၂၀၁၉ ခုနှစ်အတွင်း မျိုးသုဥ်းပျောက်ကွယ်သွားခဲ့တဲ့ သနားစရာ သတ္တဝါမျိုးစိတ်များ

ကမ္ဘာပေါ်မှာရှိတဲ့ သတ္တဝါမျိုးစိတ်တွေဟာ ရှေးပဝေသဏီတည်းက လူသားတွေနဲ့အတူ ကမ္ဘာပေါ်မှာ ဖြစ်တည်နေထိုင်လာခဲ့ကြတာဖြစ်ပါတယ်။ ခေတ်အဆက်ဆက်ပြောင်းလဲလာတာနဲ့အမျှ တစ်ချို့သောသတ္တဝါမျိုးစိတ်တွေဟာလည်း ဆင့်ကဲဖြစ်စဥ်တွေနဲ့ မျိုးစိတ်အသစ်အသစ်တွေ ဖြစ်ပေါ်လာခဲ့သလို အချို့မျိုးစိတ်တွေကတော့ ကမ္ဘာမြေပေါ်ကနေ အပြီးအပိုင် မျိုးသုဥ်းပျောက်ကွယ်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။ အခုတစ်ခေါက်ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းကမှ လုံးဝမျိုးသုဥ်းပျောက်ကွယ် သွားကြတဲ့ သတ္တဝါမျိုးစိတ် (၇) မျိုးအကြောင်းပဲဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုကြည့်ကြပါဦးနော် ….. shwekhitonlinetv.com

၁။ Sumatran Rhino

ဆူးမားတြားကြံ့ (Sumatran Rhino) တွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ ကြံ့မျိုးစိတ်တွေထဲမှာ အရွယ်အစားအသေးငယ်ဆုံးကြံ့မျိုးစိတ်ဖြစ်တယ်လို့သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဆူးမားတြားကျွန်းဟာသူတို့ရဲ့ မူလဇာတိဖြစ်လို့ ဆူးမားတြားကြံ့ လို့ခေါ်တွင်ပုံရပါတယ်။ ဝမ်းနည်းစရာကောင်းတာက နောက်ဆုံးကျန်ရှိတဲ့ ဆူးမားတြားကြံ့လေး (Iman) ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း ကင်ဆာကြောင့်သေဆုံးခဲ့ရပါတယ်။ shwekhitonlinetv.com

(Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။)

၂။ Chinese Paddlefish

ရေကြည်ရေသန့်မှာ ရှင်သန်ပေါက်ဖွားတဲ့ ငါးကြီးမျိုးဖြစ်ပြီး တရုတ်နိုင်ငံ ယန်ဇီမြစ်ထဲမှာ တွေ့ရတက်တဲ့ငါးတွေဖြစ်ပါတယ်။ မျိုးသုဥ်းမယ့်အရေးနဲ့ ရင်ဆိုင်နေရတာကြောင့် ၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း စီမံချက်နဲ့ ဒီငါးတွေကို ထိန်းသိမ်းခဲ့ပေမယ့်လို့ ၂၀၁၉ ခုနှစ်အရောက်မှာတော့ နောက်ဆုံးကျန်ရှိတဲ့ အကောင်သေဆုံးခြင်းနဲ့အတူ မျိုးသုဥ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Yangtze Giant Softshell

TurtleXiangxiang လို့အမည်ပေးထားတဲ့ အခွံပျော့လိပ်မလေးဟာလည်း ပြီးခဲ့တဲ့ ၂၀၁၉ ဧပြီလထဲမှာ သေဆုံးခဲ့ပါတယ်။ ဒါဟာ နောက်ဆုံးကျန်ရှိတဲ့ အခွံပျော့ လိပ်မျိုစိတ် (၃) ခုအနက် (၁) ခုမျိုးသုဥ်းသွားခြင်းလည်းဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၄။ Indian Cheetah

အိန္ဒိယနိုင်ငံရဲ့ သဲကန္တာရမြေများ တိုးပွားလာခြင်း၊ ရှင်သန်နေထိုင်ရာစားကျက်များပျောက်ဆုံး နည်းပါးလာခြင်းနဲ့ အတူပဲ ကျားသစ်မျိုးစိတ်တစ်မျိုးဖြစ်တဲ့ (Indian Cheetah) တွေဟာလည်း မျိုးသုဥ်းသွားပြီဖြစ်တယ်လို့သိရပါတယ်။ သူတို့ကိုနောက်ဆုံးမြင်တွေ့ခဲ့ရတာက ၂၀၁၉ စက်တင်ဘာလ ထဲမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Spix Macaw

Spix Macaw ဆိုတာကတော့ ရှားပါးငှက်မျိုးစိတ်တစ်မျိုးပဲဖြစ်ပါတယ်။ ကြက်တူရွေးနွယ်ဝင်တွေဖြစ်တဲ့ Spix Macaw တွေရဲ့ မွေးရင်းမြေကတော့ ဘရာဇီးလ်နိုင်ငံမှာဖြစ်ပါတယ်။ ဖော်ပြထားတဲ့ပုံကတော့ သူတို့ကိုနောက်ဆုံးတွေ့ရှိခဲ့တဲ့ ၂၀၁၆ ခုနှစ်က ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာတော့ ဒီငှက်မျိုးစိတ်တွေမျိုးသုဥ်းပျောက်ကွယ်ခဲ့ပြီဖြစ်တယ်လို့ ကြေညာခဲ့ပေမယ့်လည်း Spix Macaw တွေရှိနေသေးတယ်ဆိုတာကိုယုံကြည်ပြီး ဆက်လက်ရှာဖွေနေတဲ့ ပညာရှင်တွေတော့ရှိနေပါသေးတယ်။ shwekhitonlinetv.com

၆။ Catarina Pupfish

Catarina Pupfish တွေကတော့ မက္ကဆီကိုနိုင်ငံမှာတွေ့ရှိရတဲ့ ရေချိုငါးလေးတွေဖြစ်ပါတယ်။မြေအောက်ရေထုတ်ယူမှုကြောင့် သဘာ၀ ပတ်၀ န်းကျင်နဲ့ ဂေဟစနစ် ပျက်ပြားသွားခြင်းနဲ့အတူမျိုးသုဉ်းသွားခဲ့တဲ့ ငါးလေးတွေလည်းဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်လောက်ထိ ဒီငါးလေးတွေဟာတောတွင်းမှာ သဘာဝအတိုင်းနေထိုင်ခဲ့ကြတာပါ။ ဒါပေမယ့်လည်း လျှင်မြန်စွာလျော့ပါးလျှက်ရှိတဲ့အကောင်ရေကြောင့် ၂၀၁၂ ခုနှစ်မှာ ထိန်းသိမ်းမွေးမြူရေးတွေ လုပ်ခဲ့ကြပေမယ့်လို့ ၂၀၁၉ ခုနှစ်အရောက်မှာတော့ လုံးဝမျိုးသုဥ်းသွားခဲ့ရတာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Indochinese Tiger

အရှေ့တောင်အာရှ အင်ဒိုချိုင်းနားကျွန်းဆွယ်ဒေသတွေမှာသာ တွေ့ရတဲ့တောရိုင်းသတ္တဝါမျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ တောတွင်းမှာလူတွေရဲ့အမဲလိုက်ခြင်း၊ မှောင်ခိုသမားတွေရဲ့ဖမ်းဆီးခြင်းတွေကြောင့် အရေအတွက်အနည်းငယ်ပဲကျန်ရှိတော့လို့ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံတွေအနေနဲ့ ဖမ်ဆီးထိန်းသိမ်းခဲ့ကြပါတယ်။ သူတို့တွေဟာ အင်ဒိုချိုင်းနားကျားတွေကို မျိုးဆက်ပြန့်ပွားနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းခဲ့ကြပေမယ့်လည်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာတော့ မျိုးသုဥ်းသွားပြီဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com

Be the first to comment

Leave a Reply