မထင်မှတ်ထားတဲ့ ပုံစံတွေနဲ့ ဖန်တီးထားတဲ့ နာမည်ကြီး ဇာတ်ကားတွေရဲ့ နောက်ခံအသံများ

ပရိသတ်ကြီးကို အခုတစ်ခါ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ နာမည်ကြီး ဇာတ်ကားတွေရဲ့ နောက်ခံ အသံတွေကို ဘယ်လိုဖန်တီးထားကြလဲဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ နည်းပညာ တိုးတက်လာတဲ့ ယနေ့ခေတ်မှာ နောက်ခံအသံတွေကို ကွန်ပျူတာ နဲ့ ဖန်တီးကြတာလည်း ရှိသလို တစ်ချို့ အသံတွေကိုတော့ ထူးထူးခြားခြားပုံစံနဲ့ ဖန်တီးထားတာလည်း ရှိပါသေးတယ် ။ ဘယ်လိုတွေ ဖန်တီးထားလဲ ဆိုတာကတော့ အောက်က စာလေးတွေကို အတူဖတ်ကြည့်လိုက်ရအောင်နော် ။ shwekhitonlinetv.com

၁။ မွန်းစတား အကောင်ကြီးတွေရဲ့ ဟိန်းသံ

ဇာတ်ကားတွေထဲမှာ မွန်းစတားတွေရဲ့ ဟိန်းသံကို ပိုပြီး ပြည့်စုံစေဖို့အတွက် ရိုးရိုးရှင်းရှင်း နည်းလမ်းဖြစ်တဲ့ ပူဖောင်းကို အသုံးပြုပြီး အသံကို ထပ်ပေါင်း ထည့်တာတွေ လုပ်ကြပါတယ် ။ ဥပမာ အရ ပြောရရင် ( ၂၀၁၄ ) ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ ဂေါ်ဇီလာ ဇာတ်ကားထဲမှာဆိုရင် Foley အနုပညာရှင်တွေဟာ လေမှုတ်ထားတဲ့ ပူဖောင်းတွေကို အသုံးပြုကာ မွန်းစတားအကောင်ကြီးတွေရဲ့ ဟိန်းသံထဲကို အသံ ပေါင်းထည့်ခဲ့ပါတယ် ။ shwekhitonlinetv.com

ဖန်တီးပုံကတော့ ပူဖောင်းရဲ့ မျက်နှာပြင်ကို လက်နဲ့ပွတ်ပြီး ထွက်လာတဲ့ အသံကို Record လုပ်ပြီး မူလက မွန်းစတားတွေရဲ့ ဟိန်းသံထဲ ပေါင်းထည့်ပေးလိုက်တာ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ မိုးရွာနေတဲ့ အသံ

တစ်ခါတစ်လေ ဇာတ်ကားရဲ့ နောက်ခံ အသံဖန်တီးသူတွေဟာ မိုးရွာတဲ့ အသံကို ဖန်တီးဖို့အတွက် မိုးရွာတဲ့ အချိန်ကို ထိုင်စောင့်နေဖို့ မလိုတော့ပါဘူး ။ အချက်အလက်တွေအရ အပြင်မှာ မိုးရွာတာကို အသံဖမ်းထားပေမယ့်လည်း လုံလောက်တဲ့ အသံအထိ မကျယ်တာတွေနဲ့လည်း ကြုံတတ်ပါတယ်တဲ့ ။ ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့အတွက် နောက်ခံအသံ ဖန်တီးသူတွေဟာ ဝက်သားကို ဒယ်အိုးထဲထည့်ပြီး ဆီပူနဲ့ကြော်တဲ့အခါ ထွက်လာတဲ့ အသံကို ဖမ်းယူထားပြီး မိုးရွာတဲ့ အသံအဖြစ် အစားထိုးဖန်တီးလိုက်တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃။ ကြေမွသွားတဲ့ အသံ

ဇာတ်ကားထဲမှာ အရိုးကျိုးတဲ့ အသံ နဲ့ အကောင်ကြီးတွေရဲ့ ခြေထောက်အောက်ရောက်ပြီး ကြေမွသွားတဲ့ အသံကို ဖန်တီးပုံကလည်း ထူးထူးဆန်းဆန်းပါပဲ ။ နောက်ခံ အသံဖန်တီးသူတွေဟ ဒီလို အသံကို ရဖို့အတွက် တရုတ်နံနံလို အပင်မျိုးကို အသုံးပြုကြတာပဲ ဖြစ်ပါတယ် ။ ဒီလို ဖန်တီးထားတဲ့ အသံဟာ ကြေမွသွားတဲ့ တစ်ကယ့်အသံနဲ့ အတော်လေးကို နီးစပ်မှုရှိပြီး ဖန်တီးပြီးလုပ်ထားမှန်းတောင် သတိထားမိလိုက်မှာ မဟုတ်ပါဘူး ။ shwekhitonlinetv.com

၄။ မြင်းခွာပြေးတဲ့ အသံ

ဇာတ်ဝင်ခန်းထဲမှာ မြင်းစီးတဲ့အခါ မြင်းခွာသံကို ဘယ်လို ဖန်တီးထားလဲဆိုတာ တော်တော်များများ မသိကြပါဘူး ။ ဖန်တီးဖို့အတွက် လိုအပ်တဲ့ ပစ္စည်းကတော့ အုန်းသီး ရဲ့ အတွင်းပိုင်း အခွံပဲ  ဖြစ်ပါတယ် ။ တစ်ကယ့် မြင်းခွာသံအတိုင်း နီးပါး ပီပြင်မှု ရှိတာကြောင့် နောက်ခံဖန်တီးသူတွေအတွက် အတော်လေးကို အဆင်ပြေစေတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅။ မိုးကြိုး အသံ

မိုးကြိုးအသံကို ဖန်တီးဖို့ အသုံးပြုတဲ့ ပစ္စည်းတွေ များစွာထဲကမှ အလှုမီနီယမ် အလွှာတွေကို အသုံးပြုတာက ပိုပြီး သဘာ၀ကျတဲ့ အသံကို ထွက်စေတာပဲ ဖြစ်ပါတယ် ။ ဖန်တီးပုံကတော့ မိုက်ကရိုဖုန်းရဲ့ အရှေ့တည့်တည့်မှာ အလှုမီနီယမ် အပြားတွေကို လွှဲလိုက် ၊ လှုပ်လိုက် နဲ့ လုပ်ရတာပါ ။ ဒီအသံကို ကွန်ပျုတာထဲထည့်ပြီး အသံ effect တစ်ချို့ ပေါင်းထည့်လိုက်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ မိုးကြိုးအသံကို ရရှိမှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၆။ ထိုးကြိတ်တဲ့ အသံ

ဇာတ်ဝင်ခန်းတွေထဲမှာ ထိုးကြိတ်တဲ့ အသံကို ဖန်တီးဖို့အတွက် လူကိုယ်တိုင် ဝင်ပြီး အထိုးခံဖို့မလိုပါဘူး ။ နောက်ခံ အသံ ဖန်တီးတဲ့သူတွေ အများဆုံး အသုံးပြုကြတဲ့ နည်းလမ်းကတော့ မာကျောတဲ့ ကြမ်းပြင်ပေါ်ကို အသားစိမ်းတွေ ပစ်ချတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ် ။ တစ်ခါတစ်လေကျတော့လည်း အသားကို လက်နဲ့ ထိုးပြီး အသံတု ဖန်တီးကြတာလည်း ရှိပါတယ် ။ shwekhitonlinetv.com

ဒါကတော့ နောက်ခံ အသံ ဖန်တီးတဲ့သူတွေ စတူဒီယိုထဲမှာ အလုပ်လုပ်နေတဲ့ ပုံပဲဖြစ်ပါတယ် ။

အခုဖော်ပြပေးထားတာကတော့ နာမည်ကြီး ဇာတ်ကားတွေရဲ့ နောက်ခံအသံကို ထူးထူးခြားခြားဖန်တီးကြပုံတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။