ရုတ်တရက် ကြည့်လိုက်ရင် အထင်မှားသွားစေနိုင်တဲ့ ဓာတ်ပုံများ

ဒီတစ်ခေါက်မှာတော့ ပြောပြပေးမယ့် အကြောင်းအရာကတော့ ရုတ်တရက် ကြည့်လိုက်ရင် အထင်နဲ့ အမြင် တက်တက်စင်အောင် လွဲသွားမယ့် ပုံတွေ အကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေ ကိုယ်မြင်ရတဲ့ အမြင်နဲ့ တစ်ကယ်ဖြစ်နေတဲ့အကြောင်းတွေက ဘယ်လိုလေးတွေ လွဲသွားမလဲဆိုတာ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် … shwekhitonlinetv.com

၁။ ဒီပုံလေးကို ရုတ်တရက် ကြည့်လိုက်မယ်ဆိုရင် မင်းသား ဝီလျံ လက်ခလယ် ထောင်ထားတယ်လို့ မြင်သွားကြမှာ အမှန်ပါပဲ ။ တစ်ကယ့် အဖြစ်အပျက်မှန်ကတော့ တော်ဝင်မင်းသားက ဓာတ်ပုံအရိုက်ခံရင်း လက် ၃ ချောင်း ထောင်ပြနေတာပဲ ဖြစ်ပါတယ် ။ တစ်ခါတစ်လေ ကိုယ့်ရဲ့ အထင်နဲ့ အမြင် လွဲတတ်ပုံလေးကို ဒီပုံက သက်သေပြနေတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ လမ်းပေါ်မှာ ကားမောင်းနေရင်း ရုတ်တရက် ဒီကားလေးကို မြင်မိလိုက်ရင် တအံ့တသြ ဖြစ်သွားစေမှာ အသေအချာပါပဲ ။ အိမ်သုံးကား အသေးလေးကိုမှ ထရပ်ကားပုံစံ ကိုပါ ထပ်ပြီးချိတ်ထားသေးတာပဲ ဖြစ်ပါတယ်။ ဘယ်လို စိတ်ကူးနဲ့ ဒီလိုမျိုး လုပ်ထားလဲဆိုတာကတော့ ကားပိုင်ရှင်သာ အသိဆုံး ဖြစ်မှာပါ ။ shwekhitonlinetv.com

၃။ အခုမြင်နေရတာကတော့ ဆော်ဒီအာရေဗျနိုင်ငံက မင်းသား တစ်ယောက် ပိုင်ဆိုင်တဲ့ သိန်းငှက်တွေကို လေယာဉ်နဲ့ တင်ဆောင်လာတာပဲ ဖြစ်ပါတယ်။ မင်းသားဟာ သူ့ရဲ့ သိန်းငှက်တွေအတွက် လေယာဉ် လက်မှတ်တွေ ဝယ်ယူခဲ့တာ ဖြစ်ပြီး သိမ်းငှက်အကောင် ( ၈၀ ) လောက်အတွက် လက်မှတ်ဝယ်ခဲ့တယ်ဆိုတဲ့ ဒီသတင်းဟာ လူတွေအကြားမှာတော့ အတော်လေး ဟော့ဖြစ်သွားခဲ့ပါသေးတယ် ။ shwekhitonlinetv.com

၄။ အမျိုးသားတစ်ယောက်ဟာ အားလပ်ရက် အပန်းဖြေခရီးထွက်ရင်း ကျွန်းတစ်ခုပေါ်မှာ ဒီပုံလေးကို ရိုက်ကူးခဲ့တာပါ ။ ပုံထဲမှတော့ ကျွန်းပေါ်က မျောက်လေးတွေဟာ သူနဲ့ အတူ ကျောက်စရစ်ခဲလေးတွေကို ကောက်ဖို့ကို အာရုံရနေတာလည်း ဖြစ်ပါတယ်။ သာမန်ဆို အငြိမ်မနေတတ်တဲ့ မျောက်လေးတွေဟာ ဒီလို ငြိမ်ငြိမ်နေတဲ့ အချိန်အတွင်း အမိအရ ရိုက်ကူးထားတာမို့လို့ သူ့ဘဝရဲ့ အကောင်းဆုံး ဓာတ်ပုံတွေထဲက တစ်ပုံဖြစ်တယ်လို့ ဒီအမျိုးသားက ပြောထားပါသေးတယ် ။ shwekhitonlinetv.com

၅။ ဒီပုံလေးရဲ့ အကြောင်းကိုတော့ လူတော်တော်များများ ဖတ်ဖူးမိကြမှာပါ ။ အီရန်နိုင်ငံက အမျိုးသမီးငယ်လေးတစ်စုဟာ ဘောလုံးကို ခရေဇီဖြစ်လွန်းတာကြောင့် သူတို့ အားပေးတဲ့ ဘောလုံးအသင်းကို ယောကျာ်လေးပုံစံ ရုပ်ဖျက်ပြီး သွားအားပေးကြတာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ အီရန်နိုင်ငံမှာ အမျိုးသမီးတွေဟာ ဘောလုံးကွင်းထဲဝင်ပြီး အားပေးလို့မရဘူးဆိုတဲ့ ဥပဒေကြောင့်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ ရုတ်တရက်ကြည့်လိုက်ရင် အထင်မှား၊ အမြင်မှား ဖြစ်သွားစေနိုင်တဲ့ ပုံတွေအကြောင်းကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုးအကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကိုစောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။