ရုပ်ရှင်ထဲမှာနဲ့ တစ်ကယ့်အပြင်မှာ ကွဲလွဲနေတဲ့ ပင်လယ်ဓားပြများ အကြောင်း

ပရိသတ်ကြီးကို အခုတစ်ခါမှာတော့ ရုပ်ရှင်ထဲမှာနဲ့ တစ်ကယ့် အပြင်မှာ အနည်းငယ် ကွဲလွဲနေတဲ့ ပင်လယ်ဓားပြများ အကြောင်း ကို ပြောပြပေးမှာပဲ ဖြစ်ပါတယ် ။ ပင်လယ်ဓားပြတွေ အကြောင်းကို စိတ်ဝင်စားသူတွေ ဆိုရင်တော့ ဘယ်အချက်တွေက ကွဲလွဲနေလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော် …. shwekhitonlinetv.com

၁ ။ ပင်လယ် ဓားပြတွေထဲမှာ အမျိုးသမီးတွေလည်း ရှိခဲ့ပါတယ် ။

ရုပ်ရှင်တွေထဲမှာ ပင်လယ် ဓားပြ သင်္ဘော ပေါ်ကို အမျိုးသမီးတွေ ပါလာခဲ့ရင် ကံဆိုးတတ်တယ်ဆိုတဲ့ အချက်ကို ထည့်သွင်း ရိုက်ကူးခဲ့ပါတယ် ။ တစ်ကယ်တမ်းကတော့ ဒီ အချက်ဟာ မှားယွင်းနေတယ်လို့ ပြောရမှာပါ ။ သမိုင်းမှတ်တမ်း အထောက်အထားတွေ အရ Jeanne de Clisson လို့ ခေါ်တဲ့ အမျိုးသမီးဟာ သူမရဲ့ ယောကျာ်းကို လက်စားချေဖို့အတွက် သင်္ဘောပေါ်မှာ အနက်ရောင် အလံကိုတင်ပြီး ပင်လယ်ထဲကို ရွက်လွှင့်ခဲ့တယ်လို့ တွေ့ရပါတယ် ။ shwekhitonlinetv.com

နောက်ထပ် နာမည်ကြီး အမျိုးသမီး ပင်လယ်ဓားပြ ကတော့ Sayyida al Hurra ပဲ ဖြစ်ပါတယ် ။ သူမဟာ တစ်ခြား ပင်လယ် ဓားပြ တစ်ဦး ဖြစ်တဲ့ Barbarossa နဲ့ အတူ အလုပ်တွဲ လုပ်ခဲ့ပြီး ( ၁၆ ) ရာစု နှစ်မှာတော့ မြေထဲပင်လယ်ကို ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ shwekhitonlinetv.com

၂ ။ ပင်လယ် ဓားပြတွေဟာ ရေထဲမှာပဲ အလုပ် လုပ်တာ မဟုတ်ပါဘူး ။

နောက်ထပ်ပြောပြပေးမယ့် အချက်ကတော့ ပင်လယ် ဓားပြတွေဟာ ပင်လယ်ထဲ အပြင် တစ်ခြား ကုန်းမြေနေရာတွေမှာလည်း တိုက်ခိုက်ခဲ့ပါတယ် ။

သူတို့တွေဟာ ပင်လယ်ထဲတင် မဟုတ်ပဲ အနီးနားက မြို့တွေ နဲ့ ခံတပ်တွေကိုပါ တိုက်ခိုက် အနိုင်ယူနိုင်ခဲ့ကြပါတယ် ။ ကျော်ကြားသော  ပင်လယ် ဓားပြ တစ်ဦး ဖြစ်တဲ့  Hayreddin Barbarossa ဟာဆိုရင် အယ်လ်ဂျီးရီးယားနိုင်ငံရဲ့ အာဏာာရှင် တောင် ဖြစ်ခဲ့ဖူးပြီး စပိန် နဲ့ အီတလီ နိုင်ငံ ထဲက တစ်ချို့ မြို့တွေကိုတောင် ကျူးကျော် တိုက်ခိုက်ခဲ့ပါသေးတယ် ။ shwekhitonlinetv.com

နောက်တစ်ဦး ကတော့ နာမည်ကြီး ပင်လယ် ဓားပြ တစ်ယောက် ဖြစ်တဲ့ Henry Morgan ဆိုသူပဲ ဖြစ်ပါတယ် ။ သူကတော့ ပနားမားနိုင်ငံကို ကျူးကျော်ပြီး သိမ်းပိုက်နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် နှစ်ပေါင်း များစွာ ကြာတဲ့ နောက်မှာတော့ ဂျမေကာ ရဲ့ ဒုတိယ အုပ်ချုပ်ရေးမှုး ဖြစ်လာခဲ့ပါတယ် ။ shwekhitonlinetv.com

၃ ။ ပင်လယ် ဓားပြ ကပ္ပတိန်တွေ မှာ အာဏာ အပြည့်မရှိပါဘူး ။

ဒီ တစ်ခါ ပြောပြပေးမယ့် အချက်ကတော့ ပင်လယ် ဓားပြ ကပ္ပတိန်တွေဟာ သင်္ဘောပေါ်မှာ အာဏာာအရှိဆုံး မဟုတ်ပါဘူး ။ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ ကတည်းက ပင်လယ် ဓားပြတွေ ကြားထဲမှာ တိုးတက်တဲ့ ဒီမိုကရေစီ နည်းလမ်းကို ကျင့်သုံးခဲ့ကြပြီး သင်္ဘော ပေါ်က အရေးပါတဲ့ ရာထူး ရထားတဲ့သူတွေဟာ အများ ဆန္ဒအရ ရွေးကောက်ပြီး ရွေးချယ်ခံရသူတွေ ဖြစ်ပါတယ် ။ shwekhitonlinetv.com

နောက်တစ်ချက်က ဓားပြ သွားတိုက်တော့မယ်ဆိုရင်လည်း ဘယ်နေရာတွေကို သွားပြီး တိုက်မယ် နဲ့ ဘယ်လို အကျဉ်းသားတွေကို ဖမ်းဆီးခေါ်ဆောင်ရမလဲဆိုတာတွေကို  ပင်လယ် ဓားပြ ကပ္ပတိန်က သင်္ဘောသားတွေထံ ဆန္ဒမဲ တောင်းပြီး ဆုံးဖြတ်ချက်ကို တောင်းခံရပါတယ်တဲ့ …. shwekhitonlinetv.com

၄ ။ ပင်လယ် ဓားပြ အများစုက ရက်စက်စွာ လူသတ်တာမျိုးတွေ မလုပ်ပါဘူး ။

ရုပ်ရှင်ထဲမှာတော့  ပင်လယ်ဓားပြတွေဟာ ရက်စက်စွာ လူသတ်တတ်တဲ့ ပုံစံမျိုးကို ရိုက်ကူးပြထားတာပါ ။ တစ်ကယ်တမ်းမှာတော့ ဒီအချက်က မှားယွင်းနေပါတယ်တဲ့ ။ တစ်ကယ့် လက်တွေ့အပြင်မှာတော့ အများစုဟာ ဝင်ငွေ နည်းပါခြင်း နဲ့ အလုပ်အကိုင် မကောင်းတာတွေ ကြောင့်သာ ပင်လယ် ဓားပြ ဖြစ်လာခဲ့ရတာပါ ။ နောက်ပြီး ပင်လယ် ဓားပြ အတော် များများဟာ အေးချမ်းစွာ နေလို သူတွေ ဖြစ်ကြပါတယ်တဲ့ ။ shwekhitonlinetv.com

 သူတို့ လုပ်ငန်းရဲ့ အဓိက ရည်ရွယ်ချက်က လူတွေဆီကနေ ပစ္စည်းတွေ နဲ့ အဖိုးတန် ရတနာတွေကို လုယက်ကြတာ ဖြစ်ပါတယ် ။ ဒါပေမယ့် ပင်လယ် ဓားပြ အချို့ဟာ လူ သတ်မှုတွေကို ကျူးလွန်တာမျိုးလည်း ရှိပြီး အများစုကတော့ လူ မသတ်ပဲ ခြိမ်းခြောက်ကာ ပစ္စည်းလုယက်တာမျိုးပဲ လုပ်လေ့ရှိပါတယ် ။ shwekhitonlinetv.com

၅ ။ ရတနာတွေကို မြုပ်ပြီး ဖွက်လေ့မရှိတဲ့ ပင်လယ် ဓားပြများ

နောက်ထပ် ကွဲလွဲနေတဲ့ အချက်ကတော့ ပင်လယ် ဓားပြတွေဟာ သူတို့ တိုက်ယူလာတဲ့ ပစ္စည်းတွေကို လူသူ မရောက်တဲ့ ကျွန်းတွေမှာ ဝှက်ထားကြတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ် ။ တစ်ကယ်တမ်းမှာတော့ ဒီအချက်ဟာလည်း မှားယွင်းနေပြီး ထင်ရှား တဲ့ ဖြစ်ရပ်တစ်ချို့က သက်သေ အဖြစ်ရှိလို့နေပါတယ် ။ ဥပမာ အနေနဲ့ ပြောရရင် နာမည်ကြီး ပင်လယ်ဓားပြ တစ်ယောက် ဖြစ်တဲ့ William Kidd ရဲ့ ရတနာတွေကို အစိုးရ က လျင်မြန်စွာ ရှာတွေ့ခဲ့ပြီး သူလည်း အဖမ်းခံခဲ့ရပါတယ် ။ shwekhitonlinetv.com

ပင်လယ် ဓားပြတွေဟာ တစ်ခြား သင်္ဘောတွေ ပေါ်က ရွှေ တွေ နဲ့ အဖိုးတန် လက်ဝတ်ရတနာတွေကို တိုက်ခိုက် လုယက်တယ်ဆိုတဲ့ အချက်တော့ မှန်ကန်ပါတယ် ။ ဒါပေမယ့် အများစုကတော့ သူတို့ရဲ့ အသက်ရှင် ရပ်တည်နိုင်မှုအတွက် အစားအစာ ၊ လက်နက်တွေ ၊ ငါးမျှား ပိုက်ကွန်တွေ ၊ ဆေးဝါးတွေ နဲ့ တစ်ခြား အသုံးဝင်တဲ့ ပစ္စည်းတွေကိုသာ လုယက်ကြတာပါတဲ့ …. shwekhitonlinetv.com

၆ ။ ပင်လယ် ဓားပြ သင်္ဘောပေါ်မှာ ကြောင်တွေကို မွေးလေ့ရှိပါတယ် ။

ပင်လယ် ဓားပြ တွေ ခေတ်ကောင်းတဲ့ အချိန်တုန်းက ဥရောပ တစ်ခွင်မှာ ထူးခြားဆန်းပြားတဲ့ အကောင်တွေကို မွေးမြူတဲ့ အလေ့အထ တစ်ခု ခေတ်စားခဲ့ပါတယ် ။ ဒီအထဲမှာမှ ကြက်တူရွေးတွေဟာ သယ်ဆောင်ရလွယ်ကူပြီး သူတို့ရဲ့ တန်ဖိုးက လည်း အတော်လေး မြင့်မားပါတယ် ။ ဒါပေမယ့် ကြက်တူရွေး ငှက်လေးကို သင်္ဘောပေါ် တင်ဆောင်တဲ့ ပင်လယ်ဓားပြတွေ ရှိတယ်ဆိုတဲ့ အထောက်အထားကိုတော့ မတွေ့ရှိခဲ့ကြပါဘူး ။ shwekhitonlinetv.com

တစ်ချို့သော သမိုင်းမှတ်တမ်းတွေအရတော့ ပင်လယ် ဓားပြတွေ ဟာ သင်္ဘောပေါ်ကို ကြောင်တွေ တင်ပြီး မွေးလေ့ရှိပါတယ်တဲ့ ။ အကြောင်းကတော့ ကြောင်တွေဟာ သင်္ဘောပေါ်က ကြွက်တွေကို ဖမ်းခုတ်ပေးနိုင်ပြီး တစ်ချို့ လူတွေက တော့ ကြောင်တွေဟာ ကံကောင်းမှုကို ယူဆောင်လာပေးတယ်ဆိုပြီး ယုံကြည်ကြလို့ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ရုပ်ရှင် ထဲမှာနဲ့ တစ်ကယ့် အပြင်မှာ အနည်းငယ် ကွဲလွဲနေတဲ့ ပင်လယ်ဓားပြများ အကြောင်း ပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com