တခြားဂြိုလ်တခုကနေ ရောက်ရှိလာတယ်လို့တောင် ထင်မှတ်ရစေတဲ့ သမုဒ္ဒရာကြမ်းပြင်က သတ္တဝါဆန်းများ

ကျွန်တော်တို့ လူသားတွေဟာ ကုန်းပေါ်မှာရှိတဲ့ သတ္တဝါတွေရဲ့ အကြောင်းကို လေ့လာနိုင်ပေမယ့် ရေအောက်မှာရှိတဲ့ သတ္တဝါတွေရဲ့အကြောင်းကို လေ့လာနိုင်မှု အရမ်းနည်းပါးပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေအောက်ကြမ်းပြင်ရဲ့ မမြင်နိုင်တဲ့ အန္တရာယ်တွေ အတားအဆီးတွေကြောင့် လေ့လာနိုင်မှု နည်းပါးရခြင်း ဖြစ်ပါတယ်။ ရေနေသတ္တဝါပေါင်း ၂၃၀,၀၀၀ ခန့်ကို လေ့လာပြီးဖြစ်ပေမယ့်လည်း ဆန်းကြယ်တဲ့သတ္တဝါဆန်းတွေကတော့ အမြဲမပြတ် ရှိနေပါသေးတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် အခြားဂြိုလ်တခုကနေ ရောက်လာသလို ထူးဆန်းလှတဲ့ ရေနေသတ္တဝါဆန်းတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ Sea Angel

ရေနတ်သမီးလို့ တင်စားခေါ်ဝေါ်ရတဲ့ ဒီအကောင်လေးတွေကတော့ အုပ်စုဖွဲ့ပြီးနေထိုင်လေ့ရှိကြတဲ့ ရေနေသတ္တဝါတမျိုးပဲ ဖြစ်ပါတယ်။​ ဘယ်လိုရာသီဥတုအခြေအနေမျိုးမှာမဆို တွေ့ရှိရလေ့ရှိပြီး ဝင်ရိုးစွန်းဒေသများ ၊ ရေခဲပြင်အောက် နဲ့ အီကွေတာအပူပိုင်းလို နေရာမျိုးတွေမှာပါ တွေ့ရနိုင်ပါတယ်။ shwekhitonlinetv.com

၂။ Elysia chlorotica

အကောင်သေးသေးလေးကနေ အလယ်အလတ်အရွယ်အထိ ဆိုဒ်မျိုးစုံတွေ့ရတတ်တဲ့ ရေနေသတ္တဝါတွေ ဖြစ်ပါတယ်။ ပင်လယ်ပက်ကျိလို့ ခေါ်ဝေါ်လေ့ရှိကြပြီး နေရောင်ခြည်သုံး ပက်ကျိလို့လည်း ခေါ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ လိုအပ်တဲ့အစာအာဟာရကို နေရောင်ခြည်စွမ်းအင်အသုံးပြုပြီး အစာချက်လုပ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ shwekhitonlinetv.com

၃ ။ Coconut octopus

ကြည့်လိုက်တာနဲ့ ချစ်စရာကောင်းတယ်ထင်ရတဲ့ ဒီရေဘဝဲလေးရဲ့ အလျားကတော့ ၃ လက်မသာ ရှိပါတယ်။ သူတို့တွေကို ပစိဖိတ် သမုဒ္ဒရာ ၊ အိန္ဒိယသမုဒ္ဒရာ ၊ သြစတေးလျနိုင်ငံမှ တောင်အာဖရိကနိုင်ငံ အပါအဝင်၊ ဂျပန်နိုင်ငံတောင်ပိုင်း ၊ နယူးဂီနီ ၊ အင်ဒိုနီးရှား နဲ့ အိန္ဒိယနိုင်ငံများမှာ အများဆုံးတွေ့ရနိုင်ပါတယ်။ တကောင်တည်းနေရခြင်းကို ကြိုက်နှစ်သက်ကြပြီး ညနဲ့ အာရုဏ်တက်ချိန်များမှာသာ အမဲလိုက်ကြပါတယ်။ ရွှံ့နွံထူထပ်တဲ့ ရေနက်ပိုင်း ပေ ၆၀၀ အနက်မှာ နေထိုင်ကြပါတယ်။ shwekhitonlinetv.com

၄။ Furry sea slugs

ကြည့်လိုက်တာနဲ့တင် ယုန်သေးသေးလေးတကောင်လို ချစ်စရာကောင်းတဲ့ ရေနေသတ္တဝါလေးတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားတာကတော့ သားမွှေးလေးတွေတင်မကပဲ caryophyllidia လို့သိရတဲ့ သေးငယ်တဲ့ အချောင်းလေးတွေနဲ့လည်း ဖုံးအုပ်ထားပါသေးတယ်။ သက်တမ်းအားဖြင့် ၁ နှစ်ကနေ လ အနည်းငယ်လောက်အထိပဲ ရှင်သန်နိုင်တာကြောင့် သက်တမ်းတိုတဲ့ အကောင်လေးတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Deep-sea octopus

သမုဒ္ဒရာကြမ်းပြင်အောက်မှာရှိတဲ့ မီးတောင်ကျောက်အကွဲကြောင်းတွေရဲ့ ကြားက အရည်တွေကို ဘူမိဗေဒပညာရှင်တွေဟာ စမ်းသပ်စစ်ဆေးဖို့အတွက် ယူဆောင်လေ့ရှိပါတယ်။ အဲ့လိုအချိန်မျိုးမှာ အဆိုပါ ကျောက်တုံးတွေရဲ့ကြားမှာ Deep-sea octopus လို့ခေါ်တဲ့ ရေဘဝဲသေးသေးလေးတွေ အများအပြားကို တွေ့ရတတ်ပါတယ်။ ပန်းရောင်အဆင်းရှိပြီး ပန်ကန်ပြားအရွယ်ခန္ဓာကိုယ်နဲ့အတူ ကြီးမားတဲ့ မျက်လုံးတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ အကောင်လေးတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ A transparent frog

ဖောက်ထွင်းမြင်ရတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ဖားလေးတွေဖြစ်ပါတယ်။ ၀.၈ လက်မရှိပြီး ဖန်လိုကြည်လင်နေကြပါတယ်။ ဖောက်ထွင်းမြင်ရတဲ့ ဖားလေးတွေဟာ အီကွေဒေါအမေဇုံရဲ့ အစိတ်အပိုင်းလို့ ဆိုမယ်ဆိုလည်း မမှားပါဘူး။ shwekhitonlinetv.com

၇။ Baby squid

ချစ်စရာကောင်းတဲ့ ခရမ်းရောင်ရေဘဝဲသေးသေးလေးကို E/V Nautilus team က ကယ်လီဖိုးနီးယားကမ်းရိုးတန်းမှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကင်းမွန်မျိုးနွယ်ဝင် မျိုးစိတ်ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာမှာ တွေ့နိုင်ပါတယ်။ shwekhitonlinetv.com

၈။ Blue dragon-glaucus atlanticus

ကြည့်လိုက်ရင်တော့ အရမ်းကိုလှပနေတဲ့ အကောင်လေးတွေဟာ လူတွေအတွက်တော့ သေစေတဲ့အထိ အန္တရာယ်များတဲ့ အကောင်လေးတွေပါ။ သူတို့ဟာ အဆိပ်ရှိတဲ့ ဂျယ်လီငါးတွေကို အစာကျွေးမွေးပြီး စုပ်ယူထားကြပါတယ်။ သူတို့ အန္တရာယ်ရှိလာတဲ့အခါ စုပ်ယူထားတဲ့ ဂျယ်လီငါးရဲ့ အဆိပ်တွေကို အသုံးချပြီး တိုက်ခိုက်တတ်ကြပါတယ်။ shwekhitonlinetv.com

၉။ Leafy sea dragon

သစ်ရွက်ခန္ဓာကိုယ် ရေနဂါးတွေဟာ Phycodurus မျိုးနွယ်ရဲ့ တခုတည်းသော မျိုးစိတ်ဖြစ်ပါတယ်။ သစ်ရွက်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာကြောင့် အန္တရာယ်နဲ့ ကြုံတွေ့ရတဲ့အခါ ဖုံးအုပ်ပြီး ရှောင်ရှားနိုင်ပါတယ်။ သူတို့ကို သြစတေးလျနိုင်ငံ တောင်ပိုင်းနဲ့ အနောက်ပိုင်း ကမ်းရိုးတန်းတွေမှာ တွေ့ရှိရပါတယ်။ shwekhitonlinetv.com

၁၀။ Halitrephes Jelly

ရေနက်ပိုင်းမှာ တွေ့ရှိရတဲ့ မျိုးစိတ်ဖြစ်ပြီး Halicreatidae အနွယ်ဝင်တွေ ဖြစ်ကြပါတယ်။ သူတို့ကို ရေနက်ပိုင်း ပေပေါင်း ၄၀,၀၀ ကနေ ၅၀,၀၀ အတွင်း တွေ့နိုင်ပါတယ်။ shwekhitonlinetv.com

၁၁။ Sea Pen (Merisulat)

ဒီကောင်လေးတွေကိုတော့ အပူပိုင်းဒေသနဲ့ သမပိုင်းဒေသက ရေတွေထဲမှာ တွေ့ရနိုင်ပါတယ်။ မီတာ ၆၁၀၀ နဲ့အထက်ရှိ ရေနက်ပိုင်းတွေမှာ ကျင်လည်ကျက်စားလေ့ရှိပါတယ်။ shwekhitonlinetv.com

၁၂။ Mantis shrimp

ဒီပုစွန်ဆိတ်လေးတွေဟာ အလျားအားဖြင့် ၁၀ စင်တီမီတာအထိသာ ကြီးထွားနိုင်ပါတယ်။ အရှည်ဆုံးအဖြစ် ၃၈ စင်တီမီတာအထိသာ တွေ့ရပါတယ်။ ရေတိမ်ပိုင်း ၊ အပူပိုင်းဒေသနဲ့ အပူပိုင်းဒေသ အစွန်အဖျားမှာ နေထိုင်ကျက်စားကြတဲ့ ရေနေသတ္တဝါတွေကြားမှာတော့ ဒီပုစွန်ဆိတ်လေးတွေကို အရေးကြီးဆုံး မျိုးစိတ်အဖြစ် သတ်မှတ်ထားကြပါတယ်။ shwekhitonlinetv.com

၁၃။ Crossota Norvegica Jellyfish

အသစ်တွေ့ရှိထားတဲ့ ဒီဂျယ်လီငါးကိုတော့ Crossota millsae မျိုးနွယ်ဝင်အဖြစ် သတ်မှတ်ကြပါတယ်။ အာတိတ်သမုဒ္ဒရာ ရေနက်ပိုင်း မီတာ ၁၀၀၀ အောက်မှာ တွေ့ရှိနိုင်ပါတယ်။ သူတို့ ခန္ဓာကိုယ်ရဲ့ အလျားကတော့ ၂ စင်တီမီတာသာ ရှည်လျားပါတယ်။ shwekhitonlinetv.com

၁၄။ Vampire Squid

သူတို့တွေကို အပူပိုင်းနဲ့ သမပိုင်း သမုဒ္ဒရာတွေမှာ တွေ့ရနိုင်ပြီး သမုဒ္ဒရာရေနက်ပိုင်းတွေမှာ နေထိုင်လေ့ရှိကြပါတယ်။ သူတို့ခန္ဓာကိုယ်ရဲ့ အရှည်နိုင်ဆုံးအလျားကတော့ ၁ ပေအထိသာ ရှိပါတယ်။ shwekhitonlinetv.com

၁၅ ။ Australian ghost shark

သြစတေးလျား သရဲငါးမန်းတွေဟာ အရိုးနုငါးအမျိုးအစားဖြစ်ပြီး Holocephali နွယ်ဝင်ရေနေသတ္တဝါမျိုးစိတ်ဖြစ်ပါတယ်။ သူတို့တွေကို သြစတေးလျတောင်ပိုင်း၊ တက်စ်မေးနီးယား နဲ့ နယူးဇီလန်နိုင်ငံများမှာ တွေ့ရှိနိုင်ပါတယ်။ ရေနက်ပိုင်း ၀ ပေကနေ ၆၅၆ ပေ အနက်ပိုင်းအတွင်းမှာ တွေ့နိုင်တဲ့ အကောင်လေးတွေဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply