ကမ္ဘာပေါ်က အန္တရာယ်အရှိဆုံး လေဆိပ်များ

ကမ္ဘာပေါ်ကနိုင်ငံတိုင်းလိုလိုမှာတော့ လေဆိပ်တွေကိုယ်စီရှိကြပါတယ်။ ဒီလေဆိပ်တွေထဲမှာမှ ကြီးကျယ်ခမ်းနားပြီး ဘေးအန္တရာယ် ကင်းရှင်းတဲ့ လေဆိပ်တွေ အများအပြားရှိကြသလို ချိန်ခါမရွေး အန္တရာယ်နဲ့ ကြုံတွေ့နိုင်တဲ့ လေဆိပ်တွေကလည်း ရှိနေပါတယ်။ ဘယ်လေဆိပ်တွေက ကမ္ဘာပေါ်မှာ အန္တရာယ် အများဆုံးအဖြစ်သတ်မှတ်ခံထားရသလဲဆိုတော့ ……. shwekhitonlinetv.com

၁။ Tenzing-Hillary Airport , Nepal

လုကာလေဆိပ်လို့လည်းလူသိများတဲ့ Tenzing-Hillary လေဆိပ်ဟာ နီပေါနိုင်ငံမှာရှိတဲ့ ဧဝရတ်တောင်ကို လာရောက်တဲ့သူတွေအတွက် အဓိကလေဆိပ်ဖြစ်ပါတယ်။ လေယာဉ်ပြေးလမ်းကိုနှစ်ဖက်စလုံးကို မတ်စောက်သောဟိမဝန္တာတောင်တန်းများဖြင့်ဝိုင်းရံထားပြီး လေယာဉ်တွေက ဒီတောင်တန်းတွေ ကြားကချိုင့်ဝှမ်အတွင်း ဆင်းသက်ကျရတာဖြစ်ပါတယ်။ ဆိုးရွားတဲ့ ရာသီဥတုနဲ့ ပတ်ဝန်းကျင်ကတောင် တန်းတွေကြောင့် ရဟတ်ယာဉ်နဲ့ လေယာဉ်အသေးစားတွေသာဆင်းသက်ခွင့်ပြုထားပါတယ်။ ဒါပေမယ့် လေယာဉ်ပြေးလမ်းအရှည်ဟာ ၅၂၇ မီတာ (၁၇၇၂ ပေ) သာရှိပြီး တွင်အလွန်တိုတောင်းတာကြောင့် သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေအများအပြားရှိတဲ့ လေယာဉ်ကွင်းလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Paro Airport, Bhutan

Paro လေဆိပ်ကတော့ ဘူတန်နိုင်ငံရဲ့တစ်ခုတည်းသောအပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်ပါတယ်။ သေးငယ်လှတဲ့ ဒီလေဆိပ်ဟာ နက်ရှိုင်းတဲ့ချိုင့်ဝှမ်းလွင်ပြင်မှာတည်ရှိပြီး ၅,၅၀၀ မီတာ (၁၈၀၀၀ ပေ) မြင့်မားချွန်ထက်တဲ့တောင်တွေကဝိုင်းရံထားတာဖြစ်ပါတယ်။ လေပြင်းများကြောင့် လေယာဉ်မှုးများအနေဖြင့် ၎င်းတို့၏ အမြင်ဖြင့်ဆုံးဖြတ်ခြင်းကို နေ့ခင်းဘက်၌သာ ခွင့်ပြုကြောင်းသိရပါတယ်။ ဒါ့အပြင် လေယာဉ်ကိုခက်ခဲတဲ့ အနေအထား ဒီဂရီမောင်းနှင်ပြီး ဆင်းသက်ရတာဖြစ်လို့ ဒီလေယာဉ်ကွင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆင်းသက်နိုင်တဲ့ လေယာဉ်မှုးက သိပ်ပြီးများများစားစားမရှိပါဘူး။ shwekhitonlinetv.com

၃။ Courchevel Airport, France

အီတလီ နဲ့ ပြင်သစ် နယ်စပ်နားက အဲလ်ပ် တောင်တန်းမှာတည်ရှိပြီး နှင်းလျှောစီးအပန်းဖြေစခန်းများ ကိုလာရောက်သူတွေကြောင့် တစ်ခါတစ်ရံစည်ကားတက်တဲ့ လေဆိပ်ဖြစ်ပါတယ်။ Courchevel လေဆိပ်ကိုအန္တရာယ်ဖြစ်စေတဲ့အရာကတော့ အမြင့် (ပေ ၆၅၀၀) မှာရှိသော်လည်း ပေ (၁၇၇၆) ပေသာ ရှိတဲ့ တိုတောင်းလှတဲ့လေယာဉ်ပြေးလမ်းပဲဖြစ်ပါတယ်။အလင်းမရှိခြင်းနှင့်ချဉ်းကပ်မှုစနစ်မရှိခြင်းတို့ကြောင့် ဒီလေဆိပ်ကို ဆိုးရွားသောရာသီဥတုအခြေအနေမှာ မဆင်းသက်ဝံ့ကြဘူးလို့သိရပါတယ်။ shwekhitonlinetv.com

၄။ Saba Airport, Dutch Caribbean

Saba လေဆိပ်ကတော့ ဒတ်ခ်ျကာရစ်ဘီယံကျွန်းစုတွေထဲက Saba ကျွန်းပေါ်မှာတည်ရှိပါတယ်။ နာမည်ကျော် King Kong ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ ကျွန်းဖြစ်တာကြောင့် King Kong ကျွန်းလိ့ုလည်းလူသိများလှပါတယ်။ စုစုပေါင်းအရှည်မီတာ ၄၀၀ (ပေ ၁၃၀၀) သာရှိသောလေယာဉ်ပြေးလမ်းက ကမ္ဘာ့အတိုဆုံးစီးပွားဖြစ်လေဆိပ် လေယာဉ်ပြေးလမ်းတစ်ခုဖြစ်သည်။ ကမ်းခြေတစ်လျှောက်ရှိ မြေပြင်အနေအထားနဲ့ ချောက်ကမ်းပါးတွေအပြင် လေယာဉ်ပြေးလမ်းရဲ့အစွန်းတွေဟာလည်း ပင်လယ်ထဲကိုကျဆင်းသွားတာကြောင့် ကြောက်မက်ဖွယ်ကောင်းတဲ့ လေဆိပ်တစ်ခုအဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Madeira Airport, Portugal

ယခင်က Funchal လေဆိပ်လို့ လူသိများတဲ့ Madeira အပြည်ပြည်ဆိုင်ရာလေဆိပ်ကတော့ ပေါ်တူဂီနိုင်ငံ Madeira ကျွန်းပေါ်မှာတည်ရှိပါတယ်။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့ မွေးရပ်ဖြစ်တာကြောင့် လက်ရှိအချိန်မှာတော့ သူ့ကိုဂုဏ်ပြုတဲ့ အနေနဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒို လေဆိပ်လို့လည်းခေါ်တွင်ကြပါတယ်။ ဒီလေဆိပ်ကတော့ ဆောက်လုပ်ထားတဲ့ ဗိသုကာဒီဇိုင်းနဲ့ တည်နေရာကြောင့် ကမ္ဘာ့အန္တရာယ်အရှိဆုံးလေဆိပ်တစ်ခုဖြစ်လာခဲ့တာလို့ဆိုနိုင်ပါတယ်။ တစ်ဖက်မှာ မြင့်မားတဲ့တောင်တန်း၊ တစ်ဖက်မှာအတ္တလန္တိတ်သမုဒ္ဒရာ တို့တည်ရှိပြီး လေယာဉ်ဆင်းသက်ဖို့ပြေးလမ်းကို ကွန်ကရစ်ထောက်တိုင်ပေါင်း (၁၈၀) နဲ့ ထောက်ခံပေးထားတယ်လို့သိရပါတယ်။ ဒီလေယာဉ်ကွင်းကို ဆင်းသက်ဖို့ အရည်အချင်းပြည့်မီတဲ့ လေယာဉ်မှုးကတော့ အယောက် (၂၀) သာရှိတယ်လို့လည်းသိရပါတယ်။ ဒီလေယာဉ်ကွင်းနဲ့ပတ်သတ်တဲ့ ဆိုးရွားတဲ့မှတ်တမ်းတစ်ရပ်ကတော့ (၁၉၇၇) ခုနှစ်မှာ ဘိုးရင်း (၇၂၇) ခရီးသည်တင်လေယာဉ်ပျက်ကျခဲ့မှုပဲဖြစ် ပြီးလူပေါင်း (၁၆၄) ဦးသေဆုံးခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ Princess Juliana International Airport, St. Maarten

စိန့်မာတင်ကျွန်းပေါ်မှာရှိတဲ့ နာမည်ကျော် Princess Juliana International Airport ကတော့ Maho အပန်းဖြေ ကမ်းခြေနဲ့ ထိစပ်လုနီးနီးဖြစ်နေတဲ့ ပြေလမ်းကြောင့် အံ့အားသင့်ဖွယ် ဓာတ်ပုံတွေရိုက်လိုသူတွေ အတွက် ဆွဲဆောင်မှုရှိလှပါတယ်။ လေယာဉ်ဆင်းသက်ခြင်းနှင့် လေယာဉ်ပျံတက်ခြင်းတို့ဟာ ကမ်းခြေမှာရှိတဲ့ လူတစ်ယောက်ရဲ့ ဦးခေါင်းထက်ကနေ အနည်းငယ်မျှသာမြင့်တာမို့လို့ စိတ်လှုပ်ရှားဖွယ်ကောင်းလှသလို အလွန်အန္တရာယ်လဲများလှပါတယ်။ မကြာသေးခင်ကလည်း နယူးဇီလန်အမျိုးသမီးတစ်ဦးဟာ ပျံတက်နေတဲ့ လေယာဉ်ပျံရဲ့ အစိတ်အပိုင်းတစ်ရပ်ပေါက်ကွဲမှုထိမှန်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၇။ Narsarquag Airport , Greenland

ကြီးမားသောလေကြောင်းလိုင်းများအား ဝန်ဆောင်မှုပေးနေတဲ့ ဂရင်းလန်းရဲ့ လေဆိပ်နှစ်ခုထဲက တစ်ခုပဲဖြစ်ပါတယ်။ Narsarsuaq လေဆိပ်တိုင်းပြည်၏တောင်ပိုင်းအစွန်အဖျားပေါ်တွင် Tunulliarfik Fjord တွင်တည်ရှိသည်။ အလွန်အေးတဲ့ နေ့တွေမှာ မြူနှင်းများပိတ်ဆို့ခြင်းကြောင့် လေယာဉ်မှုးတွေနဲ့ လေယာဉ်ပြေးလမ်းကို မမြင်တွေ့ရတာက အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်ပေမယ့် အနီးနားမှာ ရှိတဲ့ မီးတောင်ကြောင့် ပိုပြီးခေါင်းကိုက်ရပါသတဲ့။ အကြောင်းကတော့ မီးတောင်က ပြာမှုန်တွေမှုတ်ထုတ်တဲ့ အခါမျိုးမှာ တိမ်ထဲမှာပါဝင်တဲ့ ပြာမှုန်တွေက လေယာဉ်အင်ဂျင်ရဲ့ အပူကာပစ္စည်းတစ်မျိုးဖြစ်တဲ့ Silica တေါကို အရည်ပျော်စေပြီး အင်ဂျင်ကိုပျက်စီးစေလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ Wellington International Airport , New Zealand

နယူးဇီလန်နိုင်ငံရဲ့ မြို့တော် Wellington မှာတည်ရှိပြီး Auckland နဲ့ Christchurch လေဆိပ်တို့ပြီးရင် နိုင်ငံရဲ့ တတိယမြောက်အလုပ်အများဆုံး လေဆိပ်ဖြစ်ပါတယ်။ သမုဒ္ဒရာအနီးမှာ တည်ရှိတဲ့လေဆိပ်ဖြစ်တာကြောင့် တစ်ခါတစ်ရံ လေပြင်းတိုက်ခတ်ခြင်း လှိုင်းထန်ခြင်းတို့လို ရာသီဥတုအခြေအနေမျိုးမှာ လေယာဉ်တွေဆင်းသက်ဖို့ အင်မတန် အန္တရာယ်များတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၉။ Congonhas Airport, Sao Paulo, Brazil

လူနေသိပ်သည်းလွန်းတဲ့ ဘရာဇီးလ် နိုင်ငံ ဆော်ပေါ်လို မြို့အတွင်းကလေယာဉ်ကွင်းဖြစ်ပြီး လေယာဉ်များဆင်းသက်တဲ့ အခါမကြာခဏဆိုသလို အဆောက်အဦးထိပ်ပိုင်းတွေနဲ့ ခြစ်မိတာမျိုးတွေ ကြုံရလေ့ရှိတယ်လို့ သိရပါတယ်။ နောက်ပြီးကမ္ဘာပေါ်ကလေယာဉ်ကွင်းတွေ အနက် ပြေးလမ်းချွတ်ချော်မှု အများဆုံးဖြစ်လေ့ရှိတဲ့ လေယာဉ်ကွင်းလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ Gibraltar Airport, Gibraltar

ဒီလေဆိပ်မှာတော့ လေယာဉ်ပြေးလမ်းတစ်လမ်းတည်းရှိပြီး မြို့ရဲ့ အဓိကလမ်းမကြီးကိုဖြတ်သန်းတည်ဆောက် ထားတာဖြစ်ပါတယ်။ နိုင်ငံရဲ့အကျယ်အဝန်းက (၂.၆) စတုရန်းမိုင်ပဲရှိလို့ ဒီလိုဆောက်လုပ်ထားရတာလည်းဖြစ်ပါတယ်။ ဒါကြောင့် မြေပြင်က အခြားယာဉ်တွေဟာ လေယာဉ်အဆင်းအတက်ပြုလုပ်တဲ့ အခါ ရပ်ထားပေးရပါတယ်။ ဒါတောင်မှ မကြာခဏမြေပြင်က ယာဉ်တွေနဲ့ မတော်တဆ တိုက်မိတာတွေ ဖြစ်လေ့ရှိတဲ့လေဆိပ်ဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါကတော့ ကမ္ဘာပေါ်မှာရှိတဲ့ လေဆိပ်တွေထဲကမှ အန္တရာယ်အများဆုံး လေဆိပ်တွေပဲဖြစ်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို တင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်စောင့်မျှော် အားပေးကြပါဦးနော် … shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။