အရပ်ရှည်တဲ့ သူတွေသာ ကြုံတွေ့ရမယ့် မရိုးနိုင်သော အခက်အခဲများ

အခုတစ်ခါမှာတော့ ပရိသတ်ကြီးကို ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ အရပ်ရှည်တဲ့သူတွေသာ ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ သူတို့တွေ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရလဲဆိုတာကိုတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁ ။ ရှုခင်းတွေ ကို မကြည့်နိုင်ခြင်း

တစ်ခါတစ်လေ လေယာဉ်စီးရတဲ့ အခါ အရပ်ရှည်တဲ့သူတွေ အဖို့ တစ်ချို့လေယာဉ်တွေဟာ အဆင်မပြေလှပါဘူး ။ ကိုယ်ကတော့ ရှုခင်းတွေ ကြည့်ချင်လို့ ပြတင်းပေါက်နေရာမှာ ထိုင်နေရပေမယ့်လည်း ကိုယ့်အရပ်က လေယာဉ် ပြတင်းပေါက်ထက် ခေါင်းတစ်လုံးလောက် ပိုမြင့်နေတဲ့အခါ အတော်လေးကို ခွကျလှပါတယ်။ တစ်ကယ်လို့ ရှုခင်းကြည့်ချင်သပဆိုရင် ခါးကုန်းပြီး ကြည့်တာ ( ဒါမှမဟုတ် ) ထိုင်ခုံကို နောက်မှီပြီး ကြည့်မှပဲ အဆင်ပြေမှာပါ ။ shwekhitonlinetv.com

၂ ။ မီးပွိုင့်ကို မမြင်ရတဲ့ အမျိုးသား

ဒီပုံမှာဆိုရင်လည်း အမျိုးသားတစ်ယောက်ဟာ အရပ်ရှည်ပေမယ့်လည်း သူ မောင်းနေတဲ့ ကားက သေးနေတဲ့အခါ ဘယ်လို မြင်ကွင်းမျိုး ဖြစ်နေလဲဆိုတာကို ဓာတ်ပုံရိုက်ပြထားတာပဲ ဖြစ်ပါတယ် ။ တစ်ဖက်လမ်းက ယာဉ်တွေကို သာ မြင်ရပြီး မီးပွိုင့်ကို မမြင်ရတာကြောင့် အနည်းငယ်တော့ အန္တရာယ်များတယ်လို့ပဲ ပြောရမှာပါ ။ shwekhitonlinetv.com

၃ ။ အိပ်ယာနဲ့ မဆန့်ခြင်း

အရပ်ရှည်တဲ့သူတွေ တော်တော်များများ ကြုံတွေ့နေရတဲ့ ပြဿနာတွေ ထဲမှာ ဒီပုံထဲကလိုမျိုးလည်း တစ်ခု အပါအဝင်ပါ ။ ကိုယ် အိပ်မယ့် အိပ်ယာက ကိုယ့်အရပ်ထက် သေးနေတဲ့ အခါ ခြေထောက်ဘက်က လွတ်နေတာကြောင့် အိပ်တဲ့ အခါ အတော်လေးကို အခက်တွေ့ရပါတယ် ။shwekhitonlinetv.com

၄ ။  မိမိ အရပ်ထက် စားပွဲခုံက နိမ့်နေသောအခါ

အခုပုံမှာဆိုရင်တော့ ဆရာဝန်တစ်ယောက်ဟာ ကွန်ပျုတာ သုံးတဲ့အခါ ဖြစ်သလို အဆင်ပြေအောင် ထိုင်နေရတာပဲဖြစ်ပါတယ် ။ တစ်ချို့ခုံတွေက ပိုမြင့်အောင် မြှင့်လို့ရပေမယ့်လည်း သူထိုင်တဲ့ခုံက မြှင့်မရတာကြောင့် ပုံမှာ မြင်ရတဲ့အတိုင်း ကွန်ပျူတာနဲ့ မျက်နှာ တစ်သားတည်း ကျအောင် ထိုင်နေရတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅ ။ ရေချိုးကန်နဲ့ မဆန့်တဲ့ အမျိုးသား

ပုံထဲက အမျိုးသားကတော့ သူ့အရပ်နဲ့ ဆန့်မယ့် ရေချိုးကန် တစ်ခုကို ဝယ်ဖို့ လိုအပ်နေပါပြီ ။ မဟုတ်ရင်တော့ သူများတွေလို တစ်ကိုယ်လုံး စိမ်ဖို့ မဆန့်တာကြောင့် ရေချိုးရင် တစ်ကယ့်ကို ကသိကအောက် ဖြစ်နေမှာ အသေအချာပါပဲ ။ shwekhitonlinetv.com

၆ ။ ဓာတ်ပုံရိုက်ရင် ပုံအပြည့် မပါခြင်း

ဒီလိုအဖြစ်မျိူးကိုလည်း အရပ်ရှည်တဲ့သူ တော်တော်များများ ကြုံဖူးကြမှာပါ ။ ကိုယ်ကတော့ အမှတ်တရ လျှပ်တပြက်ပုံ ရိုက်ခံရပေမယ့်လည်း တစ်ကယ်လည်း ပုံကို ပြန်ကြည့်တဲ့အခါ အခုလိုမျိူး ကိုယ် အပြည့်မပါတဲ့ အဖြစ်တွေကများပါတယ် ။ ဒါ့အပြင် အုပ်စုလိုက် selfie ရိုက်ရင်တောင် ရှေ့ဆုံးကနေ ကင်မရာကိုင်ရတဲ့ ဒဏ်ကလည်း မသေးလှပါဘူး ။ shwekhitonlinetv.com

၇ ။ ထိုင်ခုံနဲ့ ဒူးခေါင်း မလွတ်သောအခါ

ဒီပုံမှာဆိုရင်လည်း အမျိုးသား တစ်ယောက်ဟာ သူထိုင်ရတဲ့ ထိုင်ခုံနဲ့ ရှေ့ထိုင်ခုံက ကပ်လွန်းတာကြောင့် ခြေထောက်ကို ဖြစ်သလို ထားထားရတာကို မြင်ရမှာပါ ။ ဘက်စ်ကား စီးတဲ့အခါကျရင်လည်း အခုလို ခုံမျိုးနဲ့ ထိုင်ရတဲ့အခါ ခြေထောက်ထားဖို့ အဆင်မပြေဖြစ်နေတာတွေကို ကြုံဖူးကြမယ်ထင်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ အရပ်ရှည်တဲ့သူတွေ နေ့စဉ် ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေကို ဟာသအဖြစ် ပုံဖော်တင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး အကြောင်းအရာလေးတွေကို တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှု အားပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။