အွန်လိုင်းကနေ စျေး၀ယ်ရင်း အဆင်မပြေဖြစ်ခဲ့ရသူ (၁၀) ယောက်ရဲ့ ဓာတ်ပုံများ

ပရိတ်သတ်ကြီးကို ဒီတစ်ခါ ဖော်ပြပေးချင်တာကတော့ အွန်လိုင်းမှာ စျေး၀ယ်ရင်း စိတ်ကူးနဲ့ လက်တွေ့ အရမ်းကို ကွာဟနေတဲ့ ပစ္စည်းတွေအကြောင်းပဲ ဖြစ်ပါတယ်။ တိုးတက်လာတဲ့ ဒီနေ့ခေတ်ကြီးမှာ အရာရာကို ကိုယ်တိုင်၀ယ်ယူစရာမလိုပဲ အွန်လိုင်းကနေမှာယူရရှိ နိုင်တယ်ဆိုတာ သိကြမှာပါနော်။ shwekhitonlinetv.com

အွန်လိုင်းကနေမှာယူရင်း ကိုယ်မှာယူထားတဲ့ ပစ္စည်းနဲ့ လက်ခံရရှိလာတဲ့ ပစ္စည်းနဲ့ အကွာကြီးကွာပြီး အလွဲလွဲအချော်ချော် ဖြစ်ရတဲ့ အကြောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ shwekhitonlinetv.com

၁။ မီးပုံးပျံနဲ့ မှားနိုင်တဲ့ ဂါ၀န်

အွန်လိုင်းမှာ ပြသထားတာကတော့ တစ်ဖက်ပုံမှာ မြင်ရတဲ့အတိုင်း အရောင်အသွေးစုံပြီး လှပတဲ့ ပုံစံလေးကို တွေ့ရမှာပါ။ တကယ်တမ်း လက်ခံရရှိလိုက်တဲ့အခါမှာတော့ ညာဘက်ကပုံမှာတွေ့ရတဲ့အတိုင်း မီးပုံပျံကြီးအလား မှတ်ထင်ရတဲ့ ဒီဇိုင်းဖြစ်လို့နေပါတယ်။ ၀တ်ဆင်ရတဲ့သူကတော့ ထိုင်ငိုချင်နေမယ် ထင်ပါတယ်နော်။ shwekhitonlinetv.com

၂။ ဆိုး၀ါးလှတဲ့ အနက်ရောင် သားမွှေးကုတ်အင်္ကျီိ

မြင်ရတဲ့အတိုင်း ဘယ်ဘက်က ပုံမှာတော့ အရမ်းကို လှပပြီး ဆွဲဆောင်မှု ရှိလွန်းတဲ့ အနက်ရောင် သားမွှေးကုတ်အင်္ကျီိကို တွေ့ရမှာ ဖြစ်ပါတယ်။ လက်တွေ့မှာတော့ ခွေးလိုလို ကြောင်လိုလို ပုံစံပေါက်နေတဲ့ နားရွက် ရှည်ရှည်နဲ့ ဆိုး၀ါးလှတဲ့ ဒီဇိုင်းကို တွေ့ရမှာပါ။ သူငယ်ချင်းတွေနဲ့ တွေ့ရင်တော့ သေချာပေါက် စနောက်ခံရမယ့် အင်္ကျီိပဲနော်။ shwekhitonlinetv.com

၃။ ဖာလူဒါ ပွဲတက်၀တ်စုံ

နာမည်ကြားရုံနဲ့တင် စိတ်၀င်စားစရာကောင်းတဲ့ ပွဲတက်၀တ်စုံကတော့ အထင်နဲ့ အမြင် တက်တက်စင် လွဲနေတာလေးကို တွေ့ရမှာပါ။ မှာယူခဲ့တဲ့ အင်္ကျီိလေးကတော့ ဘယ်ဘက်ပုံထဲမှာ အရမ်းကို လှပနေတာကို မြင်ကြမှာပါနော်။ တကယ်တမ်းမှာတော့ ပန်းရောင်အရည်ပေါ်မှာ ရောင်စုံကျောက်ကျောလေးတွေ ကပ်နေသလို ဆိုး၀ါးလှတဲ့ ၀တ်စုံ ဖြစ်လို့နေပါတယ်။ shwekhitonlinetv.com

၄။ အိမ်သန့်ရှင်းရေးအတွက် ဂျင်းဘောင်းဘီ

ခပ်ဆန်းဆန်း ရည်ရွယ်ချက်နဲ့ ဂျင်းဘောင်းဘီကတော့ ပုံမှာ မြင်ရတဲ့အတိုင်း ကြမ်းပြင်ကိုတောင် ဖုန်သုတ်စရာ မလိုလောက်အောင် ရှည်လျားနေတာကို တွေ့ရမှာပါ။ ဒီဘောင်းဘီကိုသာ ၀တ်ပြီး အိမ်ထဲမှာ လျှောက်သွားနေမယ်ဆိုရင်တော့ အိမ်ရှင်မက အရမ်းကို ကျေးဇူးတင်နေမယ် ထင်ပါတယ်နော်။ shwekhitonlinetv.com

၅။ ငလက်မလေးတွေအတွက် ဘောင်းဘီ

အခု ပုံမှာ မြင်တွေ့ရတာကတော့ အရမ်းကို စိတ်ပျက်သွားစေမယ့် ဘောင်းဘီပုံစံပဲ ဖြစ်ပါတယ်။ အွန်လိုင်းမှာ မှာယူစဥ်ကတော့ အနက်ရောင် ဘောင်းဘီအရှည်ကို မှာယူခဲ့ပေမဲ့ လက်တွေ့မှာတော့ ခြေမ ပဲ စွပ်လို့ရတဲ့ အခြေအနေကို တွေ့မြင်ရမှာပါ။ shwekhitonlinetv.com

၆။ စက္ကူစဒီဇိုင်းနဲ့ ပွဲတက်၀တ်စုံ

အွန်လိုင်းမှာ ပြထားတဲ့ စျေးပေါပြီး အရမ်းကို လှပနေတဲ့ ၀တ်စုံတွေကို ၀ယ်ရင် အခုလို ဖြစ်နိုင်တယ်ဆိုတာ ဒီပုံလေးက သက်သေပါပဲနော်။ ဘယ်ဘက်မှာတော့ အရမ်းကို လှပတဲ့ အဖြူရောင် ပွဲတက်၀တ်စုံကို မြင်ရမှာ ဖြစ်ပါတယ်။ တကယ်တမ်း လက်ခံရရှိတဲ့ အခါမှာတော့ တစ်ရှုးစက္ကူလို ပါးလွှာပြီး ရင်ဘတ်မှာလည်း အဖြူရောင် ခွက်မှောက်ထားတဲ့ ဒီဇိုင်းနဲ့ ၀တ်စုံ ဖြစ်နေပါတယ်။ shwekhitonlinetv.com

၇။ ကြောင်အင်္ကျီ

မှာယူခဲ့စဥ်ကတော့ အမျိုးသမီး ရေကူး၀တ်စုံ လှလှလေးဆိုပေမဲ့ တကယ်တမ်း လက်ခံရရှိတဲ့ အခါမှာတော့ လူ၀တ်လို့ မဖြစ်နိုင်တာကြောင့် ကြောင်လေးပဲ ၀တ်လိုက်ရပါတယ်။ ပရိတ်သတ်ကြီးလည်း အခုလို မဖြစ်ရအောင် အွန်လိုင်းရှော့ပင်းမှာ ၀ယ်ရင် သေချာစုံစမ်းပြီးမှ ၀ယ်ယူသင့်ပါတယ်နော်။ shwekhitonlinetv.com

၈။ သူတောင်းစား အင်္ကျီ

အပေါက်အပြဲ ဒီဇိုင်းပါတဲ့ အ၀တ်အစားတွေဟာ သေချာဒီဇိုင်းဆွဲထားမျိုး မဟုတ်ခဲ့ရင် အရမ်းကို ဆိုး၀ါးတဲ့ စတိုင််လ် ဖြစ်တတ်ပါတယ်နော်။ အခုပုံထဲကတော့ မှာယူထားတဲ့ ၀တ်စုံလေးဟာ တော်တော်ကို လှပပြီး ဆွဲဆောင်မှုအပြည့် ဖြစ်နေတာကို တွေ့ရမှာပါ။ တကယ်တမ်း မှာယူရရှိပြီး ၀တ်ဆင်လိုက်တဲ့ အခါမှာတော့ အချိုးမကျတဲ့ အပေါက်အပြဲ ဒီဇိုင်းနဲ့ အရမ်းကို ဆိုး၀ါးသွားတာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ အမှိုက်အိတ်ဒီဇိုင်းနဲ့ ခြေအိတ်

ဘယ်ဘက်က ပုံမှာတော့ အရမ်းကို စတိုင်လ်ကျ လှပတဲ့ အနက်ရောင် ပြောင်လက်နေတဲ့ အသားကပ်ခြေအိတ်ပဲ ဖြစ်ပါတယ်။ တကယ်တမ်း အွန်လိုင်းရှော့ပင်းကနေ ရောက်လာတဲ့ အခါမှာတော့ အမှိုက်ထည့်တဲ့ အနက်ရောင်အိတ်ကို ဖြတ်တောက်ပြီး ချုပ်ပေးလိုက်သလား မှတ်ထင်ရလောက်တဲ့ ဒီဇိုင်း ဖြစ်နေပါတယ်။ shwekhitonlinetv.com

၁၀။ ကျွတ်ကျွတ်အိတ် ဂါ၀န်

စိတ်ကူးထဲမှာတော့ ဘယ်ဘက်က ပုံထဲကလို ခရမ်းရောင် လည်ပင်းအဟိုက်လေးနဲ့ အရမ်းကို လှပလွန်းတဲ့ ဂါ၀န်လေးကို ပုံဖော်နေခဲ့မှာပါ။ တကယ်တမ်း ၀တ်ဆင်ကြည့်လိုက်တဲ့ အခါမှာတော့ ခရမ်းရောင် ကျွတ်ကျွတ်အိတ်ကို လက်အတွက် အပေါက်ဖောက်ပြီး ပို့ပေးလိုက်တဲ့ ပုံဖြစ်နေပါတယ်။ အနည်းဆုံးတော့ စျေး၀ယ်သွားရင် အိတ်မလိုတော့ဘူးပေါ့နော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။