ရုတ်တရက်ဖြစ်သွားတဲ့ အခြေအနေတွေကို အမိအရ မှတ်တမ်းတင်ထားလိုက်နိုင်တဲ့ ပုံများ

Shwe Khit ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာ ထူးထူးဆန်းဆန်း အကြောင်းအရာလေးတစ်ခုအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒါကတော့ ရုတ်တရတ် ဖြစ်သွားတဲ့ အချိန်ခဏလေးအတွင်းမှာ ဖြစ်ခဲ့တဲ့ ထူးထူးဆန်းဆန်း ပုံလေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်လို ပုံလေးတွေ ဖြစ်မလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

၁။ ပထဆုံး မြင်ရတဲ့ ဒီပုံလေးကတော့ စစ်ရေးပြ အခမ်းအနားတစ်ခုကို ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ ပုံပဲ ဖြစ်ပါတယ်။ ဖြစ်ချင်တော့ တိုက်လေယာဉ်တွေကို ဓာတ်ပုံရိုက်နေတဲ့ အချိန်အတွင်းမှာပဲ ကင်မရာ ရှေ့မှာ စင်ယော်ငှက်တစ်ကောင် ဖြတ်ပျံသွားတာကြောင့် အမှတ်တမဲ့ကြည့်လိုက်ရင် စင်ယော်ငှက်နဲ့အတူ လေယာဉ်တွေ ပျံသန်းနေသလိုမျိုးတွေ့ရမှာပါ။ shwekhitonlinetv.com

၂။ အခုမြင်နေရတဲ့ ပုံကတော့ သဘာ၀ တောတောင်ရှုခင်းအလှတွေကို မှတ်တမ်းတင်ပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံဆရာ တစ်ယောက်ရဲ့ လက်ရာပဲ ဖြစ်ပါတယ်။ ဘယ်လို အကြောင်းကြောင့်လဲတော့ မသိပေမယ့် ဖွတ်အကောင်လေးကို ဂစ်တာတီးတဲ့ပုံစံလေးနဲ့ တွေ့နေရတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ နောက်တစ်ပုံကတော့ ကမ်းခြေမှာ ပျံတက်နေတဲ့ ဝေလငါးတစ်ကောင်ကြီးကို တွေ့ရမှာပါ။ တစ်ကယ်တမ်းမှာတော့ စွန်ပြိုင်ပွဲတစ်ခုအတွင်းမှာ ဒီဇိုင်းပုံစံထွင်ထားတဲ့ ဝေလငါးပုံစံတူ စွန်တစ်ခုပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ဒါကတော့ ပန်းခြေတစ်ခုမှာ ဒီဇိုင်းဆွဲ ဖန်တီးထားတဲ့ 3D လက်ရာတစ်ခုပဲ ဖြစ်ပါတယ်။ ဘယ်လောက်အထိ လက်ရာမြောက်လဲဆိုရင် သေချာကြည့်တာတောင်မှ တစ်ကယ့် အစစ်လား ၊ အတုလားဆိုတာ မခွဲနိုင်လောက်တဲ့ အထိပါပဲ ။ shwekhitonlinetv.com

၅။အခုမြင်နေရတဲ့ လူကတော့ တစ်ကယ့်ကို ကံထူးတဲ့ လူလို့ပဲ ပြောရမှာပါ။ မြစ်ထဲကနေ သူဖမ်းမိခဲ့တဲ့ ငါးကြီးက ရိုးရိုးငါးကြီးမဟုတ်ပဲ အတော်လေးကို ကြီးတဲ့ ရွှေငါးကြီးတစ်ကောင်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ တစ်ခါတစ်လေ လှိုင်းလုံကြီးတွေကို တွေ့တဲ့အခါတိုင်း ဒီလှိုင်းလုံးကြီးအောက်မှာ ဘယ်လိုတွေ ဖြစ်နေလဲဆိုတာကို သိချင်မိကြမှာပါ ။ ဒီလို သိချင်တဲ့ လူတွေအတွက် ဓာတ်ပုံဆရာတစ်ယောက်က အခုလိုပဲ ရိုက်ပြထားပါတယ်။ တစ်ကယ့်ကို လှတဲ့ မြင်ကွင်းလေးပါပဲနော်…. shwekhitonlinetv.com

၇။ ဒီပုံလေးကတော့ မီးတောင်တစ်ခုရဲ့ မျက်နှာပြင်အနေအထားတစ်ခုကို ရိုက်ထားတဲ့ ပုံလေးပဲ ဖြစ်ပါတယ်။ ကြည့်ရတာ တစ်ကယ့်ကို လှပလွန်းပေမယ့်လည်း အနားသွားရင်တော့ အန္တရာယ်ရှိနိုင်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြတဲ့ ပုံလေးတွေဟာဆိုရင်တော့ ရုတ်တရက် ဖြစ်သွားတဲ့ အခြေအနေတွေမှာ ရိုက်ထားတဲ့ ပုံလေးတွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလို ထူးထူးဆန်းဆန်းပုံလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကိုစောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။