လေဆိပ်မှာ ဖမ်းဆီးမိခဲ့တဲ့ ထူးထူးဆန်းဆန်း တရားမဝင် ပစ္စည်းများ

ပရိသတ်ကြီးကို အခုတစ်ခါမှာ ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ လေဆိပ်မှာ ဖမ်းဆီးမိခဲ့တဲ့ ထူးထူးဆန်းဆန်း တရားမဝင်ပစ္စည်းတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဘယ်လို ပစ္စည်းတွေကို ဖမ်းဆီးမိခဲ့ကြလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ မြွေ အသေများ

၂၀၀၇ ခုနှစ်တုန်းက အတ္တလန်တာ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ထူးထူးဆန်းဆန်း ပစ္စည်းတွေကို ဖမ်းဆီးမိခဲ့ပါတယ်။ ဒါတွေကတော့ တောင်ကိုရီးယားနိုင်ငံသား တစ်ဦး ရဲ့ ခရီးဆောင်အိတ်ထဲမှာ ယူဆောင်လာတဲ့ အဆိပ်ပြင်း မြွေအသေတွေပဲ ဖြစ်ပါတယ် ။ ဘယ်လို အကြောင်းကြောင့် ဒီမြွေတွေကို ယူဆောင်ခဲ့လဲဆိုတာတော့ မသိခဲ့ရပေမယ့်လည်း ဥပေဒေအရတော့ ဒီအမျိုးသားကို ထိထိရောက်ရောက် အရေးယူခဲ့ကြပါတယ် ။ shwekhitonlinetv.com

၂။ iPhones မှောင်ခိုသွင်းသူ

ဒီအဖြစ်အပျက်ကတော့ ၂၀၁၄ ခုနှစ်တုန်းက တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး တော်တော်လေးကို နာမည်ကြီးခဲ့တာလည်း ဖြစ်ပါတယ် ။ အဖြစ်ကတော့ တရုတ် လေဆိပ်အရာရှိတွေဟာ အမျိုးသားတစ်ယောက်ကို စစ်ကြည့်ရင်း သတ္ထုရှာဖွေရေးစက်မှာ မင်္သကာစရာတစ်ခုတွေ့လို့ စစ်ဆေးကြည့်ခဲ့ကြပါတယ်။ စစ်ဆေးကြတဲ့ အခါမှာတော့ အမျိုးသားရဲ့ ခန္ဓာကိုယ်မှာ တိပ်နဲ့ ပတ်ထားတဲ့ iPhones တွေကို တွေ့ခဲ့ကြပါတော့တယ် ။ အမျိုးသားဟာ iPhones အလုံးပေါင်း ( ၉၄ ) လုံးကို မှောင်ခိုတင်သွင်းလာတာဖြစ်ပြီး စျေးကြီးကြီးနဲ့ ပြန်ရောင်းဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ မှောင်ခို သွင်းလာတဲ့ ပင့်ကူ အကောင် ( ၂၀၀ )

ဒီတစ်ခုကတော့ တော်တော်လေးကို ကြောက်စရာ ကောင်းလှပါတယ် ။  အမ်စတာဒမ်လေဆိပ်က အရာရှိတွေဟာ ဂျာမန် စုံတွဲတစ်တွဲကို စစ်ဆေးကြည့်တဲ့အခါမှာတော့ ခရီးဆောင်အိတ်ထဲမှာ သယ်ဆောင်လာတဲ့ ပင့်ကူ အကောင် ( ၂၀၀ ) ကျော်ကို ဖမ်းဆီးမိခဲ့ကြပါတယ် ။ စစ်ဆေးကြည့်တဲ့အခါမှာတော့ သူတို့စုံတွဲဟာ ဒီပင့်ကူ အကောင်လေးတွေကို တောင်အမေရိကတိုက်ကနေ သယ်ဆောင်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။ shwekhitonlinetv.com

၄။ ဒေါ်လာ ( ၁.၂ သန်း ) ကျော်တန်တဲ့ ရွှေတုံးများ

လေဆိပ်ဝန်ထမ်းတွေဟာ မွမ်ဘိုင်းကနေ ဘန်ကောက်ကို ပျံသန်းခဲ့တဲ့ လေယာဉ်ပေါ်မှာ သန့်ရှင်းရေးလုပ်နေတုန်း တန်ဖိုးကြီးအရာတွေကို ရှာတွေ့ခဲ့ပါတယ်။ ဒါတွေကတော့ ရွှေအတုံး ( ၂၄ ) တုန်းဖြစ်ပြီး လေယာဉ်ရဲ့ သန့်စင်ခန်းထဲမှာ ရှာတွေ့ခဲ့ကြတာပါ ။ ဒီလိုအမှုတွေက သိပ်မထူးဆန်းတော့ပါဘူး။ အကြောင်းကတော့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရွှေအများဆုံး ဝယ်ယူသုံးစွဲတဲ့ နိုင်ငံ ဖြစ်ပြီး ရွှေမှောင်ခို လုပ်ငန်းတွေကလည်း အတော်လေးကို များပြားနေတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅။ လက်ပစ်ဗုံး ( ၄ ) လုံး

တစ်ခါတုန်းက ခရီးသည်တစ်ယောက်ဟာ  လက်ပစ်ဗုံး ( ၄ ) လုံးကို လျှို့ဝှက်သယ်ဆောင်ပြီး လေယာဉ်ပေါ်တက်ဖို့အတွက် ကြိုးစားခဲ့ပါတယ် ။ ဒါပေမယ့်လည်း သူ့ရဲ့ လုပ်ရပ်ဟာ မအောင်မြင်ခဲ့ပဲ လေဆိပ်က အရာရှိတွေက စစ်ဆေးတဲ့အခါ တွေ့ရှိသွားခဲ့တာကြောင့် ဒီအမျိုးသားဟာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ် ။ shwekhitonlinetv.com

၆။ ကလေး မှောင်ခို တင်သွင်းလာသူ

ဒါကတော့ အသက် ( ၈ ) နှစ် အရွယ်သာရှိသေးတဲ့ ကလေးငယ် တစ်ဦးကို မှောင်ခိုသွင်းလာခဲ့တဲ့ ပုံပဲ ဖြစ်ပါတယ် ။ အိုင်ဗရီကိုစ့် နိုင်ငံသားတစ်ဦးဖြစ်တဲ့ ဒီကလေးလေးကို ခရီးဆောင်အိတ်ထဲထည့်ပြီး မော်ရိုကိုနိုင်ငံကနေ စပိန်နိုင်ငံကို ပျံသန်းမယ့်လေယာဉ်ပေါ် မှောင်ခိုသယ်ဆောင်ဖို့ ကြိုးစားခဲ့တာပါ ။ ဒါပေမယ့်လည်း လေဆိပ်က X –Ray စက်မှာ အတိုင်းသားပေါ်လွင်နေတာကြောင့် မှောင်ခို လုပ်ဖို့ကြိုးစားသူဟာ အဖမ်းခံခဲ့ရပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ မှောင်ခိုတင်သွင်းသူတွေရဲ့ မအောင်မြင်ပုံတွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။