လူတိုင်း ကြားဖူးနား၀ ရှိပေမယ့်လည်း အပြင်မှာ သေချာ မမြင်ဖူးကြတဲ့ ထူးထူးခြားခြား အရာများ

အခုတစ်ခါပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ ကြားဖူးနား၀ ရှိပေမယ့်လည်း အပြင်မှာ တွေ့ဖူးဖို့မလွယ်တဲ့ ထူးထူးဆန်းဆန်း ပစ္စည်းတွေ အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒီအထဲမှာဆိုရင် လူတော်တော်နျားများ မြင်ဖူးဖို့မလွယ်တဲ့ ပစ္စည်းတစ်ချို့ကို ဖော်ပြပေးထားတာပါ။ ။ ဘယ်လို ပစ္စည်းတွေ ပါမလဲဆိုတာကတော့ တစ်ပုံချင်းစီ အတူတူကြည့်လိုက်ရအောင်နော် ။ shwekhitonlinetv.com

၁ ။ Black Box

Black Box ဆိုတာ အနက်ရောင် သေတ္တာ ( ၂ ) ခုကို ခွဲခြားထားတာဖြစ်ပြီး ဒီအထဲမှာဆိုရင် လေယာဉ်အချက်အလက်တွေကို မှတ်တမ်းတင်ထားတဲ့ ( FDR ) နဲ့ လေယာဉ်မောင်းသူတွေရဲ့ အသံကို ဖမ်းထားတဲ့ ( CVR ) တို့ပါဝင်ပါတယ် ။ shwekhitonlinetv.com

Black Box တွေကို စီးပွားဖြစ် ပြေးဆွဲတဲ့ လေယာဉ်နဲ့ ဂျက်လေယာဉ်တွေမှာ မဖြစ်မနေ ထည့်ရပြီး အများအားဖြင့် လေယာဉ် အမြှီးပိုင်းမှာ တပ်ဆင်ထားလေ့ရှိပါတယ် ။ ယနေ့ခေတ်မှာတော့ ‌Black Box တွေကို အနက်ရောင် အစား လိမ္မော်ရောင် အဖြစ် ပြောင်းလဲ အသုံးပြုလာကြပါတယ် ။ shwekhitonlinetv.com

၂။ DNA

DNA ဆိုတာ သက်ရှိတွေရဲ့ မျိုးရိုး ဗီဇ ကုဒ်ပါဝင်တဲ့ မော်လီကျူးတစ်ခုပဲ ဖြစ်ပါတယ် ။ လူတော်တော်များများကတော့ DNA ရဲ့ ပုံစံကို ရုပ်ရှင်ကားတွေထဲမှာ မြင်ဖူးကြမှာပါ။ ဒါပေမယ့် တစ်ကယ့် DNA ရဲ့ ပုံစံကတော့ အနည်းငယ် ကွဲပြားပါတယ် ။ ပုံမှန်အားဖြင့် DNA ကို သာမန်မျက်စိ နဲ့ ကြည့်လို့မရတဲ့အတွက်ကြောင့် မိုက်ခရိုစကုပ် နဲ့ ကြည့်မှသာ အဆင်ပြေမှာပါ ။ shwekhitonlinetv.com

၃။ Mastodon

Mastodon ဆိုတာ ကမ္ဘာဦးတုန်းက ရှိခဲ့တဲ့ သက်ရှိမျိုးစိတ်တစ်ခု ဖြစ်ပြီး အမွှေးထူလွန်းကာ ကြီးမားတဲ့ အစွယ်တွေလည်း ပါရှိပါသေးတယ် ။ Mastdon အကောင်ကြီးတွေ ကမ္ဘာဦးအစ အမွှေးရှည် ဆင်ကြီးတွေ မရှိခင်ကတည်း ရှင်သန်ကျက်စားနေကြတဲ့ အကောင်ကြီးတွေ ပဲ ဖြစ်ပါတယ် ။ အချက်အလက်တွေအရတော့ သူတို့ရဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံဟာ အမွှေးရှည်ဆင်ကြီးတွေနဲ့ အတော်လေးကို ဆင်တူပြီး ခွဲရခက်စေလှပါတယ် ။ shwekhitonlinetv.com

၄။ Gibraltar

Gibraltar ကတော့ စပိန်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိုင်ဘာရီယန် ပင်နီဆူလာ တောင်ပိုင်းမှာရှိတဲ့ ဗြိတိသျှနိုင်ငံ က ပိုင်ဆိုင်တဲ့ နိုင်ငံရပ်ခြား နယ်မြေ တစ်ခုပဲ ဖြစ်ပါတယ် ။ ဒီနေရာလေးဟာ အတော်လေးကို စိတ်ဝင်စားဖို့ကောင်းလှပြီး အကျယ်အဝန်းက ( 2.6 ) square miles ပဲ ကျယ်ဝန်းပါတယ် ။ နောက်ပြီး ထိုနေရာလေးမှာ နေထိုင်တဲ့သူတွေဟာ အင်္ဂလိပ်ဘာသာ စကားကိုသာ ပြောကြပြီး သုံစွဲတဲ့ငွေကြေးကလည်း ပေါင် ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

Gibraltar ရဲ့ ရေလက်ကြားကနေ ကျော်ပြီး ကြည့်လိုက်မယ်ဆိုရင် အာဖရိကတိုက်ကို တွေ့ရှိရမှာ ဖြစ်တဲ့အပြင် Gibraltar ဒေသဟာဆိုရင် ဥရောပတိုက်တစ်ခုလုံးမှာ တောရိုင်း မျောက်တွေကို တွေ့နိုင်တဲ့ တစ်ခုတည်းသောနေရာ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅။  ဆင်အမြှီး

လူတော်တော်များများကတော့ ဆင်အမြှီးလို့ ပြောလိုက်တာနဲ့ အမွှေးအမျှင် ပါးပါးလေးပဲရှိမယ်လို့ ထင်ထားကြတာပါ ။ တစ်ကယ်တမ်းမှာတော့ ဆင်ရဲ့ အမြှီးဟာဆိုရင် ရှည်လျားပြီး ကြမ်းတမ်းလှတဲ့ အမွှေးတွေနဲ့ ဖုံးအုပ်ထားတာ ဖြစ်ပြီး ဘရက်ရှ် တစ်ခုနဲ့တောင် တူလွန်းလှပါတယ်။ အာဖရိက လူမျိုးတွေကတော့ ဆင်ရဲ့ အမြှီးကို လက်ကောက် အဖြစ် ဖန်တီးပြီး ဝတ်ဆင်လေ့ရှိကြပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကြားဖူးနား၀ရှိပေမယ့်လည်း အပြင်မှာ မြင်ဖူးလေ့မရှိတဲ့ ထူးထူးဆန်းဆန်း အရာတွေထဲကမှ တစ်ချို့ကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။