မြောက်ကိုရီးယား နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံကြားက ကွဲပြားတဲ့ လူနေမှုပုံစံများ

၁၉၄၅ ခုနှစ်တုန်းက ကိုရီးယား နိုင်ငံဟာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ဆိုပြီး နှစ်နိုင်ငံ ကွဲသွားပါတယ်။ နှစ်ပေါင်း ( ၇၀ ) ကျော် အကြာမှာတော့  ဒီနှစ်နိုင်ငံအတွင်းက လူနေမှုပုံစံတွေ ဘယ်လို ကွဲပြားသွားလဲဆိုတာ ဓာတ်ပုံ ဆရာ တစ်ယောက်က ယှဉ်ပြီး ရိုက်ပြထားတာပဲ ဖြစ်ပါတယ် ။ ဓာတ်ပုံဆရာရဲ့ နာမည်ကတော့ Ed Jones ဖြစ်ပြီး ဒီနှစ်နိုင်ငံ အတွင်းက လူနေမှုပုံစံတွေနဲ့ ယဉ်ကျေးမှု ပုံစံတွေ ဘယ်လို မတူညီလဲဆိုတာ ရိုက်ပြထားတာမို့ အောက်ကပုံလေးတွေကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ ရေကစားကွင်းက မိန်းကလေးတစ်ဦး

ပထမ ပုံကတော့ မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့က Munsu ရေ ကစားကွင်းကို လာရောက်လည်ပတ်တဲ့ မိန်းကလေး ပုံ ပါ။ နောက်တစ်ပုံကတော့ တောင်ကိုရီးယားနိုင်ငံက Caribbean Bay ရေကစားကွင်းက မိန်းကလေးတစ်ဦးရဲ့ ပုံ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Gas Stattion ဆိုင်က အလုပ်သမားပုံ

ဒါကတော့ မြောက်ကိုရီးယားနိုင်ငံ နဲ့ တောင်ကိုရီးယားနိုင်ငံ Gas Stattion ဆိုင်က အလုပ်သမားပုံတွေကို ရိုက်ပြထားတာပါ။ shwekhitonlinetv.com

၃။ အသက် ( ၂၃ ) နှစ် အရွယ် ကျောင်းသား

ဒီပုံမှာဆိုရင်တော့ မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်း မြို့တော်က အသက် ( ၂၃ ) နှစ် အရွယ် ကျောင်းသားနဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က အသက်  ( ၂၃ ) နှစ် အရွယ် ကျောင်းသား ကို နှိုင်းယှဉ်ပြထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄။ နယ်ခြားစောင့် တပ်ဖွဲ့ဝင်

အခုပုံကတော့ နှစ်နိုင်ငံ နယ်စပ်မှာ ရှိတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေရဲ့ ပုံကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ စျေးဝယ်ကြသူတွေရဲ့ ဓာတ်ပုံ

နောက်တစ်ပုံကတော့ Shopping mall မှာ စျေးထွက်တဲ့အခါ မြောက်ကိုရီးယားနိုင်ငံ နဲ့ တောင်ကိုရီးယားနိုင်ငံက စျေးဝယ်ကြသူတွေရဲ့ ဓာတ်ပုံကို အပေါ်အောက် ယှဉ်ပြီး ရိုက်ပြထားတာပါ ။ shwekhitonlinetv.com

၆။ စာသင်ခန်းပုံ

ဒီပုံလေးမှာဆိုရင်တော့ အပေါ်ပုံမှာ မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့က သိပ္ပံနဲ့ နည်းပညာစင်တာက ကွန်ပျူတာ စာသင်ခန်းပုံ ဖြစ်ပါတယ်  ။ အောက်ပုံကတော့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က  Yonsei တက္ကသိုလ်ရဲ့ ကွန်ပျူတာ  စာသင်ခန်းပါ။ shwekhitonlinetv.com

၇။ ရေကစား ပန်းခြံက ဝန်ထမ်း

ဒါကတော့ မြောက်ကိုရီးယားနိုင်ငံမှာ ရှိတဲ့ Munsu ရေကစား ပန်းခြံမှာ အလုပ် လုပ်နေတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ ပုံဖြစ်ပြီး ဒုတိယ ပုံကတော့ တောင်ကိုရီးယားနိုင်ငံက One Mount ရေကစား ပန်းခြံမှာ အလုပ် လုပ်နေတဲ့ lifeguard အမျိုးသား တစ်ယောက်ရဲ့ ပုံပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ကျောင်းသူလေး

အခု မြင်နေရတဲ့ ပထမ ပုံကတော့ မြောက်ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ ကလေးများနေ့မှာ တွေ့ရတဲ့ အသက် ( ၉ ) နှစ် အရွယ် ကျောင်းသူလေး ဖြစ်ပြီး ဒုတိယ ပုံကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ fashion week မှာတွေ့ရတဲ့ အသက် ( ၁၀ ) နှစ်အရွယ် ကျောင်းသူလေးပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ မြောက်ကိုရီးယားနိုင်ငံ နဲ့ တောင်ကိုရီးယားနိုင်ငံ ကြားက ကွဲပြားလှတဲ့ လူနေမှု ပုံစံတွေကို ယှဉ်ပြထားတဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ် ။ ပရိသတ်ကြီး အနေနဲ့ ဒီပုံတွေထဲမှာ ဘာတွေ ကွဲပြားနေလဲဆိုတာ ကိုယ့်ရဲ့ အမြင်လေးတွေကို Comment မှာ ပြောပြပေးခဲ့ပါဦးနော်။

နောက်ပိုင်းတွေမှာလည်း ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။