ကမ္ဘာကြီးပေါ်က တိုးမပေါက်အောင် ပြည့်ကျပ်လွန်းတဲ့ နာမည်ကြီး နေရာများ

ပရိသတ်ကြီး ဒီတစ်ခါမှာ ကမ္ဘာပေါ်က ယာဉ်အသွားအလာ ပြည့်ကျပ်လေ့ရှိတဲ့ နာမည်ကြီး နေရာ အချို့ကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ် ။ ဒီနေရာတွေဟာဆိုရင် ရုံးတက်ရုံးဆင်းရတဲ့ နေ့တွေမှာ တိုးမပေါက်လောက်အောင် ပြည့်ကျပ်လွန်းတဲ့ နေရာတွေ ဖြစ်တာကြောင့် ဘယ်မြို့တွေ ပါမလဲဆိုတာ တစ်ပုံချင်းစီ ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ ပေကျင်း ( တရုတ်နိုင်ငံ )

ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံတစ်ခု ဖြစ်တဲ့ တရုတ်နိုင်ငံမှာဆိုရင်တော့ ယာဉ်ကြောကျပ်တယ်ဆိုတာ အထူးအဆန်းတစ်ခုတော့ မဟုတ်ပါဘူး ။ အခုမြင်တွေ့နေရတာကတော့ တရုတ်နိုင်ငံ ၊ ပေကျင်းမြို့က လမ်းမတစ်နေရာမှာ ယာဉ်ကြောတွေ ဘယ်လောက်တောက် ကြပ်နေလဲဆိုတာ ကောင်းကင်ယံကနေ ရိုက်ပြထားတာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ ဒါကာ ( ဘင်္ဂလားဒေ့ရှ် )

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြို့တော်တစ်ခုဖြစ်တဲ့ ဒါကာ မြို့မှာဆိုရင်တော့ အခုလိုမျိုး သုံးဘီးယာဉ်တွေနဲ့ ပြည့်နှက်နေတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃။ တိုကျို ( (ဂျပန်နိုင်ငံ )

ဒီပုံလေးကတော့ ဂျပန်နိုင်ငံ ၊ တိုကျိုမြို့က ရုံးတက်ရတဲ့ နေ့တွေ့မှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ပုံစံပဲ ဖြစ်ပါတယ် ။ ရုံးတက်သူတွေ ၊ ကျောင်းတက်သူတွေ က များပြားလွန်းတာကြောင့် ခရီးသည်တွေ အထဲရောက်အောင် ဝန်ထမ်းတွေက အပြင်ကနေ အားကြိုးမာန်တက် တွန်းပေးနေရတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ လန်ဒန် ( ဂရိတ်ဗြိတိန် )

လန်ဒန်မြို့ရဲ့ ဘူတာရုံတွေဟာဆိုရင်လည်း ရုံးဖွင့်ရက်တွေမှာ အခုလိုမျိုး ခရီးသည်တွေနဲ့ တိုးမပေါက်အောင် များပြားနေတာလည်း ဖြစ်ပါတယ် ။ လူအုပ်ကြားထဲရောက်ရင် ခေါင်းမူးတတ်တဲ့သူတွေ အဖို့တော့ တော်တော်လေးကို အဆင်မပြေဖြစ်စေမှာပါ ။ shwekhitonlinetv.com

၅။ ကမ်ပါလာ ( ယူဂန္ဒာနိုင်ငံ )

အခုမြင်တွေ့နေရတာကတော့ ယူဂန္ဒာနိုင်ငံ ၊ ကမ်ပါလာမြို့က တက္ကစီဂိတ် တစ်ခုပဲ ဖြစ်ပါတယ် ။ နေရာပတ်ပတ်လည် တစ်ခုလုံး တက္ကစီတွေနဲ့ အပြည့်ဖြစ်နေတာကြောင့် ခရီးသည်တွေအနေနဲ့ ကားအဝင်အထွက်လုပ် နေတဲ့အချိန်မှာတောင် တရေးတမော အိပ်ရင်း စီးနေလို့တောင် ရပါတယ် ။ shwekhitonlinetv.com

၆။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ

ဒါကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရထားပြေးဆွဲမှု တစ်ခုရဲ့ မြင်ကွင်းလည်း ဖြစ်ပါတယ်။ အတွင်းပိုင်း ထိုင်ခုံတွေမှာ လူပြည့်သွားလို့ အမိုးပေါ်ကနေ လိုက်စီးနေတဲ့သူတွေလည်း ရှိသလို ဘေးဘက်ကနေ တွယ်ပြီး စီးနေကြသူတွေလည်း ပါပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာကြီးပေါ်က ယာဉ်ကြောတွေ အပြည့်ဆုံးနေရာတွေထဲက တစ်ချို့ကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply