“Moana” ကာတွန်း ဇာတ်ကားလေးရဲ့ နောက်ကွယ်ကလူတွေသိပ်မသိလောက်တဲ့ အချက်လေးတွေ

Moana ကာတွန်းဇာတ်လမ်းလေးကတော့ ရွှေခေတ်ပရိသတ်တွေလည်းကြည့်ဖူးပြီးသားဖြစ်မယ့် ကာတွန်းကားလေးဖြစ်ပါတယ်။ ဒစ္စနေးကဖန်တီးခဲ့တဲ ကာတွန်းကားပေါင်းများစွာထဲမှာ ဒီကာတွန်းကားလေးက ကလေးရော လူကြီးပါအကြိုက်တွေ့ခဲ့ပြီး ချီးကျူးဂုဏ်ပြုမှုတွေအများအပြားရရှိခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီဇာတ်ကားလေးရဲ့ နောက်ကွယ်ကလူတွေသိပ်မသိလောက်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ ဒစ္စနေးရဲ့ (၅၆) ခုမြောက် ကာတွန်းရုပ်ရှင်

၂၀၁၆ ခုနစ် နိုဝင်ဘာလ (၂၃) ရက်နေ့ကထွက်ရှိခဲ့တဲ့ မိုအားနား (Moana) ကာတွန်းရုပ်ရှင်လေးဟာ ဒစ္စနေးကဖန်တီးခဲ့တဲ့ (၅၆) ခုမြောက်ကာတွန်းရုပ်ရှင်လေးဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ဒစ္စနေးကဖန်တီးရိုက်ကူးထားတဲ့ ကာတွန်းရုပ်ရှင်ပေါင်းဟာ (၆၁) ခုအထိရှိသွားပြီဖြစ်ပြီး မိုအားနားကာတွန်းရုပ်ရှင်လေးက ပရိသတ်တွေရဲ့ အကြိုက်နှစ်သက်ဆုံးစာရင်းမှာ အဆင့် (၂) နေရာမှာရှိပါတယ်။ shwekhitonlinetv.com

၂။ Pua ရဲ့အသံတွေအတွက် တစ်ကယ့်ဝက်တွေကိုသုံးခဲ့

ကာတွန်းကားအတော်များများမှာတော့ ဇာတ်ကောင်တွေရဲ့အသံကို အနုပညာရှင်တွေက နောက်ခံပြောဆိုပေးကြတာဖြစ်ပါတယ်။ ဒါပေမယ့် မိုအားနားကာတွန်းကားထဲက အဓိကဇာတ်ပို့ဇာတ်ကောင်လေးဖြစ်တဲ့ အိမ်မွေးဝက်ကလေး Pua အတွက်အသံတွေကိုတော့ တစ်ကယ့်ဝက်အစစ်တွေရဲ့ အသံတွေကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ နတ်ဘုရားတစ်ပါးကိုအခြေခံပြီးဖန်တီးထားတဲ့ မာဝီ

ဒီဇာတ်ကားလေးထဲက အဓိကဇာတ်ကောင်တစ်ဦးဖြစ်တဲ့ မာဝီ (Māui) ဟာ ပေါ်လီးနီးရှန်း (Polynesian) ရိုးရာ ဒဏ္ဍာရီထဲက ခွန်အားကြီးမားပြီး စွန့်စားတက်တဲ့ နတ်ဘုရား Demi-god Māui ကိုအခြေခံပြီးဖန်တီးထားတာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ဒစ္စနေးကာတွန်းရုပ်ရှင်သမိုင်းရဲ့ အမိုက်ဆုံးဇာတ်ကောင်လေး Heihei

Heihei ဆိုတာကတော့ မိုအားနားကာတွန်းကားရဲ့ ဇာတ်ဝင်ခန်းတော်တော်များများမှာ ပါဝင်ခဲ့တဲ့ကြက်ဖလေးဖြစ်ပါတယ်။ ရယ်စရာကောင်းပြီး အကြောလည်းတင်းတဲ့ ဒီကြက်ဖကလေးဟာ ဒစ္စနေးရဲ့ ကာတွန်းရုပ်ရှင်သမိုင်းမှာဖန်တီးခဲ့သမျှဇာတ်ကောင်တွေထဲမှာတော့ အမိုက်ဆုံးဇာတ်ကောင်လု့ိ ပရိသတ်တွေက သတ်မှတ်ခဲ့ကြပါတယ်။ shwekhitonlinetv.com

၅။ လူပေါင်းရာချီထဲကမှ ရွေးချယ်ခံခဲ့ရတဲ့ (၁၆) နှစ်သမီးလေး

အဓိကဇာတ်လိုက်ဖြစ်တဲ့ မိုအားနားရဲ့အသံအတွက်နောက်ခံစကားပြောမယ့်သူကို စမ်းသပ်ရွေးချယ်ခဲ့ရာမှာတော့ လူပေါင်းရာနဲ့ချီပြီး လာရောက်အရွေးခံခဲ့ပါတယ်။ ဒီထဲကမှ အသက် (၁၆) နှစ်အရွယ် ဟာဝိုင်ရီကျွန်းသူလေး Auli’i Cravalho ကရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ မိုအားနားရုပ်ရှင်ကို ထူးထူးခြားခြား ဂုဏ်ပြုခဲ့တဲ့လေကြောင်းလိုင်း

ပေါ်လီနီးရှန်းဒေသဟာ ပစိဖိတ်သမုဒ္ဒရာထဲကကျွန်းပေါင်း (၁၀၀၀) ကျော်ပါဝင်တဲ့ဒေသတစ်ခုဖြစ်ပါတယ်။ ဒီကျွန်းတွေထဲမှာမှ သူတို့လူမျိုးစုတွေအဓိကနေထိုင်ခဲ့တာကတော့ ဟာဝိုင်ရီကျွန်းမှာဖြစ်ပါတယ်။ ဒါကြောင့် ဟာဝိုင်ရီကျွန်းနဲ့ ပတ်သက်တဲ့အငွေ့အသက်တွေအများကြီးပါဝင်တယ်လို့ပြောလို့ရပါတယ်။ ဒီကာတွန်းကားလေးထွက်ရှိချိန်မှာတော့ ဟာဝိုင်ရီကျွန်းက ဟိုနိုလူလူမြို့မှာအခြေစိုက်တဲ့ Hawaiian Airlines ဟာ သူတို့ရဲ့လေယာဉ် (၃) စင်းကိုယ်ထည်ပေါ်မှာ မိုအားနားကာတွန်းကားထဲကဇာတ်ကောင်တွေကို ရေးဆွဲပြီးဂုဏ်ပြုခဲ့ပါတယ်။ shwekhitonlinetv.com

၇။ The Rock ရဲ့ အဖိုးပုံစံအတိုင်းဖန်တီးထားတဲ့ မာဝီ

ဒီဇာတ်ကားလေးထဲက မာဝီ ရဲ့အစွမ်းတွေဟာ ပေါ်လီးနီးရှန်းဒဏ္ဍာရီထဲက နတ်ဘုရားကိုအခြေခံထားပေမယ့် သူ့ရဲ့ပုံပန်းသဏ္ဍာန်ကတော့ နောက်ခံစကားပြောတဲ့ The Rock ရဲ့ အဖိုးဖြစ်သူရဲ့ပုံစံအတိုင်းဖန်တီးထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။