တော်ရုံလူတွေ သတိမထားမိလောက်အောင် တည်ဆောက်ထားတဲ့ လျှို့ဝှက် အိမ်များ

ပရိသတ်ကြီးကို အခုတစ်ခါပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာကြီး ပေါ်က လျှို့ဝှက်စွာ တည်ဆောက်ထားတဲ့ အိမ်တွေအကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်လိုမျိုး လျှို့ဝှက်စွာ ဆောက်ထားလဲ ဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁ ။ မြက်ခင်းတွေ ဖုံးထားတဲ့ အိမ် ( အမေရိကန် နိုင်ငံ )

အခုပုံမှာ မြင်ရတဲ့ အိမ်ကတော့ အမေရိကန်နိုင်ငံ ၊ တက္ကဆက်ပြည်နယ် မှာ တည်ရှိတာပဲ ဖြစ်ပါတယ် ။ အိမ်ရဲ့ အပြင်ပိုင်းကို ကြည့်မယ်ဆိုရင် မြေကြီးရဲ့ အတွင်းပိုင်း ၆.၅ ပေ ( ၂မီတာ ) လောက်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ် ။ အတွင်းပိုင်းမှာဆိုရင်တော့ လုံး၀ကို သက်တောင့်သက်သာ ရှိစေမယ့် ပုံစံမျိုး တည်ဆောက်ထားပြီး နောက်ဖေးဘက် မှာဆိုရင် ရေကန် အသေးစားလေးတစ်ခုပါ ထည့်ထားပါသေးတယ် ။ shwekhitonlinetv.com

၂။ ကျောက်တုန်းတွေထဲမှာ ဆောက်ထားတဲ့ ဇိမ်ခံအိမ် ( လက်ဘနွန် နိုင်ငံ )

ဒီအိမ်ရဲ့ အပြင်ပိုင်းပုံစံကို ကြည့်လိုက်တာနဲ့တင် တစ်ကယ့်ကို ခေတ်ရှေ့ပြေးနေတဲ့ အိမ်ဒီဇိုင်းပုံစံမှန်း သိသာစေပြီး တစ်ကယ့်ကို လက်ရာ မြောက်လွန်းလှပါတယ်။ တည်ဆောက်ထားတဲ့ နေရာကတော့ လက်ဘနွန်နိုင်ငံ ၊ ဘေရွတ် မြို့ မှာ ဖြစ်ပြီး အိမ်ရဲ့ ဒီဇိုင်းပညာရှင်ကတော့ Alex Hogrefe ပဲ ဖြစ်ပါတယ် ။ သူ့ရဲ့ ပြောကြားချက်အရ ဒီအိမ်ကို ဒီဇိုင်းဆွဲတဲ့အခါ လှိုင်း နဲ့ မြူနှင်း ဒဏ်တွေကို ခံနိုင်ရည်ရှိအောင် အဓိကထား တည်ဆောက်ခဲ့ရတယ်လို့ ပြောပြထားပါတယ်။ shwekhitonlinetv.com

၃ ။ မှန်ကုဗတုံး ပုံစံနဲ့ ဆောက်ထားတဲ့ ဟိုတယ် ( ဆွီဒင် နိုင်ငံ )

ဆွီဒင်နိုင်ငံမှာ ရှိတဲ့ မှန်ဟိုတယ် တစ်ခုကတော့ အပြင်ပိုင်း ကိုယ်ထည်တစ်ခုလုံးကို မှန်အပြည့်နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် အနီအောက်ရောင် ခြည်ကို အသုံးပြုထားတာကြောင့် ငှက်တွေ အတွက် အတားအဆီးတစ်ခုရှိမှန်း သိသာအောင် လုပ်ပေးထားပါသေးတယ် ။ တောထဲမှာ စိမ်းလန်းစိုပြည်နေတဲ့ သစ်ပင်တွေနဲ့ နေချင်သူတွေ အတွက်တော့ တစ်ကယ့်ကို အဆင်ပြေစေမှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄။ Vals စံအိမ် ( ဆွစ်ဇာလန် နိုင်ငံ )

အခုလို ပုံစံနဲ့ စံအိမ်ဖြစ်လာခဲ့ရတဲ့ အကြောင်းကတော့ ဒေသတွင်း ဥပဒေအရ အထပ်အမြင့် အဆောက်အဦးတွေ ဆောက်တာဟာ ကျေးလက်ရှုခင်းကို ပိတ်ပင်သလို ဖြစ်တာကြောင့် အာဏာပိုင်တွေက တားမြစ်ခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အိမ်ကို ဒီဇိုင်းဆွဲတဲ့ ပညာရှင်တွေဟာ လှိုဏ်ဂူ သဘောမျိုး ဖောက်ပြီး ဒီအထဲမှာ စံအိမ်ဆောက်ဖို့ စီစဉ်ခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅။ တောင်ကြားထဲက အိမ် ( အမေရိကန်နိုင်ငံ )

အမေရိကန်နိုင်ငံ ၊ Utah ပြည်နယ်မှာ တောင်ကြားထဲ ဆောက်ထားတဲ့ အိမ်လေးတစ်အိမ် ရှိပါတယ် ။ ဒီအိမ်လေးကို ၁၉၆၈ ခုနှစ်တုန်းက စုံတွဲတစ်တွဲ ဟာ တိတ်ဆိတ်တဲ့ နေရာလေးမှာ နေချင်တာကြောင့် ဆောက်ခဲ့တာလို့ သိရပါတယ် ။ တစ်ကယ့်ကို ကျောက်သားတွေ ကြားက နေရာလွတ်မှာ အံဝင်အောင် ဆောက်နိုင်ခဲ့တဲ့ လက်ရာကိုတော့ ချီးကျူးစရာ ကောင်းလှပါတယ် ။ shwekhitonlinetv.com

၆။ ချောက်ကမ်းပါးက အိမ် ( ချီလီနိုင်ငံ )

ချီလီနိုင်ငံ ၊ Coquimbo မှာ ရှိတဲ့ အိမ်ကတော့ ကုန်းမြေဘက်က နေကြည့်ရင်တော့ တိုင်လေးတွေသာ တွေ့ရမှာ ဖြစ်ပြီး အိမ်ရှိတယ်လို့တောင် မထင်လောက်ပါဘူး ။ ဒါပေမယ့် မြစ်ဘက်ကနေ ကြည့်မယ်ဆိုရင်တော့ ချောက်ကမ်းပါး ပေါ်မှာ သေချာ အကျအန ဆောက်ထားတဲ့ အိမ်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအိမ်ကို ဆောက်တဲ့နေရာမှာ အဆင့် ( ၂ ) ဆင့်ထားကာ ဆောက်ခဲ့ပြီး ပထမ အဆင့်ကတော့ အောက်ခြေ မြေအောက်မှာ ပါ ဆောက်ထားတာ ဖြစ်ပြီး အပေါ်ဘက်မှာတော့ သာမန် တစ်ထပ်စာလောက်ပဲ ဆောက်ထားတာ ဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာတစ်ဝှမ်းက လျှို့ဝှက်စွာ ဆောက်ထားတဲ့ အိမ်တွေ အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာတွေကို ရှာဖွေတင်ဆက် ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။