ကမ္ဘာပေါ်က စျေးအကြီးဆုံး ပန်းပွင့် (၆) မျိုး

ပန်းပွင့်ကလေးတစ်ပွင့်၊ ပန်းပင်ကလေးတစ်ပင်က တန်ဖိုး ဒေါ်လာသန်းချီတန်တယ်လို့ တစ်စုံတစ်ယောက်ကသင့်ကိုပြောလာခဲ့ရင် သင်ယုံနိုင်ပါ့မလား ? မယုံမရှိပါနဲ့ ပရိသတ်ကြီးရေ ကမ္ဘာပေါ်မှာ အမှန်တစ်ကယ်ပဲ တန်ဖိုးဒေါ်လာ သိန်း၊ သန်းချီပြီးရှိတဲ့ ရှားပါးပန်းပွင့်တွေရှိနေပါတယ်။ ဘယ်လိုပန်းတွေကများ ဒီလောက်တောင်တန်ဖိုး ကြီးမားနေကြသလဲဆိုတာတော့ အကြောင်းအရာလေးကို ဆက်လက်ဖတ်ရှုလိုက်ကြပါဦးနော် ….. shwekhitonlinetv.com

၆။ Gloriosa: $10 per Stem

ဒီပန်းကိုတော့ Flame Lilies၊ Fire Lilies၊ Glory Lilies လို့လည်းခေါ်ကြပါတယ်။ ပန်းပွင့်ပုံသဏ္ဍာန်က ထူး့ခြားပြီးလှပသလို အဆိပ်အတောက်လည်းရှိပါတယ်။ လက်ရှိအချိန်မှာ ရှားပါးနေပြီဖြစ်တာကြောင့် ဒီပန်းပွင့် (၁) ပွင့်ကို အမေရိကန်ဒေါ်လာ (၁၀) ဒေါ်လာလောက်တန်ကြေးရှိနေပါတယ်။ shwekhitonlinetv.com

(Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။)

၅။ 17th-Century Semper Augustus: $5,700 per Bulb

ရှားပါးကျူးလစ် (Tulip) ပန်းမျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ (၁၇) ရာစုလောက်ကတည်းက နယ်သာလန်နိုင်ငံတဝန်းမှာစိုက်ပျိုးခဲ့တဲ့ပန်းဖြစ်တယ်လို့ သိရပြီး လက်ရှိအချိန်မှာ မျိုးဥတစ်ခြင်းကို အမေရိကန်ဒေါ်လာ (၅,၇၀၀) လောက်တန်ဖိုးရှိတဲ့ပန်း ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Saffron Crocus: $1,500 per Pound

ခရမ်းရောင်အဆင်းရှိပြီး ရွှေအိုရောင် ဝတ်ဆံလေးတွေနဲ့လှပလွန်းတဲ့ ဒီပန်းလေးတွေကတော့ အပင်ငယ်အမျိုးအနွယ်ဝင်ဖြစ်ပါတယ်။ အပင်ပုံစံက ကြက်သွန်ပင်နဲ့ အနည်းငယ်ဆင်တူပြီး အပင်အရွယ်အစားထက် ကြီးမားတဲ့ အပွင့်တွေပွင့်တဲ့ အပင်လည်းဖြစ်ပါတယ်။ သူ့ရဲ့အပွင့်တွေကိုတော့ အလေးချိန်နဲ့ ချိန်တွယ်ပြီး အရောင်းအဝယ်ပြုလုပ်ကြကာ အလေးချိန် (၁) ပေါင်ကို အမေရိကန်ဒေါ်လာ (၁၅၀၀) ဝန်းကျင်တန်ဖိုးရှိပါတယ်။ shwekhitonlinetv.com

၃။ Rotchschild’s Orchid: $5,000 per Plant

Rotchschild’s Orchid ကိုတော့ မလေးရှားနိုင်ငံ ဆာဘားကျွန်းအနောက်ဘက်ကမ်းရိုးတန်းဒေသက Kinabalu တောင်ပေါ်မှာ (၁၉၈၇) ခုနှစ်ကစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အလွန်ရှားပါးတဲ့ သစ်ခွမျိုးစိတ်တစ်မျိုးဖြစ်တာကြောင့် တစ်ပင်ကို အမေရိကန်ဒေါ်လာ (၅၀၀၀) လောက် မှောင်ခိုဈေးကွက်မှာ ပေါက်ကြေးရှိနေပါတယ်။ shwekhitonlinetv.com

၂။ Shenzhen Nongke Orchid: $202,000 per Plant

နာမည်ကျော်စိုက်ပျိုးရေးသုတေသန ကော်ပိုရေးရှင်းတစ်ခုဖြစ်တဲ့ Shenzhen Nongke ကနေ (၂၀၀၅) ခုနှစ်အတွင်း တီထွင်မျိုးစပ်စိုက်ပျိုးခဲ့တဲ့ သစ်ခွတစ်မျိုးဖြစ်ပါတယ်။ အဲ့ဒီသစ်ခွပန်းပင်တစ်ပင်ကိုတော့ လေလံပွဲတစ်ခုမှာ တရုတ်ယွမ်ငွေ ၁.၆၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၀၂,၀၀၀) ပေးပြီးဝယ်ယူသွားခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၁။ Juliet Rose: $5 Million

ဒီပန်းကို ပန်းမျိုးစပ် ပညာရှင်တစ်ဦးဖြစ်တဲ့ David Austin ကအချိန် (၁၅) နှစ်လောက်သုတေသနစမ်းသပ်မှု တွေပြုလုပ်ပြီးမှ အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း အရောင်အဆင်းလှပပြီးနှစ်လိုဖွယ်ရှိတဲ့ ဒီနှင်းဆီပန်းလေးက တန်ဖိုးအရမ်းကြီးမားနေတာထင်ပါရဲ့နော် …… shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com