ကမ္ဘာပျက်သွားရင် ကမ္ဘာကို ပြန်လည်မွေးဖွားနိုင်ဖို့ လူသားတွေ ပြင်ဆင်နေတဲ့ အရာ

မင်္ဂလာပါ ရွှေခေတ်ပရိသတ်ကြီးရေ… Shwe Khit Online TV ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ အကြောင်းကြောင်းကြောင့် ကမ္ဘာမြေပေါ်က အပင်တွေမျိုးသုဉ်းပျောက်ကွယ်သွားခဲ့တဲ့အခါမှာ ကမ္ဘာကြီးကို အသစ်တစ်ဖန်ပြန်လည် မွေးဖွားပေးနိုင်မယ့် နေရာတစ်ခုအကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ယနေ့ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးဟာ လူသားတွေကြောင့်ဖြစ်ပေါ်တဲ့ ဘေးနဲ့ သဘာဝဘေးဒဏ်တွေကြောင့် ရာသီဥတုတွေပြောင်းလဲကာ တဖြည်းဖြည်း ပျက်စီးစပြုလာနေပြီ ဆိုတာ ဘယ်သူမှငြင်းဆန်လို့မရတဲ့ အမှန်တရားတစ်ခုပဲဖြစ်ပါတယ်။ shwekhitonlinetv.com

တကယ်လို့များ ကမ္ဘာကြီးရဲ့တချို့ဒေသတွေမှာ သဘာဝကပ် ဘေးအန္တရာယ်ဆိုးတွေလိုမျိုး၊ ဒါမှမဟုတ် နျူကလီးယားစစ်ပွဲတွေ ဖြစ်ပွားတဲ့အခါ မျိုးတွေမှာ တော့ အဲဒီဒေသမှာရှိတဲ့ အပင်တွေဟာလည်း ကျိန်းသေပေါက်မျိုးတုန်းပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီလိုမျိုးအပင်တွေမရှိတော့တဲ့အခါမှာ နောက်ဆက်တွဲဆိုးကျိုးတွေနဲ့အတူ လူသားတွေဟာလည်းအနှေးနဲ့ အမြန် ပျောက်ကွယ်မျိုးသုဉ်းရမှာပဲဖြစ်ပါတယ်။ အဲဒီလို အပင်တွေ ပျောက်ကွယ်မျိုးတုန်းမယ့် အန္တရာယ်မျိုးကြုံလာတဲ့အခါမှာ ပြန်လည်အစားထိုးနိုင်ဖို့ အစီအစဉ်တစ်ရပ်ကို သိပ္ပံပညာရှင်တွေက အကောင်အထည်ဖော်ခဲ့ပါတယ်။ shwekhitonlinetv.com

ဒါကတော့ ကမ္ဘာပေါ်က အပင်မျိုးစိတ်တွေရဲ့ မျိုးစေ့တွေကို တစ်နေရာတည်းမှာ ခိုင်ခံ့လုံခြုံစွာ ထိန်းသိမ်းထားဖို့ပဲဖြစ်ပါတယ်။ ဒီမျိုးစေ့ဘဏ်ကိုတော့ သဘာဝအလျောက် အေးခဲတဲ့ရာသီဥတုမျိုးရှိနေတဲ့ နော်ဝေး နိုင်ငံ Svalbard (ရှဗားဘာ့) ဒေသမှာ ထားရှိဖို့အားလုံးသဘောတူခဲ့ပြီး ဒီအဆောက်အဦးကိုလည်း ကမ္ဘာမှာ အရေးအကြီးဆုံးနေရာတစ်နေရာလို့ တညီတညွတ်တည်းသတ်မှတ်ခဲ့ကြပါတယ်။ shwekhitonlinetv.com

မြောက်ဝင်ရိုးစွန်း အာတိတ်ဒေသနဲ့ ထိစပ်နေတဲ့ နော်ဝေနိုင်ငံရဲ့အကြီးဆုံးကျွန်း Spitsbergen (စပစ်ဘာဂမ်) ကတောင်တစ်လုံးရဲ့အောက် အတွင်းဘက်မှာ ကြီးမားရှည်လျားတဲ့ ဂိုထောင်ကြီး တစ်လုံးကိုတည်ဆောက်ခဲ့ကြပါတယ်။ shwekhitonlinetv.com

ဒီအဆောက်အဦးကြီးအတွင်းမှာ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာပေါ်က ရှိသမျှအပင်တိုင်းရဲ့ မျိုးစေ့တွေကို ထိန်းသိမ်းထားပါတယ်။ နောင်မမြင်နိုင်တဲ့အနာဂါတ်မှာ အပင်တွေကို ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ဖို့ ဒီလိုထိန်းသိမ်းထားတာရတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

အဆောက်အဦး ဂိုထောင်ကြီး ရဲ့ အဓိကအစိတ်အပိုင်းများ

ဒီမျိုးစေ့ဘဏ်ကို Svalbard Global Seed Vault (ရှဗားဘာ့ ဂလိုဘယ် စိ ဗော့သ်) လို့ ခေါ်ပါတယ်။ ဂိုထောင်ရဲ့ အရှည်က (၄၂၇) ပေ ရှည်ပြီး မျိုးစေ့ပုံစံပေါင်း (၉၈၃၃၁၆) ခန့်သိုလှောင်သိမ်းဆည်းထားခဲ့ပြီးဖြစ်တယ် လို့မှတ်တမ်းများအရသိရပါတယ်။ shwekhitonlinetv.com

ဒီလိုထိန်းသိမ်းတဲ့နေရာမှာ ခေတ်မီနည်းပညာတွေ အသုံးပြုကာစီမံသိုလှောင် ထိန်းသိမ်းထားတာကြောင့် နှစ်ထောင်ပေါင်းများစွာအထိ ကြာရှည်ခံနိုင်တယ်လို့ လည်းသိရပါတယ်။ ဒီဂိုထောင်မှာ ကမ္ဘာ့နိုင်ငံတိုင်းက အပင်ပုံစံတွေကို လက်ခံလျက်ရှိနေပြီး နိုင်ငံပေါင်းစုံကအပင်မျိုးစေ့တွေရှိသလို မြန်မာနိုင်ငံကမျိုးစေ့တွေလည်း ရှိပါတယ်။ shwekhitonlinetv.com

မြောက်ကိုရီးယားလိုနိုင်ငံမျိုးကတောင် လာရောက်အပ်နှံထားတဲ့ မျိုးစေ့တွေတောင်ပါဝင်တယ်လို့ သိရပါတယ်။ အပင်ပုံစံတွေကို သေတ္တာတွေနဲ့ အကန့်အလိုက်ခွဲထားပါတယ်။ ဒီအပင်မျိုးစေ့တွေကို စစ်ပွဲတွေကြောင့် ပျက်စီးသွားခဲ့တဲ့ ဆီးရီးယားနိုင်ငံ Aleppo (အလက်ပို) မြို့အနီးမှာ ပထမဆုံး အသုံးချသွားမယ်ဖို့စီစဉ်ထားကြောင်းလည်း သိရပါတယ်။ shwekhitonlinetv.com

ဒီအစီအစဉ်ကို နော်ဝေနိုင်ငံနဲ့အကူအညီနဲ့ Crop Trust အဖွဲ့အစည်းက စတင်ခဲ့တာဖြစ်ပြီး Svalbard Global Seed Vault ကို (၂၀ဝ၈) ခုနှစ်မှာတည်းက စတင်ဖွင့်လှစ်ခဲ့ တာပဲဖြစ်ပါတယ်။ ဒီအဆောက်အဦးကြီးအတွက် ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ (၉) သန်း ဖြစ်ပါတယ်။ ဒီဂိုထောင်ကို အမြဲလိုလိုသော့ခတ်ထားလေ့ရှိပြီး လူအနည်းငယ်ပဲ ဒီဂိုထောင်ထဲကို ဝင်ထွက်ခွင့်ရှိတယ်လို့လည်းသိရပါတယ်။ shwekhitonlinetv.com

ရေခဲနေတဲ့ ဒီအဆောက်အဦးရှိရာဒေသမှာ မနှစ်ကတုန်းက အပူချိန်အလွန်မြင့်တက်လာတဲ့အတွက် ရေခဲတွေအရေပျော်ကာ အဆောက်အဦး ဥမင်လိုဏ်ခေါင်းထဲကို ရေတွေဝင်ခဲ့ပါသေးတယ်။ ဒါကြောင့် အဆောက်အဦးဘေးမှာ မြောင်းတွေဖောက်လိုက်ပြီး ရေမစိမ့်နိုင်တဲ့ နံရံအသစ်တွေကိုပါ ထပ်မံ တပ်ဆင်လိုက်ပြီဖြစ်လို့ အဆောက်အဦးဟာ အခုအချိန်မှာတော့ ပိုမိုခိုင်ခံ့ခဲ့ပြီဖြစ်ကြောင်း အသိပေးတင်ဆက်လိုက်ရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply