အမှားမှား အယွင်းယွင်းတွေ ဖြစ်ခဲ့တာကြောင့် လူရယ်စရာဖြစ်ခဲ့ရတဲ့ ဖန်တီးမှုများ

လူတို့ရဲ့ တီထွင်ဖန်တီးမှု မြင့်မားတာကြောင့် ကမ္ဘာကြီးကလည်း အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတယ်ဆိုတာ အားလုံးလည်း သိကြမယ် ထင်ပါတယ်။ ဒါပေမဲ့ တချို့ဖန်တီးမှုတွေဟာ အမှားအယွင်းတွေနဲ့ ကြုံတွေ့ပြီး လူရယ်စရာ ဖြစ်ခဲ့ရပါတယ်။ အဆိုပါ ဖန်တီးမှုတွေဟာ လူရယ်စရာ ဖြစ်ခဲ့ရတဲ့အပြင် လုံးဝကိုလည်း အသုံးပြုလို့မရတဲ့အထိ အဓိပ္ပာယ်မဲ့တဲ့ ဖန်တီးမှုတွေ ဖြစ်နေခဲ့ပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် အဓိပ္ပာယ်မဲ့ပြီး အမှားအယွင်းပေါင်းများစွာ ဖြစ်ခဲ့ရတဲ့ ဖန်တီးမှုတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ အဓိပ္ပာယ်မဲ့တဲ့ လှေကား

ဝှီးချဲအသုံးပြုသူများအတွက် ပြုလုပ်ပေးထားတဲ့ လှေကားပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဆင်းမှာ ဘီးတပ်ဆိုသလိုပါပဲ ဒီလိုလျှောစောက်ဖြစ်နေတဲ့ နေရာဟာ ဝှီးချဲနဲ့ဆင်းဖို့ ဘယ်လိုမှကို အဆင်ပြေနိုင်မှာ မဟုတ်ပါဘူးနော်။ ဒီလှေကားကတော့ တကယ့်ကို အဓိပ္ပာယ်မဲ့တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ အွန်လိုင်းရှော့ပင်းကနေ ဝယ်မိတဲ့ ဂါဝန်

ပုံမှာတွေ့ရတဲ့ ဂါဝန်ကတော့ အွန်လိုင်းရှော့ကနေ ဝယ်ခဲ့တဲ့ ဂါဝန်ပဲ ဖြစ်ပါတယ်။ အမြင်မှာ လှပခဲ့တာကြောင့် ဝယ်ခဲ့ပေမဲ့လည်း မျှော်လင့်ထားတာထက် ဆိုးဝါးခဲ့တဲ့ ဒီဇိုင်းဖြစ်လို့နေပါတယ်။ shwekhitonlinetv.com

၃။ ငါးဖိနပ်

ဖိနပ်ဒီဇိုင်းတွေ အမျိုးမျိုးရှိတဲ့အထဲကမှ အခုလို ငါးဒီဇိုင်းကတော့ တကယ့်ကို ထူးဆန်းလှပါတယ်။ ငါးတကောင်ကို သဲကြိုးတပ်ပြီး ဖိနပ်လုပ်စီးရတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်စေမယ့် ဖန်တီးမှု ဖြစ်ပါတယ်။ ဒီဖိနပ်နဲ့ အပြင်ထွက်မယ်ဆိုရင်တော့ လူတိုင်းရဲ့ အာရုံစိုက်မှုကို ရရှိနေမှာပါ။ shwekhitonlinetv.com

၄။ ယင်ကောင်အင်္ကျီ

ယင်ကောင်တွေ တက်နေသလို ဒီဇိုင်းထုတ်ထားတဲ့ အင်္ကျီပဲ ဖြစ်ပါတယ်။ ဒီအင်္ကျီကို ဝတ်ကြည့်လိုက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ပေါ် ယင်ကောင်တွေ ဝိုင်းနေသလို ပုံစံဖြစ်နေမယ် ထင်ပါတယ်။ အရမ်းကို ဆိုးဝါးလွန်းတဲ့ ဒီဇိုင်းဖန်တီးမှုလို့ပဲ ဆိုချင်ပါတယ်နော်။ shwekhitonlinetv.com

၅။ အမွှေးထူဖိနပ်

ပုံမှာတွေ့ရတဲ့ ဖိနပ်ကတော့ ဆံပင်တုတခုကို ဖိနပ်မှာ တပ်ဆင်ထားသလို ဒီဇိုင်းပဲ ဖြစ်ပါတယ်။ အများနဲ့မတူ တမူထူးဆန်းစေဖို့အတွက် ဒီဇိုင်းဖန်တီးခဲ့ပေမဲ့လည်း ထင်သလောက် မအောင်မြင်ခဲ့တဲ့ ဖိနပ်ဒီဇိုင်းဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ကလေးချိုလိမ်

ကလေးတွေရဲ့ ချစ်စရာကောင်းတဲ့ ချိုလိမ်ဒီဇိုင်းပဲ ဖြစ်ပါတယ်။ ကလေးတွေရဲ့ ပါးစပ်မှာ တပ်ထားလိုက်ရင် ဖန်တီးထားတဲ့ ဒီဇိုင်းလေးအတိုင်း နှုတ်ခမ်းက ပုံစံလေးပေါ်နေမှာ ဖြစ်နေမှာပါ။ ထူးဆန်းပြီး ချစ်စရာကောင်းပေမဲ့လည်း စျေးကွက်မှာတော့ ထင်သလောက် အရောင်းမသွက်ခဲ့ပါဘူး။ shwekhitonlinetv.com

၇။ မြွေဖိနပ်

ပါးပျဥ်းထောင်ပြီး မာန်ဖီနေတဲ့ မြွေရဲ့ ဒီဇိုင်းပဲ ဖြစ်ပါတယ်။ လည်ရှည်ဖိနပ်ရဲ့ ထိပ်မှာ ပါးပျဥ်းထောင်နေတဲ့ မြွေတပ်ဆင်ထားတဲ့ ဒီဇိုင်းကတော့ တကယ့်ကို ထူးဆန်းလှပါတယ်။ shwekhitonlinetv.com

၈။ ထိုင်ခုံအိမ်သာ

အိမ်သာထဲမှာ ဂိမ်းကစားတတ်တဲ့ လူငယ်တွေ အတွက်တော့ အကြိုက်တွေ့စေမယ့် ထိုင်ခုံဖြစ်ပါတယ်။ သက်တောင့်သက်သာ ရှိမယ့် ဒီဇိုင်းဖြစ်ပေမယ့်လည်း နေရာအကျယ်အဝန်းကြောင့် နှစ်ခါပြန်စဥ်းစားရမယ့် ဖန်တီးမှုဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ ရေမြင်းကား

ရုတ်တရက်ကြည့်လိုက်ရင် ရေမြင်းအနီတကောင်အလား ထင်မှတ်ရစေမယ့် ကားဒီဇိုင်းဖြစ်ပါတယ်။ ဒီကားရဲ့ ပိုင်ရှင်ကတော့ ရေမြင်းတွေကို အရမ်းချစ်တဲ့သူ ဖြစ်မယ်ထင်ပါတယ်။ shwekhitonlinetv.com

၁၀။ ပီကေကပ်နေတဲ့ ဒီဇိုင်းနဲ့ ဒေါက်ဖိနပ်

ရှူးဖိနပ်မှာ ပီကေကပ်နေသလို ဒီဇိုင်းနဲ့ ဖန်တီးထားတဲ့ ဒေါက်ဖိနပ်ဖြစ်ပါတယ်။ တကယ်ကို ထူးဆန်းတဲ့ စိတ်ကူးပုံစံပါပဲနော်။ shwekhitonlinetv.com

၁၁။ နားရွက်နားကပ်

ပုံမှာ မြင်တွေ့ရတဲ့ ဒီဇိုင်းကတော့ မိန်းကလေးတွေရဲ့ အဆုံးမရှိတဲ့ ဖက်ရှင်ကို အမျိုးသားတွေ အံ့သြသွားစေမှာပါ။ နားရွက်ပုံစံ ပြုလုပ်ထားတဲ့ နားကပ်ဒီဇိုင်းကတော့ လူတွေနှစ်ခါပြန် ငေးကြည့်သွားစေမယ့် ဖန်တီးမှုပဲ​ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၂။ သွားပုံစံ USB

ကိုယ့်ရဲ့ USB ကို ဘယ်သူမှ မတွေ့နိုင်အောင် သိမ်းထားချင်သူတွေအတွက် ဖန်တီးမှုပဲ ဖြစ်ပါတယ်။ သွားအတုပုံစံ USB ဒီဇိုင်းကတော့ တကယ့်ကို နှစ်ခုမရှိတဲ့ ဒီဇိုင်းပါပဲနော်။ shwekhitonlinetv.com

၁၃။ ဒိုင်နိုဆောအင်္ကျီ

ဒိုင်နိုဆောရဲ့ လက်သေးသေးထွက်နေသလို ဒီဇိုင်းနဲ့ အင်္ကျီကတော့ တော်တော်ကို ဆိုးဝါးလွန်းတဲ့ ဒီဇိုင်းပဲ ဖြစ်ပါတယ်။ ဝတ်ဆင်ထားသူရဲ့ ရင်ဘတ်ကနေ ထွက်နေမယ့် ဒိုင်နိုဆောလက်ပုံစံဒီဇိုင်းကတော့ ဘယ်သူမှ မလိုချင်မယ့် ဒီဇိုင်းဖြစ်နေမယ်ထင်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။