ကျိုတိုတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ထူးထူးဆန်းဆန်းဝတ်စုံတွေနဲ့ တက်ရောက်ခဲ့ကြတဲ့ ကျောင်းသားများရဲ့ ဟာသဓာတ်ပုံများ

တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားဆိုတာ ကျောင်းသားတိုင်းအတွက်တော့ ဘဝတစ်ဆစ်ချိုးမှာ အမြဲအမှတ်ရနေစေမယ့် အမှတ်တရပွဲတခုပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ နာမည်အကြီးဆုံးတက္ကသိုလ်တွေထဲက တခုဖြစ်တဲ့ ကျိုတိုတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကတော့ ဘယ်လိုတက္ကသိုလ်နဲ့မှ မတူညီစွာ ထူးခြားဆန်းပြားလျက်ရှိပါတယ်။ ကျိုတိုတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ကျောင်းသားကျောင်းသူတိုင်းဟာ သူတို့ရဲ့ စိတ်ကူးဥာဏ်ကွန့်မြူးပြီး ဖန်တီးချုပ်လုပ်ထားတဲ့ ဝတ်စုံတွေနဲ့ ပွဲတက်နိုင်ကြပါတယ်။ ထိုအခမ်းအနားမှာတော့ ကျောင်းသားကျောင်းသူများသာမက များပြားလှတဲ့ ဓာတ်ပုံဆရာများနဲ့ သတင်းထောက်များပါ တက်ရောက်လေ့ရှိကြပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ကျိုတိုတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ထူးဆန်းလှတဲ့ ဝတ်စုံများနဲ့ ဘွဲ့တက်ယူခဲ့ကြတဲ့ ကျောင်းသူကျောင်းသားများရဲ့ ဓာတ်ပုံများကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ ကာတွန်းရုပ်နဲ့ဝတ်စုံ

ကာတွန်းခေါင်းပုံစံကို ထူးထူးဆန်းဆန်းပြုလုပ်ထားပြီး ဘွဲ့တက်ယူနေတဲ့ ကျောင်းသားကို တွေ့မြင်ရမှာပါ။ ဘယ်သူလည်းဆိုတာတောင် ခန့်မှန်းဖို့ ခက်မယ်ထင်ပါတယ်နော်။ shwekhitonlinetv.com

၂။ ဂြိုလ်သားဝတ်စုံ

ဂြိုလ်သားဝတ်စုံနဲ့ ဘွဲ့တက်ယူနေတဲ့ ကျောင်းသားရဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်။ ကြံကြံဖန်ဖန် ဖန်တီးတတ်ကြတဲ့ ဂျပန်ကျောင်းသားတွေရဲ့ အရည်အချင်းကတော့ အံ့သြစရာပါ။ shwekhitonlinetv.com

၃။ ရိုးရာဝတ်စုံများ ကာတွန်းဇာတ်ကောင်မင်းသမီးဝတ်စုံများနဲ့ ဂျပန်မလေးများ

ထူးထူးဆန်းဆန်းဝတ်စုံတွေကြားမှာ အခုလို လှပလွန်းတဲ့ ဂျပန်ပျိုဖြူလေးတွေကိုလည်း တွေ့နိုင်ပါတယ်။ ရိုးရာဂျပန်ဝတ်စုံများနဲ့ ကာတွန်းဇာတ်ကောင်မင်းသမီးဝတ်စုံများကို ဝတ်ဆင်ထားတာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ နိုင်ငံတကာက အကြီးအကဲများရဲ့ ပုံတူများ

ဝတ်စုံအတွက် အချိန်မှီ မပြင်ဆင်နိုင်လို့လည်း စိတ်ပူစရာမရှိပါဘူးနော်။ နိုင်ငံအသီးသီးက အကြီးအကဲတွေရဲ့ မျက်နှာပုံစံနဲ့ မျက်နှာဖုံးတွေကို ဝတ်ဆင်ပြီးလည်း တက်ရောက်နိုင်ပါတယ်။ shwekhitonlinetv.com

၅။ ကလေးကာတွန်းဇာတ်ကောင် မီးရထားလေးများ

လူငယ်ဘဝဆိုတာ ပျော်ရွှင်စရာ စိတ်လှုပ်ရှားစရာတွေအပြည့်ဆိုတာ အားလုံးသိကြမှာပါ။ ပုံမှာတွေ့မြင်ရတဲ့ ကောင်လေးတွေကတော့ ပျော်ပျော်နေတတ်တဲ့ ပုံစံပါပဲနော်။ သူတို့အားလုံးဟာ ကလေးကာတွန်းကားထဲက ဇာတ်ကောင်ဖြစ်တဲ့ မီးရထားလေးတွေပုံစံအတိုင်း ဝတ်ဆင်ထားကြတာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ပီဇာကောင်မလေးများနဲ့ အကောင်လေး

အခုလို ဆန်းကြယ်လှတဲ့ ဝတ်စုံများကို တီထွင်ဖန်တီးရတာကြောင့် ကျောင်းသားတွေရဲ့ ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးနိုင်မယ်လို့ တိုကျိုတက္ကသိုလ်မှ တာဝန်ရှိသူများက ယုံကြည်ကြပါတယ်။ နောင်အခါ လုပ်ငန်းခွင်ရောက်တဲ့အခါမှာတောင် ကိုယ့်ရဲ့စိတ်ကူးအိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အခုလို ဖန်တီးစေတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Buzz Lightyears

Toy Story ကာတွန်းရုပ်ရှင်ထဲက ဇာတ်ကောင်ပုံစံအတိုင်း ဖန်တီးချုပ်လုပ်ထားတာ ဖြစ်ပါတယ်။ သာမန်ဘွဲ့နှင်းသဘင်တက်ရောက်တာထက်တောင် ပိုပြီးပြင်ဆင်ရမှာပါ။ shwekhitonlinetv.com

၈။ ဘုရားသခင်လည်း တက်ရောက်

ယေရှုဘုရားသခင် ပုံစံအတိုင်း ပြင်ဆင်ထားတဲ့ ဘွဲ့ယူကျောင်းသား ဖြစ်ပါတယ်။ တီထွင်ဖန်တီးမှုတွေမှာ ဘယ်လိုကန့်သတ်မှုမျိုးမှ မထားပဲ လွတ်လပ်ခွင့်ပေးထားတဲ့ အခြေအနေကို တွေ့မြင်ရမှာပါ။ shwekhitonlinetv.com

၉။ အင်္ကျီဖိုးချွေတာသူ

အရုပ်ခေါင်းတခုကို စွပ်ပြီး အင်္ကျီမပါပဲ ဘွဲ့တက်ယူသူဖြစ်ပါတယ်။ အင်္ကျီဝတ်စရာမရှိရင်တော့ ဒီလိုဖန်တီးမှုက အဆင်ပြေဆုံးပါပဲနော်။ shwekhitonlinetv.com

၁၀။ သူ့ထက်ငါ တမူထူးအောင် ပြင်ကြသူများ

ရိုးရာဝတ်စုံများကို ထူးထူးဆန်းဆန်းဖန်တီးချုပ်လုပ်ပြီး ဝတ်ဆင်ကြသလို မျက်နှာမှာ မိတ်ကပ်တွေနဲ့ ပြင်ဆင်ပြီးလည်း ဘွဲ့တက်ယူကြသူတွေ ရှိကြပါတယ်။ shwekhitonlinetv.com

၁၁။ ဘွဲ့လည်းယူ မင်္ဂလာလည်းဆောင်

သတို့သမီးဝတ်စုံနဲ့ ဘွဲ့တက်ယူတဲ့ မိန်းကလေးကို တွေ့ရတာပဲ ဖြစ်ပါတယ်။ သူမရဲ့ တီထွင်ဖန်တီးမှုမှာတော့ ဘေးမှာ သတို့သားအရုပ်ကိုပါ ထည့်သွင်းထားလိုက်ပါသေးတယ်။ shwekhitonlinetv.com

၁၂။ ဂြိုလ်မှားပြီး ရောက်လာကြသူများ

ဂြိုလ်သားပုံစံ ဒါမှမဟုတ် သိပ္ပံစိတ်ကူးယဥ်ဇာတ်လမ်းများထဲက ဇာတ်ကောင်ပုံစံများ စသဖြင့် ဖန်တီးပြုလုပ်ပြီး တက်ရောက်တဲ့ကျောင်းသားများကိုလည်း တွေ့ရမှာပါ။ shwekhitonlinetv.com

၁၃။ ပူစီဖောင်းဝတ်စုံ

ပုံဖော်လို့ရတဲ့ ပူစီဖောင်းလေးများနဲ့ ဖန်တီးပြုလုပ်ထားတဲ့ ဝတ်စုံများကို ဝတ်ဆင်ပြီးဘွဲ့တက်ယူကြတဲ့ ဂျပန်မလေးတွေပဲ ဖြစ်ပါတယ်။ အပ်နဲ့သွားထိုးဖို့တော့ စိတ်မကူးကြပါနဲ့နော်။ shwekhitonlinetv.com

၁၄။ ရိုးရာဓလေ့နဲ့ ဘွဲ့တက်ယူသူ

ကျိုတိုတက္ကသိုလ်မှာတော့ ဂျပန်ကျောင်းသား ကျောင်းသူများသာမက နိုင်ငံတကာမှ လာရောက်ပညာလေ့လာသူများလည်း အများအပြားရှိပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာမှ ရိုးရာဓလေ့ထုံးစံများအတိုင်း ဘွဲ့ယူတဲ့ ကျောင်းသား ကျောင်းသူများကိုလည်း တွေ့ရှိနိုင်ပါတယ်။ shwekhitonlinetv.com

၁၅။ ဂျပန်စစ်သူကြီး

ဂျပန်စစ်သူကြီးပုံစံအတိုင်း ဖန်တီးချုပ်လုပ်ထားတဲ့ ဝတ်စုံနဲ့ ဘွဲ့တက်ယူတဲ့ မိန်းကလေးကို တွေ့ရမှာပါ။ shwekhitonlinetv.com

၁၆။ ဂျပန်အထက်တန်းကျောင်းသူဝတ်စုံ

ဂျပန်မလေးတွေရဲ့ နာမည်ကြီးပြီး လူကြိုက်များလှတဲ့ အထက်တန်းကျောင်းသူဝတ်စုံကို ဝတ်ဆင်ထားတာ ဖြစ်ပါတယ်။ ကိုးရို့ကားရားဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဒီကျောင်းသားကတော့ ပျော်ပျော်နေတတ်တဲ့ သဘောပါပဲနော်။ shwekhitonlinetv.com

၁၇။ ငွေမှင်ရောင်ဂြိုလ်သား

နေရောင်ထဲမှာ တလက်လက်တောက်ပနေမယ့် ငွေမှင်ရောင်ဂြိုလ်သားဝတ်စုံနဲ့ ကျောင်းသားပဲ ဖြစ်ပါတယ်။ လူတိုင်းရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်မယ့် ဝတ်စုံဆိုလည်း မမှားပါဘူးနော်။ shwekhitonlinetv.com

၁၈။ ဘီယာပုလင်းဝတ်စုံနဲ့ လှပျိုဖြူများ

ဘီယာပုလင်းက အရောင်များအတိုင်း ဝတ်ဆင်ထားပြီး ခေါင်းပေါ်က ဦးထုပ်ကိုတော့ ပုလင်းအဖုံးပုံစံအတိုင်း ချုပ်လုပ်ထားပါတယ်။ ကြံကြံဖန်ဖန် စဥ်းစားပြီး ဖန်တီးတတ်ကြတဲ့ ဂျပန်ကျောင်းသူများပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၉။ အမည်းရောင်ဝတ်စုံနဲ့ ကျောင်းသား

ဒီဝတ်စုံကတော့ ဖန်တီးပြုလုပ်ရတာ အရမ်းကို လက်ဝင်စေနိုင်မယ့် ဝတ်စုံပါပဲနော်။ သေချာတာကတော့ ဝတ်စုံကို သယ်ယူနိုင်ဖို့ အားအပြည့်ရှိနေမှ ဖြစ်မှာပါ။ shwekhitonlinetv.com

၂၀။ နို့ဘူးလေးများ

နို့ဘူးဝတ်စုံကို ဝတ်ဆင်ထားတဲ့ ကျောင်းသူလေးတွေ ဖြစ်ပါတယ်။ တကယ်ကို ရွှတ်နောက်နောက်နဲ့ ပျော်ပျော်နေတတ်ကြမယ့် ပုံလေးတွေပါနော်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။