ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဆရာကျကျ ဖြေရှင်းဖို့ ကြိုးစားကြသူများ

ဒီတစ်ခေါက်ကတော့ ပရိသတ်ကြီးကို အပျင်းပြေစေဖို့နဲ့ ရယ်မောစေနိုင်ဖို့ အတွက် အကြောင်းအရာလေး တစ်ခု ကို ပြောပြပေးချင်ပါတယ် ။ ဒါကတော့ နေ့စဉ်ကြုံတွေ့နေရတဲ့ ကိစ္စတွေကို ပေါက်ပေါက်ရှာရှာ ဖြေရှင်းဖို့ ကြိုးစားနေကြသူတွေရဲ့ ဟာသပုံရိပ်တွေပဲ ဖြစ်ပါတယ်။ ဘယ်လို မျိုးတွေဖြစ်မလဲဆိုတာကတော့ အောက်ကပုံ တစ်ပုံချင်းစီကိုသာ ကြည့်လိုက်ပါဦးနော်… shwekhitonlinetv.com

အခုဖော်ပြထားတဲ့ ပုံထဲက သူတွေကတော့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းတဲ့ နေရာမှာ တစ်ကယ့်ကို ဆရာကျလွန်းတဲ့ သူတွေလို့တောင် ပြောရမှာပါ ။ shwekhitonlinetv.com

၁။ အုတ်သယ်တဲ့ အမျိုးသား

ဒီပုံထဲက အမျိုးသားကတော့ အုတ်သယ်တဲ့ နေရာမှာ အတော်လေးကို ကျွမ်းကျင်တဲ့ ပုံပါပဲ ။ စက်ဘီးလက်ကိုင်တဲ့ နေရာက တစ်ချက် မှားသွားတာနဲ့ အုတ်တွေအကုန်လုံး ပြုတ်ကျသွားနိုင်တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂ ။ မိုးပေါ်ထောင်သွားတဲ့ ကား

ကားပိုင်ရှင်ကတော့ သူ့ကားရဲ့ အဖြစ်ကို မြင်ရင် အတော်လေးကို အမောဆို့သွားမှာပါ ။ ဝန်စည်တွေကို ကားနဲ့ မလိုက်အောင် တင်လိုက်တဲ့အခါမှာတော့ ကားက မြင်ရတဲ့အတိုင်း ခေါင်းက မိုးပေါ်ထောင်သွားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃။ ဘောင်းဘီတွေ စုပြုံတင်ပြီး ဆိုင်ကယ်စီးရတဲ့အခါ….

ပုံထဲက အမျိုးသားကတော့ မှာထားတဲ့ ဘောင်းဘီတွေကို မှာထားတဲ့အချိန် ရောက်အောင် အကုန်လုံးစုတင်လာခဲ့တဲ့ ပုံပါပဲ ။ သူတင်လာတဲ့ ဘောင်းဘီတွေက များလွန်းလို့ ဆိုင်ကယ်စီးနေရတဲ့ ဒီဇိုင်းကတော့ ဒီလိုမျိုး ဖြစ်သွားပါတယ် ။ shwekhitonlinetv.com

ပုံထဲက အမျိုးသားတွေကတော့ နေ့စဉ် ဒီလိုမျိုး လုပ်နေကျလူတွေ ဖြစ်တာကြောင့် အသက်အပို ပါတဲ့ အတိုင်း မကြောက်မလန့်နဲ့ လုပ်နေကြတာကို တွေ့ရမှာပါ ။ shwekhitonlinetv.com

၄။ သူများထက် ထူးပြီး ဆိုင်ကယ်စီးချင်သူ

ပတ်ဝန်းကျင်မှာ တစ်ခါတစ်လေ သူများထက် ထူးပြီးဆန်းနေတာမျိုးကို ရွေးလုပ်တတ်တဲ့ သူတွေကို မြင်ဖူးကြမှာပါ ။ ပုံထဲက အမျိုးသားကတော့ တစ်ခြားသူတွေလို ဆိုင်ကယ်ကို ခွစီးရတာ သဘောမကျလို့ ထွင်လိုက်တဲ့ အိုင်ဒီယာကတော့ မြင်တဲ့ အတိုင်းပါပဲ ။ shwekhitonlinetv.com

တစ်ချို့ပုံတွေမှာဆိုရင် လုပ်ဖော်ကိုင်ဖက်ကို ယုံကြည်ပြီး နားလည်မှု ရှိရှိနဲ့ အသည်းတယားယား အနေအထားမျိုးမှာ လုပ်ကိုင်နေတဲ့သူတွေလည်း ပါဝင်ပါတယ် ။ shwekhitonlinetv.com

၅။ စက်ဘီးတွေ ခေါင်းပေါ်ရွက်ထားတဲ့ကား

စက်ဘီးတွေ တောင်လို ပုံနေအောင် တင်ရဲတဲ့ ဒီကားပိုင်ရှင်ရဲ့ စိတ်ကူးကတော့ တော်တော်လေးကို အံ့အားသင့်စရာပါ ။ များပြားလွန်းတဲ့ စက်ဘီးတွေကို ကားတစ်စီးထဲနဲ့ ဘာအန္တရာယ်မှ မဖြစ်အောင် တင်နိုင်ဖို့ဆိုတာ တော်ရုံ လွယ်တဲ့ အလုပ်တော့ မဟုတ်ပါဘူး ။ shwekhitonlinetv.com

ဒါပေမယ့် လုပ်ငန်းခွင်ထဲမှာတော့ အခုလို ပုံစံမျိုးတွေနဲ့ မလုပ်သင့်ပဲ ကိုယ့်အတွက် ဘေးအန္တရာယ် မရှိအောင် သေချာ ပြင်ဆင်ပြီးမှ လုပ်တာ အကောင်းဆုံးပါ ။ shwekhitonlinetv.com

၆ ။ Talent ပြိုင်ပွဲ ဝင်ပြိုင်ဖို့ လေ့ကျင့်နေသောအခါ…

ပုံထဲက အမျိုးသားကတော့ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကို သေချာ ကြေညက်နေတဲ့ ပုံပါပဲ ။ ဂတ်စ်အိုးပေါ်မှာမှ ဖရဲသီးကို တင်ပြီး စက်ဘီးစီးနိုင်တဲ့ သူ့ရဲ့ အရည်အချင်းကတော့ Talent ပြိုင်ပွဲတွေမှာ ဝင်ပြိုင်လို့တောင် ရနေပါပြီ ။ shwekhitonlinetv.com

အထူးသဖြင့် အန္တရာယ်များလွန်းတဲ့ လုပ်ငန်းခွင်မှာ အလုပ် လုပ်ကိုင်နေတဲ့ သူတွေအဖို့ ဘေးကင်းအောင် ပြောပြထားတဲ့ လမ်းညွှန်ချက်တွေကို သေချာလေး လိုက်နာပြီးမှ လုပ်သင့်ပါတယ်လို့ အကြံပေးလိုက်ပါတယ်နော် ။ shwekhitonlinetv.com

၇ ။ မနိုင်ဝန်ကို ထမ်းနေရတဲ့ ဆိုင်ကယ်လေး

ပုံထဲက ဆိုင်ကယ်ရဲ့ အဖြစ်ကတော့ ကုန်တွေ တင်တာများလွန်းလို့ နောက်ပိုင်း ကိုယ်ထည်ကို မမြင်ရတော့တဲ့ အထိပါပဲ ။ ဒီလိုမျိုး ကုန်တွေ အများကြီးကို မဆန့်ပဲ ရအောင်တင်တာဟာ ရေရှည်မှာဆိုရင် ဆိုင်ကယ်ကိုလည်း ထိခိုက်စေနိုင်တဲ့ အပြင် မောင်းတဲ့ သူအတွက်လည်း အန္တရာယ်ရှိစေနိုင်ပါတယ် ။ shwekhitonlinetv.com

အခု ဖော်ပြပေးထားတာတွေကတော့ မဖြစ်နိုင်တဲ့ အရာတွေကို ဉာဏ်သုံးပြီး ဖြေရှင်းကြသူတွေရဲ့ ပုံတွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၈ ။ မိမိတို့မှာ မိသားစု ဦးရေများသော်လည်း အပြင်ထွက်လည်ဖို့ ဆိုင်ကယ်က တစ်စီးပဲ ရှိသောအခါ….. ၏

ဒီပုံထဲက မိသားစုကတော့ လူဦးရေ များပေမယ့်လည်း အပြင်ထွက်ဖို့ ဆိုင်ကယ် တစ်စီးပဲရှိတဲ့အခါ ပုံမှာ မြင်ရတဲ့အတိုင်း စီးနေရတာပဲ ဖြစ်ပါတယ်။ ကလေးတွေပါ ထိုင်စီးနေတာမို့လို့ အတော်လေးကို အန္တရာယ်များပြီ မလုပ်သင့်ဘူးလို့ပဲ ဆိုရမှာပါ။ hwekhitonlinetv.com

နောက်ပိုင်းတွေမှာလည်း ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှု ပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။