ဘာပဲလုပ်လုပ် ဆန်းဆန်းပြားပြား လုပ်လိုက်ရမှ သဘောကျကြသူများ

ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီး အတွက် အပျင်းပြေ ဖတ်နိုင်မယ့် အကြောင်းအရာလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ ဘယ်လို အကြောင်းအရာမျိုးလဲဆိုတော့ သူများတွေထက် ထူးထူးဆန်းဆန်း လုပ်ရတာကို သဘောကျတဲ့ သူတွေ အကြောင်းပါ။ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို သေချာဖတ်ရင် သဘော ပေါက်သွားမှာမို့လို့ အတူတူ ကြည့်လိုက်ရအောင်နော်…. shwekhitonlinetv.com

၁။ ရေကြီးနေပေမယ့်လည်း အပျော်မပျက်ခဲ့တဲ့ အမျိုးသားများ

ပုံထဲက အမျိုးသားတွေကတော့ ရေကြီးနေလည်း စိတ်ညစ်ပြီး မှိုင်တွေမသွားခဲ့ကြပါဘူး ။ အကြောင်းကတော့ သူတို့နေထိုင်တဲ့ ရပ်ကွက်မှာ ရေကြီးသွားခဲ့ပေမယ့်လည်း ပျော်စရာကို ကြံဖန်ရှာယူပြီး အပန်းဖြေတတ်ကြတယ်ဆိုတာ ဒီပုံလေးကို ကြည့်လိုက်တာနဲ့ သိသာသွားစေနိုင်ပါတယ် ။ shwekhitonlinetv.com

၂။ အကြံပိုင်လွန်းတဲ့ ဆံပင်ညှပ်ဆရာ

တစ်ခါတစ်လေ ကိုယ်လုပ်တဲ့ အလုပ်မှာ တစ်ခြားလုပ်ငန်းတူတွေထက် ပိုထူးပြီးကောင်းတဲ့ အိုင်ဒီယာ ထုတ်တတ်ဖို့လည်း လိုပါသေးတယ် ။ ပုံထဲက ဆံပင်ညှပ်ဆရာကတော့ သူ့ရဲ့ ဖောက်သည်တွေ အဆင်ပြေအောင် ဝန်ဆောင်မှုတစ်ခုပေးထားပါတယ်။ shwekhitonlinetv.com

ဒါကတော့ ဆံပင်ညှပ်တဲ့အခါ အပေါ်က ဖုံးပေးထားတဲ့ ပိတ်စ အလယ်နေရာကို အပေါက်လေး ဖောက်ပေးထားပါတယ်။ ဒီလို ဖောက်ပေးထားလိုက်တဲ့အတွက် ဆံပင်ညှပ်ရင်း ဖုန်းသုံးချင်တဲ့သူတွေအတွက် အဆင်ပြေသွားပြီး ဆိုင်ကို လာအားပေးကြတဲ့ Customers တွေလည်း များလာပါတယ်တဲ့ ။ shwekhitonlinetv.com

၃။ အသက် ( ၂ ) ချောင်း အပိုပါတဲ့ အမျိူးသား

ဒီအမျိုးသားကတော့ တစ်ကယ့်ကို အကြောက်အလန့် မရှိတဲ့ လူလို့ပဲ ပြောရတော့မှာပါ ။ ရထားစောင့်နေရင်း ဖုန်းအားသွင်းနေသလို တစ်ဖက်မှာလည်း နားကြပ်တပ်ပြီး သီချင်းနားထောင်နေတာပါ ။ ဒီလို လုပ်တာဟာ အခန့်မသင့်ရင် လျှပ်စစ်ရှော့ခ် ဖြစ်သွားတာနဲ့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တာကြောင့် ပရိသတ်ကြီးအနေနဲ့ ဒီလိုမျိုးတော့ မလုပ်မိစေဖို့ အကြံပေးလိုက်ပါတယ်နော်…. shwekhitonlinetv.com

၄။ ဖရဲသီးစားရင်း ဗီဒီယို ကြည့်နည်း အသစ်

တစ်ခါတစ်လေ အလုပ် ( ၂) ခုကို တစ်ပြိုင်တည်း လုပ်နိုင်ဖို့ဆိုတာ လွယ်မယောင်နဲ့ အခက်လွန်းပါတယ်။ ပုံထဲက အမျိူးသမီးကတော့ ဖရဲသီးစားရင်း ဗီဒီယို ဘယ်လိုကြည့်သင့်လဲဆိုတာ နည်းလမ်း အသစ်ကို ချပြလိုက်ပါတယ်။ ဒါကတော့ ကြွပ်ကြွပ်အိတ်ကို မျက်မှန် ကိုင်း ( ၂ ) ဖက်မှာ ချိတ်ပြီး အစေ့ထွေးထုတ်သွားနိုင်လို့ ခဏခဏ အစေ့တွေ ထပြီး ပစ်နေရမယ့် ဒုက္ခကနေလည်း ကင်းဝေးသွားနိုင်မှာ ဖြစ်ပါတယ် ။shwekhitonlinetv.com

၅။ ဖိနပ်အသစ် ဝယ်ထားတာ မကြာသေးသောအခါ

လူတော်တော်များများမှာ ဖိနပ်အသစ်လေး ဝယ်ထားပြီးရင် ကိုယ့်ရဲ့ ဖိနပ်ကို တစ်ပတ် ၊ နှစ်ပတ်လောက်တော့ အပေအတေ မခံပဲ စီးကြတာ များပါတယ်။ ဒါပေမယ့်လည်း ဒီဖိနပ်ပိုင်ရှင်ကတော့ သူ့ရဲ့ ဖိနပ်အသစ်လေးကို သူများတွေထက် ပိုပြီး သည်းသည်းလှုပ် ဖြစ်နေတာကြောင့် မြေကြီးနဲ့တောင် တိုက်ရိုက် အထိမခံတော့ပါဘူး ။ shwekhitonlinetv.com

၆။ ခဲတစ်လုံးထဲနဲ့ ငှက် ( ၂ ) ကောင် ပစ်ခြင်း

ဉာဏ်ကောင်းတာ ကောင်းပေမယ့် ဉာဏ်အကောင်းလွန်ပြီး အပျင်းကြီးသွားရင်တော့ ပြသနာရှိနိုင်ပါတယ်။ ဒီပုံထဲမှာဆိုရင်လည်း ပန်းကန်ဆေးရမှာ ပျင်းလို့ ရေချိုးရင်းနဲ့ ကန်ထဲမှာ တစ်ခါတည်း ပန်းကန်တွေပါ ဆေးလိုက်တာလည်း ဖြစ်ပါတယ် ။ ရုတ်တရက် ကြည့်လိုက်ရင်တော့ အကြံပိုင်တယ်လို့ ထင်ရပေမယ့် တစ်ကယ်တမ်းမှာတော့ ပန်းကန်က ဆီတွေနဲ့ အနံ့တွေ စွဲသွားစေနိုင်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ သူများတွေထက် ဆန်းဆန်းပြားပြား လုပ်တတ်တဲ့ သူတွေ အကြောင်းကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလို အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply