရွေ့လျားစေဖို့အတွက် ပြွန်နဲ့တူတဲ့ ခြေချောင်းတွေကို အသုံးပြုကြပါတယ် ။ လူ အတော် များများက သူတို့လေးတွေရဲ့ ပုံစံကို ကြည့်ပြီး အန္တရာယ်ပေးနိုင်တယ်လို့ ထင်ကြပေမယ့် တစ်ကယ်တမ်းမှာတော့ သူတို့ဟာ အော်ဂဲနစ် အမှုန်လေးတွေကို သာ စားတတ်တဲ့ အကောင်လေးတွေပဲ ဖြစ်ပါတယ်တဲ့ ။ shwekhitonlinetv.com

၄ ။ ဝေလငါးမန်း

ဝေလငါးမန်းတွေ ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ငါး အမျိုးအစား ဖြစ်ပြီး အရွယ်အစားကတော့ အထီး ၊ အမ ပေါ် မူတည်ပြီး ကွဲပြားမှု ရှိပါတယ် ။ ဝေလ ငါးမန်း အမ တွေဟာ ( ၂၀ ) မီတာ အထိ ကြီးထွားနိုင်ပြီး အထီးတွေရဲ့ အရွယ်အစားကတော့ အနည်းငယ် သေးပါတယ် ။ ကမ္ဘာ့အကြီးဆုံး ငါး ဖြစ်တဲ့ အပြင် ငါးမန်းမျိုးစိတ်ထဲ ပါပေမယ့်လည်း ဝေလငါးမန်းတွေဟာ လူတွေကို ဘယ်တုန်းကမှ အန္တရာယ်ပြု တိုက်ခိုက် တာမျိုးတွေ မလုပ်ပါဘူး ။ shwekhitonlinetv.com

၅ ။  တရုတ် ရေပုတ်သင်

 အရွယ်အစား ကြီးမားတဲ့ ဧရာမ ရေပုတ်သင်တွေဟာ အရှည် ( ၁.၈ ) မီတာ အထိ ကြီးထွားနိုင်ပြီး ကမ္ဘာ့အကြီးဆုံး ကုန်းနေ ရေနေ သတ္တဝါ အဖြစ် သတ်မှတ်ခံထားရပါတယ် ။ သူတို့ရဲ့ အစားအစာ ကတော့ အင်းဆက်တွေ ၊ ငါးသေးသေးလေးတွေ နဲ့ တစ်ခြားသော ကုန်းနေ ရေနေ သတ္တဝါတွေကို စားသောက်ကြပါတယ်။ နောက်တစ်ချက် အနေနဲ့ တရုတ် ရေပုတ်သင်တွေဟာ  တရုတ်နိုင်ငံ အလယ်ပိုင်း ယန်စီမြစ်ဝှမ်းရှိ ကျောက်တောင်များနဲ့ ရေကန်များတွင် နေထိုင်ကြပြီး လူကို အန္တရာယ် မပေးကြပါဘူးတဲ့ …. shwekhitonlinetv.com

၆ ။ ဂင်္ဂါမိကျောင်း

မိကျောင်းလို့ ပြောလိုက်တာ နဲ့ ရုပ်ရှင်ကားတွေ ထဲမှာရေ တစ်ကယ့် လက်တွေ့အပြင်မှာပါ လူကို အန္တရာယ်ပေးနိုင်တဲ့ အကောင်တွေလို့ သိထားကြမှာပါ ။ ဒါပေမယ့် ဂင်္ဂါမိကျောင်းတွေကတော့ လူတွေကို အန္တရာယ်ပေးနိုင်တဲ့ အထဲမှာတော့ မပါဝင်ပါဘူး ။ အကြောင်းကတော့ သူတို့ရဲ့ မေးရိုးတွေဟာ ပါးလွှာပြီး ပျက်စီးလွယ်နိုင်တာကြောင့်ပဲ ဖြစ်ပါတယ် ။ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်က ဂင်္ဂါမိကျောင်းတွေဟာ Crocodilians အုပ်စု ထဲမှာ ပါဝင်ပြီး တစ်ကယ့် မိကျောင်းမျိုးစိတ်ထဲမှာတော့ မပါဝင်ပါဘူး ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ အန္တရာယ်ပေးနိုင်တယ်ဆိုပြီး လူအတော်များများ အထင်မှားနေကြတဲ့ အကောင်များ အကြောင်းပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com