အသက်အရွယ်ဆိုတာကို ကိန်းဂဏန်းလောက်သာ သဘောထားကြတဲ့ ဆယ်လီများ

ဒီတစ်ခေါက်မှာတော့ Shwe Khit ပရိသတ်ကြီးအတွက် ပြောပြပေးချင်တဲ့ အကြောင်းအရာလေးတစ်ခုရှိပါတယ် ။ ဒါကတော့ အသက်အရွယ်ဆိုတာကို ကိန်းဂဏန်းလောက်သာ သဘောထားပြီး နုပျိုလွန်းလှတဲ့ ဆယ်လီတွေ အကြောင်းပဲ ဖြစ်ပါတယ်။ တစ်ကယ်ပဲ ပြောထားတဲ့အတိုင်း နုပျိုလားဆိုတာကတော့ အောက်ပုံလေးတွေ တစ်ပုံချင်းစီကို ဖတ်ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

၁။ Vera Wang

အမေရိကန် ဖက်ရှင် ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ Wang ကတော့ အသက် ( ၇၁ နှစ် ) ရှိပြီး သူမရဲ့ အသက်အရွယ်နဲ့မလိုက်အောင် နုပျိုလွန်းတဲ့ သူတစ်ယောက်ပါပဲ ။ ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်ဖြစ်တဲ့အပြင် ခေါင်းအစ ခြေအဆုံး အိုမင်းမှု အရိပ်ယောင်တွေ နည်းနည်းလေးတောင် မထင်တဲ့သူဖြစ်လို့ သူမရဲ့ နုပျိုမှုကတော့ တစ်ကယ့်ကို လက်ဖျားခါချင်စရာပါပဲ…. shwekhitonlinetv.com

၂။ Iman

ဆိုမာလီနိုင်ငံသူ တစ်ဦးဖြစ်တဲ့ Iman ကတော့ အသက် ( ၆၄ ) နှစ် ရှိပြီဖြစ်ကာ ဖက်ရှင် မောလ်ဒယ် အပြင် သရုပ်ဆောင်မင်းသမီးအလုပ်ကိုပါ လုပ်ကိုင်နေတဲ့ ဆယ်လီ တစ်ဦးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်အဖြစ်နဲ့ပါ ကျော်ကြားတဲ့အပြင် အရွယ်နဲ့ မလိုက်အောင် နုပျိုလွန်းလှတဲ့ ရုပ်ရည်အသွင်အပြင်ကြောင့်လည်း နာမည်ကြီးနေသူတစ်ယောက် ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Halle Berry

Oscar ဆုပိုင်ရှင် မင်းသမီးတစ်လက်ဖြစ်တဲ့ Halle ကတော့ အသက် ( ၅၃ ) နှစ် အရွယ်ရှိတာတောင် ငယ်ရွယ်နုပျိုမှုကို ထိန်းထားနိုင်သေးတဲ့ ဆယ်လီ တစ်ယောက်ပဲ ဖြစ်ပါတယ်။ Halle ဟာ ကျန်းမာရေးကို လိုက်စားတဲ့အပြင် အစားအသောက်ကိုလည်း သင့်တင့်မျှတစွာ စားသုံးသူတစ်ယောက်ဖြစ်တာကြောင့် အခုလို နုပျိုနေတာ အဆန်းတော့ မဟုတ်ပါဘူး ။ shwekhitonlinetv.com

၄။ Jennifer Lopez

ဂီတလောက မှာ အောင်မြင်နေတဲ့သူ ဖြစ်သလို သရုပ်ဆောင် နယ်ပယ်မှာ လည်း ကျော်ကြားတဲ့ Jenifer ကတော့ အသက် ( ၅၀ နှစ် ) နီးပါးလောက် ရှိတယ် ဆိုတာ မယုံနိုင်စရာပါပဲ ။ Jenifer ဟာဆိုရင်လည်း သူမရဲ့ ခန္ဓာကိုယ် အလှတရားကို ထိန်းထားနိုင်ဖို့အတွက် လေ့ကျင့်ခန်းတွေကို တစိုက်မက်မက် လုပ်နေတတ်သူတစ်ယောက်ဖြစ်ပြီး ဒီလိုကြိုးစားတဲ့ ရလဒ်တွေကပဲ သူမကို အခုလိုမျိုး နုပျိုစေခဲ့တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Yolanda Hadid

Model လောက မှာ နာမည်ကြီးလှတဲ့ Gigi Hadid ၊ Bella Hadid ၊ နဲ့ Anwar Hadid တို့ကိုတော့ မသိတဲ့သူ မရှိသလောက်ပါပဲ ။ ဒီလို ချောမောလှပတဲ့ သမီးတွေကို မွေးထုတ်ပေးထားတဲ့ အမေဖြစ်သူ Yolanda Hadid ကတော့ တစ်ကယ့်ကို အံ့အားသင့်စရာ ကောင်းလောက်အောင် အရွယ်တင်လွန်းသူလည်း ဖြစ်ပါတယ်။ အသက် ( ၅၆ ) နှစ်ရှိပြီ ဖြစ်ပေမယ့်လည်း သမီးတွေနဲ့ အပြိုင်လှနေတဲ့ Yolanda Hadid ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ Heidi Klum

နောက်ထပ် နာမည်ကြီးတဲ့ ဆယ်လီ တစ်ယောက်ကတော့ Heidi Klum ပဲ ဖြစ်ပါတယ်။ အသက် ( ၄၇ ) နှစ် ရှိပြီ ဖြစ်ကာ ကလေး ( ၄ ) ယောက်မွေးထားတဲ့အပြင် လက်ရှိအချိန်အထိလည်း ပင်တိုင်စံ Model အလုပ်ကို လုပ်ကိုင်နေသူတစ်ယောက်ပါ ။ shwekhitonlinetv.com

၇။ Christie Brinkley

ဒီစာလေးကို အရင်မဖတ်ပဲ သူမရဲ့ အသက် ကို ခန့်မှန်းကြည့်မယ်ဆိုရင်တော့ တော်တော်လေးကို လွဲနိုင်တဲ့ အနေအထား မှာရှိပါတယ်။ တစ်ကယ်လည်း သူမရဲ့ အသက် ဟာ ၆၆ နှစ်ရှိပြီ ဖြစ်ပြီး နာမည်ကတော့ Christie Brinkley ပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ Former Model တစ်ယောက်ဖြစ်တဲ့ အပြင် သရုပ်ဆောင်ဘက်မှာလည်း နာမည်ကျော်တဲ့ သူတစ်ယောက်ပါ ။ သူမ ကို နုပျိုစေတဲ့ အကြောင်းကတော့ အမြဲတမ်း ပြုံးနေတတ်တာကြောင့် ဖြစ်ပါလိမ့်မယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ အသက်အရွယ်ဆိုတာကို ဂရုမစိုက်ပဲ အမြဲတမ်း နုပျိုလန်းဆန်းနေတဲ့ ဆယ်လီ တွေ အကြောင်းကို စုစည်း ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေ မှာလည်း အခုလိုမျိုး အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာ မို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော်…. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။