ကမ္ဘာပေါ်မှာ ဒီဇိုင်းပုံစံအဆန်းအပြားနဲ့ လာရောက်တည်းခိုသူတွေကို ဆွဲဆောင်ထားတဲ့ နာမည်ကျော် ဟိုတယ်ကြီးတွေကတော့ အများအပြားရှိပါတယ်။ အဲ့ဒီလို ဟိုတယ်တွေထဲကမှ အခုတစ်ခေါက်မှာတော့ နယ်သာလန်နိုင်ငံက Inntel ဆိုတဲ့ ဟိုတယ်တစ်ခုအကြောင်းဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com


Inntel Hotel ဟာဆိုရင် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာတည်ရှိတာဖြစ်ပါတယ်။ ဒီဟိုတယ်နဲ့ပတ်သက်လို့ အဓိကပြောစမှတ်ဖြစ်စေတဲ့အရာကတော့ ရောင်စုံအိမ်ပုံစံလေးတွေအများအပြားနဲ့ ဖွဲ့စည်းထားတဲ့ သူ့ရဲ့အဆောက်အဦးပုံစံပဲဖြစ်ပါတယ်။ shwekhitonlinetv.com


ဒီဟိုတယ်အဆောက်အဦးရဲ့ ကိုယ်ထာ်မှာ အိမ်အလုံးရေ (၇၀) နီးပါးလောက်ပါဝင်တဲ့ စွဲမက်ဖွယ် ဗိသုကာလက်ရာ ဒီဇိုင်းနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။ ဒီရောင်စုံ အိမ်လေးတွေဟာ နယ်သာလန်ရိုးရာ အိမ်ကလေးတွေလည်းဖြစ်ပါတယ်။ shwekhitonlinetv.com


ဒီလိုမျိုး ဟိုတယ်ရဲ့အဆောက်အဦးကိုရောင်စုံအိမ်ကလေးတွေထည့်သွင်းတည်ဆောက်ဖို့အတွက် ဒီဇိုင်းရေးဆွဲပေးခဲ့တာကတော့ နယ်သာလန်လူမျိုး ဗိသုကာပညာရှင် Wilfried van Winden ပဲဖြစ်ပါတယ်။ ဒီအိမ်ကလေးတွေက နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ Zaandam ဒေသရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းကို ထင်ဟပ်နေစေပါတယ်။ shwekhitonlinetv.com


Inntel ဟိုတယ်ဟာ ၁၉၈၂ ခုနှစ်ကတည်းကစတင်ဖွင့်လှစ်ခဲ့တဲ့ ဟိုတယ်တစ်ခုဖြစ်ပါတယ်။ နောက်ဆုံးအကြိမ်ပြန်လည် ပြုပြင်တည်ဆောက်ခဲ့တာကတော့ ၂၀၀၁ ခုနှစ်က ဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။
Be the first to comment
You must log in to post a comment.