ထူးဆန်းပြီးစိတ်ဝင်စားစရာကောင်းလှပေမယ့် ယနေ့ခေတ်မှာတော့ ပျောက်ကွယ်သွားပြီဖြစ်တဲ့ ရှေးဟောင်းဖန်တီးမှုများ

ဒီတခေါက်ဖော်ပြပေးမယ့် ဓာတ်ပုံတွေကတော့ ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းလှတဲ့ ရှေးဟောင်းတီထွင်ဖန်တီးမှုတွေအကြောင်းကို ပြသနေတာပဲ ဖြစ်ပါတယ်။ သမိုင်းကြောင်းကို ပြန်လည်ပြောပြနိုင်စွမ်းရှိတဲ့ ဓာတ်ပုံတွေကို တွေ့ရတာဟာ တကယ်ကို စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဘာ့ကြောင့်လဲဆိုတဲ့ အဆိုပါဓာတ်ပုံတွေသာ မရှိခဲ့ရင် ဒီလိုထူးဆန်းတဲ့ တီထွင်ဖန်တီးမှုတွေဟာ အတိတ်တချိန်တုန်းက ရှိခဲ့လားဆိုတာကို သက်သေပြနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါ့ကြောင့် ပရိတ်သတ်ကြီးအတွက် ၁၉၂၀ နဲ့ ၁၉၇၀ ပြည့်လွန်နှစ်များဆီက ထူးဆန်းတဲ့ တီထွင််ဖန်တီးမှုတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ သစ်သားစည်ပိုင်းရေကူးဝတ်စုံများ

၁၉၂၉ ခုနှစ် အမေရိကန်နိုင်ငံ ဝါရှင်တန်မှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ဒီဓာတ်ပုံထဲမှာ တွေ့ရတဲ့ ရေကူးဝတ်စုံတွေကတော့ သစ်သားနဲ့ပြုလုပ်ထားတာကို အံ့သြဖွယ်တွေ့မြင်ရမှာပါ။ ရေကူးရာမှာ လွယ်ကူအဆင်ပြေနိုင်ဖို့အတွက် သစ်သားရေကူးဝတ်စုံကို ဖန်တီးပြုလုပ်ခဲ့တာလို့ သိရပါတယ်။ shwekhitonlinetv.com

၂။ ကလေးငြိမ်စေဖို့ တီထွင်ထားတဲ့ ရေဒီယို

ကလေးတွန်းလှည်းမှာ တပ်ဆင်ထားတဲ့ ရေဒီယိုကို တွေ့ရမှာပါ။ ထိုရေဒီယိုနဲ့အတူ အင်တာနာတိုင်နဲ့ ဂေါ်လံတခုကို တပ်ဆင်ထားပါတယ်။ ကလေးငြိမ်စေဖို့အတွက် ပြုလုပ်ထားတဲ့ ရေဒီယိုလို့လည်း ဆိုပါတယ်။ ရေဒီယိုကြောင့် ကလေးငြိမ်မလား ပိုပြီးငိုစေမလားဆိုတာတော့ မသိနိုင်ပါဘူးနော်။ shwekhitonlinetv.com

၃။ ဖြုတ်လို့ တပ်လို့ရတဲ့ စကိတ်အသွားများ

၁၉၃၆ ခုနှစ်က တီထွင်သူ R. Handl ရဲ့ ဖြုတ်လို့ တပ်လို့ရတဲ့ စကိတ်အသွားတွေပဲ ဖြစ်ပါတယ်။ သာမန်ဝတ်နေကျ ဖိနပ်ရဲ့အောက်မှာ စကိတ်အသွားတွေကို တပ်ဆင်ထားပြီး စီးနင်းနိုင်ပါတယ်။ စိတ်မကောင်းစရာတခုကတော့ ၁၉၉၆ ခုနှစ်နောက်ပိုင်းကာလတွေမှာတော့ အဆိုပါတီထွင်ဖန်တီးမှုကို ရပ်ဆိုင်းလိုက်တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ အိပ်စက်ရင်း တီးခတ်နိုင်တဲ့ Piano

အအိပ်မက်သူတွေအတွက် သီးသန့်တီထွင်ခဲ့သလားလို့တောင် ထင်ရတဲ့ ဖန်တီးမှုဖြစ်ပါတယ်။ ထိုင်လျက်တီးရတဲ့ စန္ဒရားကို အိပ်စက်ရင်း တီးခတ်နိုင်ဖို့အတွက် တီထွင်ဖန်တီးထားတာပါ။ shwekhitonlinetv.com

၅။ အိပ်စက်ရင်း စာအုပ်ဖတ်နိုင်ဖို့

အိပ်ယာထဲမှာ သက်တောင့်သက်သာ အနားယူရင်း စာအုပ်ဖတ်ချင်သူတွေအတွက်တော့ အသုံးဝင်စေမယ့် ဖန်တီးမှုပါပဲ။ ရောင်ပြန်သဘောတရားကို အသုံးပြုဖန်တီးထားတဲ့ မျက်မှန်ကို ဝတ်ဆင်ရင်း အိပ်ယာထဲမှာပဲ စာအုပ်ဖတ်နိုင်ပါတယ်။ shwekhitonlinetv.com

၆။ မြေပြင်မှာရော ရေပြင်မှာပါ စီးနင်းနိုင်တဲ့ စက်ဘီး

ပုံမှာတွေ့မြင်ရတဲ့ ဒီဇိုင်းခပ်ဆန်းဆန်းစက်ဘီးကတော့ ကုန်းမှာရော ရေပြင်မှာပါ စီးနင်းလို့ရတဲ့ စက်ဘီးဖြစ်ပါတယ်။ အလေးချိန် ပေါင် ၁၂၀ အထိ တင်ဆောင်နိုင်ပြီး စက်ဘီးတစီးတည်းနဲ့ အလုပ်ဖြစ်နိုင်စေဖို့ တီထွင်ဖန်တီးခဲ့ဟန်ရှိပါတယ်။ ၁၉၃၂ ခုနှစ် ပါရီမြို့မှာ ရိုက်ကူးထားတာပါ။ shwekhitonlinetv.com

၇။ ဖြုတ်နိုင် တပ်နိုင်တဲ့ တံတား

၁၉၂၆ ခုနှစ် နယ်သာလန်နိုင်ငံမှာ တွေ့မြင်ရတဲ့ L. Deth ရဲ့ တီထွင်ဖန်တီးမှုတခုဖြစ်ပါတယ်။ ပုံမှာတွေ့မြင်ရတဲ့အတိုင်း လူအများကြီးတင်ဆောင်နိုင်တဲ့ အဆိုပါတံတားဟာ ဖြုတ်လို့ တပ်လို့ရပြီး ခေါက်သိမ်းလို့လည်းရတဲ့ တံတားတစင်းဖြစ်ပါတယ်။ အရေးပေါ်တံတားအဖြစ် အသုံးပြုနိုင်ဖို့ တီထွင်ထားခဲ့တာပါ ။ shwekhitonlinetv.com

၈။ နှင်းကာမျက်နှာဖုံးများ

၁၉၃၉ ခုနှစ် ကနေဒါနိုင်ငံမှာ ရိုက်ကူးထားတဲ့ နှင်းကာမျက်နှာဖုံးတွေကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးနှစ်ဦးပုံဖြစ်ပါတယ်။ ပလပ်စတစ်နဲ့ ပြုလုပ်ထားပြီး ခပ်ချွန်ချွန်ဒီဇိုင်း ဖန်တီးထားတဲ့ နှင်းကာမျက်နှာဖုံးတွေဟာ ဖက်ရှင်လည်းကျသလို အသုံးဝင်မယ့်ပုံပါပဲနော်။ ဒါပေမယ့်လည်း အသက်ရှုကြပ်တတ်တဲ့သူတွေအတွက်တော့ အဆင်ပြေစေမယ့် ဒီဇိုင်းမဟုတ်ပါဘူး ။ shwekhitonlinetv.com

၉။ ကင်မရာသေနတ်

ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင်တော့ ခြောက်လုံးပြူးသေနတ်နဲ့ပုံစံတူတဲ့ ဒီပစ္စည်းဟာ တကယ်တမ်းမှာတော့ ကင်မရာတလုံးပါနော် ။ ပုံရဲ့ ဘယ်ဘက်မှာ တွေ့ရှိရတာကတော့ ကင်မရာသေနတ်နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံ ၆ ပုံပါ ။ သေနတ်ရဲ့ခလုတ်ကို ဆွဲလိုက်တာနဲ့ ဓာတ်ပုံရိုက်ကူးလို့ရတာ ဖြစ်ပါတယ် ။ ၁၉၃၈ ခုနှစ် နယူးယောက်မှာ ရိုက်ကူးထားခဲ့တဲ့ ပုံရိပ်ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ သက်တောင့်သက်သာရှိစေတဲ့ မြက်ရိတ်စက်

အနာဂတ်အတွက် မြက်ရိတ်စက်လို့ အမည်ပေးထားတဲ့ ဖန်လုံအိမ်မြက်ရိတ်စက်ကို ၁၉၅၇ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။​ မြက်ရိတ်စက်မှာတော့ အချင်း ၅ပေရှိတဲ့ မှန်နဲ့ပြုလုပ်ထားတဲ့ စက်လုံးပုံစံကို တပ်ဆင်ထားပါတယ်။ ထိုမှန်လုံအိမ်ထဲမှာတော့ လေဖောင်းဆိုဖာနဲ့ သက်တောင့်သက်သာမြက်ရိတ်နိုင်ဖို့အတွက် ပြင်ဆင်ထားပါတယ်။ ဒါ့အပြင် မြက်ရိတ်စက်မှန်လုံအိမ်အတွင်းမှာ သူ့ကိုယ်ပိုင်လျှပ်စစ်အားနဲ့ မီးအလင်းပေးခြင်း ၊ ရေဒီယိုတယ်လီဖုန်းစနစ် ၊ လေအေးပေးစက်နဲ့ ပူပြင်းတဲ့အချိန်မှာ အချိုရည်အေးအေးလေး သောက်နိုင်ဖို့အတွက်ပါ ထည့်သွင်းတပ်ဆင်ထားပါတယ်။ shwekhitonlinetv.com

၁၁။ ပြတင်းပေါက်ကလေးထိန်းခြံ

၁၉၃၇ ခုနှစ် ဇွန်လမှာ ရိုက်ကူးထားတဲ့ ကလေးငယ်လေးနဲ့ ကလေးထိန်းတို့ရဲ့ ဓာတ်ပုံပဲ ဖြစ်ပါတယ်။ Chelsea Baby Club ရဲ့ တီထွင်ဖန်တီးမှုဖြစ်ပြီး အထပ်မြင့်မှာနေထိုင်သူတွေအတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အထပ်မြင့်မှာနေထိုင်ပြီး ဥယျာဥ်ခြံမြေမရှိသူတို့အတွက် ကလေးငယ်ကို ပြတင်းပေါက်မှာ ခြံခတ်ပြီးထုတ်ထားနိုင်ဖို့အတွက် တီထွင်ထားခဲ့တာပါ။ shwekhitonlinetv.com

၁၂။ အစွန်းနှစ်ဖက် ဆေးတံ

ဆေးလိပ်သောက်သူနှစ်ဦး ဝေမျှသောက်လို့ရတဲ့ အစွန်းနှစ်ဖက်ပါတဲ့ ဆေးတံကို တွေ့ရမှာပါ။ ၁၉၄၉ ခုနှစ် နယူးယောက်မှာ အစွန်းနှစ်ဖက်ဆေးတံကို သောက်ပြနေတဲ့ အမျိုးသားနှစ်ဦးရဲ့ ဓာတ်ပုံဖြစ်ပါတယ်။ shwekhitonlinetv.com

၁၃။ နေရောင်ခံအရည်စက်

ပုံမှာတွေ့မြင်ရတဲ့ မိန်းကလေးကိုင်ထားတာဟာ ဓာတ်ဆီဖြည့်တဲ့ပန့်မဟုတ်ပါဘူးနော်။ နေရောင်ထဲထွက်တဲ့အခါ အသားအရည်ကို ရွှေညိုရောင်သန်းသွားစေတဲ့အရည်များကို ကိုယ်ပေါ်မှာ ဖြန်းလို့ရတဲ့ စက်ပဲဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ် ဇန်နဝါရီ ၁၉ ချီကာဂိုမှာကျင်းပပြုလုပ်တဲ့ စက်ပစ္စည်းမိတ်ဆက်ပွဲမှာ ပွဲထုတ်ခဲ့တဲ့ လိုးရှင်းစက်ဖြစ်ပါတယ်။ စက္ကန့် ၃၀ ဖြန်းပြီးတဲ့နောက် ရွှေညိုရောင်သန်းတဲ့ အသားအရည်ကို ပိုင်ဆိုင်နိုင်ပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၁၄။ တုန်ခါစေတဲ့အတွင်းခံ

လျှပ်စီးကြောင်းများစီးဆင်းနေတဲ့ လျှပ်စစ်ဘရာတခုကို ဝတ်ဆင်နေတဲ့ မော်ဒယ်လ်ကို တွေ့မြင်ရမှာပါ။ ၁၉၇၁ ခုနှစ် မတ်လ ၁၃ ရက် Brussels မှာကျင်းပတဲ့ အကြိမ် ၂၀ မြောက်နိုင်ငံတကာ တီထွင်ဖန်တီးမှုများပွဲမှာ ပွဲထုတ်ခဲ့တဲ့ တုန်ခါဘရာပဲ ဖြစ်ပါတယ်။ တုန်ခါဘရာဟာ ရင်သားကို ဖွံ့ဖြိုးပြီးသန်မာစေကာ အလုပ်သွားတဲ့အခါမှာလည်း အဆိုပါ ဘရာကို ဝတ်ဆင်ထားနိုင်ပါတယ်။ shwekhitonlinetv.com

၁၅။ လေမှုတ်ပေးမယ့်ဇွန်း

ပူလောင်တဲ့ စွပ်ပြုတ်တွေကို စားသုံးတဲ့အခါ ပါးစပ်နဲ့ မှုတ်ပြီးအအေးခံစရာမလိုပဲ ဇွန်းမှာပါ တခါတည်း ပန်ကာတပ်ထားပြီး အအေးခံနိုင်တဲ့ တီထွင်မှုကို တွေ့မြင်ရမှာပါ။ အိုင်ဒီယာကောင်းမွန်လှတဲ့ ဖန်တီးမှုဖြစ်ခဲ့ပေမယ့် ပန်ကာတပ်ထားတဲ့ ဇွန်းကို အသုံးပြုရမှာကတော့ အဆင်ပြေနိုင်မယ် မထင်ပါဘူးနော်။ shwekhitonlinetv.com

၁၆။ ကော်ဖီကြိုက်သူများအတွက်စက်

ကားရဲ့ Dashboard မှာကော်ဖီစက်ကို တပ်ဆင်ထားပြီး အချိန်မရွေးကော်ဖီသောက်နိုင်တဲ့ ဖန်တီးမှုဖြစ်ပါတယ်။ တီထွင်ဖန်တီးသူရဲ့ ပြောစကားအရ ကော်ဖီစက်မှာ ကော်ဖီ ၃ ခွက်အထိ သောက်သုံးနိုင်တဲ့ ရေပမာဏအလုံအလောက်ကို ထည့်သွင်းထားနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါကော်ဖီစက်မှ စွပ်ပြုတ်ပြုလုပ်ခြင်း ၊ ကြက်ဥပြုတ်ခြင်း နဲ့ ရေနွေးတည်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

၁၇။ Chain Smoker

စီးကရက်အလိပ် ၂၀ ကို ပိုက်မှာထိုးသွင်းတပ်ဆင်ပြီး တခါတည်းသောက်သုံးနိုင်တဲ့ တီထွင်မှုပဲ ဖြစ်ပါတယ်။ ရှေးခေတ်လူတွေရဲ့ စကေးကတော့ အကြမ်းစားပါပဲနော်။ shwekhitonlinetv.com

၁၈။ ပြင်ပအနှောင့်အယှက်တွေ မဝင်နိုင်စေတဲ့ ဦးထုပ်

ရုတ်တရက်ကြည့်ရင် ရေငုတ်ဝတ်စုံနဲ့ ဆင်တူတဲ့ ဒီအုပ်စောင်းကြီးကတော့ တကယ်တမ်းမှာ ပြင်ပအနှောင့်အယှက်တွေ မဝင်နိုင်စေတဲ့ အုပ်စောင်းပဲ ဖြစ်ပါတယ်။ ပုံမှာတွေ့မြင်ရတဲ့ စာရေးဆရာကတော့ သူ့ရဲ့ကိုယ်ပိုင်စာလေ့လာနိုင်ဖို့အတွက် ပြင်ပအသံတွေ မကြားရစေဖို့ အုပ်စောင်းကြီးကို အသုံးပြုထားတာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၉။ ပလပ်စတစ်ဘရာအမာခွက်

ပလပ်စတစ်နဲ့ ပြုလုပ်ထားတဲ့ အမျိုးသမီးဝတ်အတွင်းခံ ဘရာပုံစံခွက်အမာပဲ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း စက်ရုံအလုပ်သမများကို ကာကွယ်နိုင်စေဖို့အတွက် တီထွင်ထားတဲ့ ပလပ်စတစ်ဘရာခွက်အမာပါ။ shwekhitonlinetv.com

၂၀။ ရင်သားဆေးစက်

၁၉၃၀ ခုနှစ်မှာ တွေ့ရတဲ့ အမျိုးသမီးရင်သားဆေးတဲ့စက်ပဲ ဖြစ်ပါတယ်။ စက်မှာပါဝင်တဲ့ အခွက်ကြီးတခုကို ရင်သားမှာ တပ်ဆင်ပြီး ဆေးကြောခြင်း နဲ့ နှိပ်နယ်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။