အသုံးပြုရလွယ်ကူအဆင်ပြေစေဖို့ နေ့စဥ်သုံးပစ္စည်းတွေကို ဆန်းသစ်စွာ ဖန်တီးပြုလုပ်ခဲ့ကြတဲ့ ပညာရှင်များ

တီထွင်ဖန်တီးတဲ့သူတွေသာ မရှိခဲ့ရင် ဒီကမ္ဘာလောကကြီးမှာ အရာရာဟာ ခက်ခဲပင်ပန်းနေမယ်ထင်ပါတယ်။ အသုံးပြုရလွယ်ကူစေဖို့သာမက မျက်စိအမြင်တင့်တယ်စေဖို့အတွက်လည်း ထည့်သွင်းစဥ်းစားပြီး ဖန်တီးတတ်ကြသူတွေပါ။ ဥပမာအနေနဲ့ပြောရရင် လမ်းဘေးမှာထားဖို့အတွက် ထိုင်ခုံပြုလုပ်တဲ့အချိန်မှာတောင် အဖက်ဖက်ကနေ အများပြည်သူ အဆင်ပြေစေဖို့ သေချာစဥ်းစားပြီးမှ ဆောက်လုပ်တတ်ကြပါတယ်။ ဆန်းသစ်ပြီး အသုံးဝင်လှတဲ့ ပစ္စည်းတွေအကြောင်းကို ရွှေခေတ်ပရိတ်သတ်ကြီးအတွက် အခုပဲ ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ အိမ်ခြေရာမဲ့တွေအတွက် ခုံတန်းလျား

အိမ်ခြေရာမဲ့တွေဟာ ညအခါမှာ လမ်းဘေးခုံတန်းတွေပေါ်မှာ အိပ်စက်လေ့ရှိပါတယ်။ ဒါ့ကြောင့် အိပ်စက်တဲ့အခါ အဆင်ပြေစေဖို့အတွက် ထိုင်ခုံမှာ ခေါင်းအုံးပုံစံထည့်သွင်းပြီး တည်ဆောက်ခဲ့ပါတယ်။ အပန်းဖြေ အညောင်းအညာဖြေဖို့အတွက် ထိုင်ခုံအဖြစ် အသုံးပြုနိုင်သလို လဲလျောင်းအိပ်စက်ဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ shwekhitonlinetv.com

၂။ ချိစ်တုံးပုံစံကီးဘုတ်

သာမန်ကီးဘုတ်တခုကို အသုံးပြုရတာ ငြီးငွေ့လာပြီဆိုရင်တော့ ဒီချိစ်ပုံစံ ကီးဘုတ်ကို ပြောင်းသုံးဖို့ အကြံပြုလိုပါတယ် ။ ဒါပေမယ့် ဗိုက်ဆာတယ်ဆိုပြီးတော့ ကီးဘုတ်ကိုတော့ မကိုက်မိစေနဲ့နော်။ shwekhitonlinetv.com

၃။ ၁၉၈၀ ကျော်က လက်ပတ်နာရီ

၁၉၈၀ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ အိုမီဂါတံဆိပ် လက်ပတ်နာရီပဲ ဖြစ်ပါတယ်။ ဖောက်ထွင်းမြင်ရတဲ့ နာရီရဲ့ ဒီဇိုင်းကြောင့် ကိုယ့်အသားအရောင်နဲ့ တထပ်တည်းကျနေမှာပါ။ အမြင်ဆန်းသစ်လှပြီး ထူးခြားတဲ့ နာရီဒီဇိုင်းပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ လှည့်လို့ရတဲ့ အဆင့်လေးတွေပါတဲ့ ရေခဲသေတ္တာ

ကျွန်တော်တို့ တွေ့မြင်နေကျ ရေခဲသေတ္တာများရဲ့ ပါဝင်တဲ့ အဆင့်တွေဟာ အသေတပ်ဆင်ထားတာ ဖြစ်ပါတယ်။ ဒီပုံမှာ တွေ့မြင်ရတဲ့ ရေခဲသေတ္တာမှာတော့ အဆင့်တွေကို လှည့်လို့ရတဲ့ အနေအထားဖန်တီးထားပါတယ်။ ဒါ့ကြောင့် ရေခဲသေတ္တာအတွင်းဆုံးအပိုင်း ကိုရောက်နေတဲ့ ပစ္စည်းတွေကို အလွယ်တကူ ယူလို့ရနိုင်ပါတယ်။ shwekhitonlinetv.com

၅။ စက်ဘီးသမားတွေအတွက် အမှိုက်တောင်း

ပုံမှာတွေ့မြင်ရတဲ့ အမှိုက်တောင်းကတော့ နယ်သာလန်နိုင်ငံမှာရှိတဲ့ အမှိုက်တောင်းပဲ ဖြစ်ပါတယ်။ စက်ဘီးသမားတွေ စက်ဘီးစီးရင်း အမှိုက်ပြစ်လိုတဲ့အခါ လွယ်ကူအဆင်ပြေစေဖို့အတွက် ဖန်တီးထားတာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ အလွယ်တကူ ချိုးလို့ရတဲ့ ခုံတန်းလျား

စားပွဲခုံအနေနဲ့ ဖြစ်စေ ကျောမှီအနေနဲ့ ဖြစ်စေ အလွယ်တကူ အသုံးပြုနိုင်ဖို့အတွက် ဖန်တီးထားတဲ့ ခုံတန်းလျား ဖြစ်ပါတယ်။ ခေါက်ချိုးလို့ရတဲ့ တီထွင်မှုကြောင့် အသုံးပြုရတဲ့ ပြည်သူတွေမှာတော့ အရမ်းကို အဆင်ပြေသွားတယ်ဆိုတာကို တွေ့နိုင်ပါတယ်။ shwekhitonlinetv.com

၇။ ဘောပင်အရောင်းဆိုင်ရဲ့ တံခါးလက်ကိုင်

ဘောပင်အရောင်းဆိုင်တခုရဲ့ တံခါးလက်ကိုင်ကတော့ တွေ့ရတဲ့အတိုင်း ဖောင်တိန်သဏ္ဍာန်ကို တွေ့မြင်ရမှာပါ။ တံခါးလက်ကိုင်ရဲ့ ဒီဇိုင်းနဲ့တင် ဆွဲဆောင်မှုရှိနေတဲ့ ဘောပင်အရောင်းဆိုင်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ပေါင်မုန့်ကင်ဒီဇိုင်း ဖုန်းကာဗာ

ဖုန်းကာဗာကိုမြင်တိုင်း ဗိုက်ဆာနေစေမယ့် ဒီဇိုင်းပါပဲနော်။ တကယ့်အစစ်တခုနဲ့မခြား တူညီနေတဲ့ ပေါင်မုန့်ကင်ကာဗာဒီဇိုင်းကတော့ ချီးကျူးစရာပါပဲ။ shwekhitonlinetv.com

၉။ ဆိုလာစနစ်သုံး အားသွင်းခုံတန်းလျား

ဆိုလာစနစ်သုံး အားသွင်းပေါက်ပါဝင်တဲ့ ခုံတန်းလျားပဲ ဖြစ်ပါတယ်။ အပန်းဖြေ ဖုန်းသုံးရင်း အားသွင်းလို့လည်းရ အနားယူလို့လည်းရတဲ့ ခုံတန်းလျားကို တီထွင်ခဲ့တဲ့သူကတော့ တကယ်ကို စိတ်ကူးကောင်းတာပါပဲနော်။ shwekhitonlinetv.com

၁၀။ သာမန်ထက်မြင့်နေတဲ့ ခုံတန်းလျား

ရေကန်ရဲ့ အနီးမှာ ပြုလုပ်ထားတဲ့ ခုံတန်းလျားတွေပဲ ဖြစ်ပါတယ်။​ ပင်လယ်ရေမြင့်တက်လာတဲ့အခါ သတိထားမိနိုင်စေဖို့အတွက် သာမန်ခုံတန်းလျားတွေထက် ၁ မီတာ မြင့်ကာ ဆောက်လုပ်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၁။ ထိုင်ခုံ ( သို့မဟုတ် ) လှေကား

ထိုင်ခုံလိုလည်း အသုံးပြုလို့ရသလို တချိန်တည်းမှာပဲ လှေကားအသေးစားလေးတခုအဖြစ်လည်း အသုံးပြုနိုင်စေဖို့ ဖန်တီးထားတဲ့ အရာပဲ ဖြစ်ပါတယ်။ စိတ်ကူးကောင်းတဲ့ ဖန်တီးမှုပါပဲနော်။ shwekhitonlinetv.com

၁၂။ ရေချိုးခန်းဒီဇိုင်း

ပုံမှာတွေ့မြင်ရတဲ့ ရေချိုးခန်းဒီဇိုင်းကတော့ အမြင်အာရုံကို မှောက်မှားသွားစေနိုင်တဲ့ ဒီဇိုင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအခန်းထဲကို ဝင်မယ်ဆိုရင်တော့ မသောက်ပဲ မူးသွားနိုင်ပါတယ်နော်။ shwekhitonlinetv.com

၁၃။ စာကြည့်တိုက်ထဲက ထိုင်ခုံ

ထိုင်ခုံတွေကို နံရံထဲမှာ ထည့်သွင်းပြီး သိမ်းထားနိုင်ဖို့အတွက် ပြုလုပ်ထားတဲ့ နံရံဒီဇိုင်းပဲ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် နေရာလွတ်တွေကို ဖန်တီးနိုင်ပြီး ကြည့်လိုက်တာနဲ့တင် ရှင်းလင်းသပ်ရပ်စေပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။