လေ့ကျင့်ခန်း ပြုလုပ်ပြီးနောက်ပိုင်း မမှတ်မိလောက်အောင် ချောမောလှပသွားတဲ့ လူ (၁၀) ယောက်

ပရိတ်သတ်ကြီးရေ အခုတစ်ခါ တင်ဆက်ပေးသွားမှာကတော့ gym ကစားရင်း မမှတ်မိလောက်အောင် ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်သွားကြတဲ့ သူတွေအကြောင်းပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ် အချိုးအစား လှပအောင် လေ့ကျင့်ခန်းတွေလုပ်ပြီး အစားအသောက် ထိန်းသိမ်းရမယ်ဆိုတာ လူတိုင်းသိကြမှာပါနော်။ shwekhitonlinetv.com

ဒါပေမဲ့လည်း အပျင်းကြီးပြီး အစားအသောက် မဆင်ခြင်နိုင်ပဲ လေ့ကျင့်ခန်းလုပ်ဖို့ ပျက်ကွက်နေကြမယ် ထင်ပါတယ်။ အဲ့ဒီလို အပျင်းကြီးတဲ့ သူတွေကို အခုချက်ချင်းပဲ လေ့ကျင့်ခန်း ပြေးလုပ်ချင်စိတ်ဖြစ်သွားစေနိုင်မယ့် လူ ( ၁၀ ) ယောက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ အရမ်းကို လန်းသွားတဲ့ အဘွား

အသက်ကြီးလို့ ကိုယ်လက်လှုပ်ရှား မလုပ်နိုင်တော့ဘူးဆိုတဲ့ သူတွေလည်း ဒီအဘွားကို မြင်ရင် အရမ်းကို အားတက်မိကြမယ် ထင်ပါတယ်နော်။ အသက်ကြီးပေမဲ့ မပျက်ဆီးသေးတဲ့ အဘွားကတော့ ၁၉၉ ပေါင်ကနေ ၁၃၅ ပေါင်ထိ ၆၄ ပေါင်တောင် ၀ိတ်ချနိုင်ခဲ့တဲ့သူပါ။ တင်းရင်းတဲ့ ကြွက်သားတွေနဲ့ အရမ်းကို ကျန်းမာပြီး လှပသွားတာကို တွေ့မြင်ရမှာပါနော်။ shwekhitonlinetv.com

၂။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဘ၀သို့

သင် ရုပ်ဆိုးနေတာ မဟုတ်ပါဘူး ၀ိတ်မချရသေးလို့ပါလို့ ပြောစမှတ်တွင်စေမယ့် ပုံလေးပဲ ဖြစ်ပါတယ်။ မှန်ကြောင် ပါးဖောင်းဖောင်း ဘ၀ကနေ ကြွက်သားတွေ အဖုအထစ်နဲ့ ရင်ခုန်ချင်စရာ ကောင်လေးအဖြစ် ပြောင်းသွားတာကို တွေ့ကြမှာပါနော်။ သူကတော့ ပေါင် ၂၂၀ ကနေ ပေါင် ၁၆၀ အထိ ပေါင် ၆၀ တောင် ၀ိတ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ အ၀လွန်ခဲ့ဖူးတာကို မေ့ပြစ်နိုင်ခဲ့တဲ့ မိန်းကလေး

သူမကတော့ ယခင်က ပေါင် ၄၈၀ အထိ ရှိခဲ့ပြီး လမ်းလျှောက်ဖို့တောင် မလွယ်ကူနိုင်ပဲ အ၀လွန်နေခဲ့ပါတယ်။ အရှုံးမပေးပဲ ကြိုးစားလာခဲ့တာ အခုဆိုရင် ပေါင် ၂၁၀ ပဲ ရှိတော့တဲ့ အရမ်းကို လှပတဲ့ မိန်းကလေးအဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ။ ပေါင် ၂၇၀ တောင် လျှော့ချနိုင်ခဲ့တာ ဖြစ်ပြီး မိသားစု၀င်တွေတောင် မမှတ်မိနိုင်လောက်အောင် လှပနေပြီပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ အလေးချိန် ပေါင် ၁၀၀ ရဲ့ ကွာခြားမှု

အ၀မလွန်သေးပါဘူး ဆိုပြီး ကိုယ့်ကိုယ်ကို ညှာပြီး အစားတွေစားနေတုန်းပဲလား ။ အခုပုံထဲက ကောင်လေးကတော့ အရမ်း အ၀မလွန်ခင်မှာပဲ သူ့ကိုယ်သူ ထိန်းနိုင်ခဲ့ပြီး လေ့ကျင့်ခန်းတွေ လုပ်ခဲ့ပါတယ်။ သူကတော့ ပေါင် ၂၈၀ ကနေ ပေါင် ၁၈၀ ထိ ၀ိတ်ချနိုင်ခဲ့သူပါ။ ပေါင် ၁၀၀ တိတိ ၀ိတ်လျှော့နိုင်ခဲ့တဲ့ အကျိုးရလဒ်ကတော့ အရမ်းကို ယောကျ်ားပီသတဲ့ အသွင်အပြင်ကို ရရှိစေခဲ့ပါတယ်။ shwekhitonlinetv.com

၅။ အဆီတွေကို ဖက်တွယ်မနေခဲ့တဲ့ မိန်းကလေး

သူမကတော့ ၁၈၂ ပေါင် ကနေ ၁၂၉ ပေါင် ထိ၀ိတ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ခန္ဓာကိုယ် အလေးချိန် ၅၃ ပေါင် ကို လျှော့ချနိုင်ခဲ့တဲ့ အကျိုးရလဒ်ကတော့ သေးသွယ်ကျစ်လစ်တဲ့ ခန္ဓာကိုယ်အလှအပနဲ့ မြင်သူတကာ ငေးလောက်အောင် ဖြစ်သွားတာပါပဲနော်။ shwekhitonlinetv.com

၆။ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲနိုင်ခဲ့သူ

မိန်းကလေးတွေက အကြောင်းပြချက်မရှိပဲ ထားခဲ့တာ ခံရဖူးပြီလား။ ဒီလိုဆို gym ကစားဖို့တော့ လိုပြီနော်။ ဓာတ်ပုံထဲက ကောင်လေးကတော့ ၀တုတ်လေးဘ၀ကို ချန်ထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ ပေါင် ၂၇၀ ကနေ ပေါင် ၁၆၀ ထိ ၀ိတ်ချနိုင်ခဲ့တာပါ ။ပေါင် ၁၁၀ တောင် လျှော့ချနိုင်ခဲ့တဲ့ အကျိုးရလဒ်ကတော့ ပုံထဲမှာ မြင်ရတဲ့အတိုင်း အရမ်းကို ခန့်ညားချောမောနေတာကို တွေ့ရမှာပါနော်။ shwekhitonlinetv.com

၇။ ကောက်ကြောင်းလေးတွေနဲ့ အရမ်းကို လှပနိုင်ခဲ့သူ

အခုပုံမှာ မြင်တွေ့ရတဲ့ မိန်းကလေးကတော့ ၁၃၅ ပေါင်ကနေ ၁၁၆ ပေါင်အထိ ၁၉ ပေါင် ၀ိတ်လျှော့နိုင်ခဲ့သူပါ။ တစ်ခါတစ်လေမှာ ပေါင်ချိန် နည်းနည်းလေးကလည်း ခန္ဓာကိုယ်ကို အများကြီး အကျိုးသက်ရောက်စေနိုင်ပါတယ် ။ အခုဆိုရင် ခါးတုတ်တုတ် မိန်းကလေး ဘ၀ကနေ အမိုက်စား ကောက်ကြောင်းလေးတွေနဲ့ မြင်သူတကာ ငေးရလောက်အောင် လှပနေတာကို တွေ့ရမှာပါနော်။ shwekhitonlinetv.com

၈။ ဗိုက်ပူကြီးဘ၀ကို တာ့တာပြခဲ့သူ

အသက်ကြီးလာတာနဲ့ အမျှ ၀ိတ်ကျဖို့ဆိုတာ လူငယ်တွေလောက် ခန္ဓာကိုယ်က မမြန်နိုင်တော့ပါဘူးတဲ့။ ဒါပေမဲ့လည်း အရှုံးမပေးပဲ ၀ိတ်ချနိုင်ခဲ့တာကို အခုပုံထဲက ဦးလေးကြီးက သက်သေပါပဲနော်။ ပေါင် ၃၀၀ ကနေ ပေါင် ၂၀၀ ထိ လျှော့ချနိုင်ခဲ့ပြီး ဗိုက်က အဆီတွေကို နှုတ်ဆက်နိုင်ခဲ့သူပါ။ ညာဘက်က ပုံမှာတော့ ၀ိတ်လျှော့ပြီးနောက် အရမ်းကို သန်မာပြီး ကျန်းမာသန်စွမ်းတဲ့ အသွင်အပြင်ကို မြင်တွေ့ရမှာပါနော်။ shwekhitonlinetv.com

၉။ အသက်ကြီးပေမဲ့ မပျက်ဆီးသေးတဲ့ အန်တီ

အိမ်မှာ အသက်ကြီးပြီး လေ့ကျင့်ခန်း မလုပ်နိုင်တော့ဘူးဆိုတဲ့ သူတွေရှိရင် အခုပုံကို ပြလိုက်ပါနော်။ သူမကတော့ ၃၂၉ ပေါင်ကနေ ၁၇၁ ပေါင်အထိ ၀ိတ်လျှော့နိုင်ခဲ့တာ ဖြစ်ပါတယ်။ အရမ်းကို အ၀လွန်ပြီး သွားဖို့ လာဖို့တောင် ခက်ခဲတဲ့ ဘ၀ကနေ ကျန်းမာပြီး လှပတဲ့ ဘ၀ကို ကူးပြောင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ ယောက်ျားပီသတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ခဲ့သူ

သူငယ်ချင်းတွေက ဖတ်တီး ဆိုပြီး စနောက်မှုကို ခံနေရပြီလား။ ဒါဆိုရင် အပြောင်းအလဲတော့ လုပ်သင့်နေပြီနော်။ အခု မြင်တွေ့ရတဲ့ ပုံထဲက ကောင်လေးကတော့ ပေါင် ၃၃၀ ကနေ ၂၁၅ ပေါင်အထိ လျှော့ချနိုင်ခဲ့တာပါ။ ခန္ဓာကိုယ် အလေးချိန် ၁၁၅ ပေါင် လျှော့ချနိုင်ခဲ့တာ ဖြစ်ပြီး အခုဆိုရင် အရမ်းကို ယောကျ်ားပီသပြီး မိန်းကလေးတွေ ၀ိုင်း၀ိုင်းလည်မယ့် အသွင်အပြင်ကို ပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply