အထိမ်းအမှတ် ရုပ်တုတွေဆိုတာကတော့ ကမ္ဘာပေါ်က နိုင်ငံတိုင်း မြို့တိုင်း လိုလိုမှာ ရှိတက်ကြပါတယ်။ ဒီလို ရုပ်တုတွေဆိုတာကလည်း သမိုင်းမှာထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ၊ ထူးချွန်သူတွေ၊ ရဲစွမ်းသတ္တိရှိသူတွေ ကိုဂုဏ်ပြုပြီး ထုလုပ်ကြတာများပါတယ်။ အခုဖော်ပြမယ့် အကြောင်းအရာလေးမှာ ပါဝင်တဲ့ ရုပ်တုတွေကတော့ ဘယ်သူက ဘယ်လိုရည်ရွယ်ချက်နဲ့ ပြုလုပ်သွားသလဲဆိုတာ သေချာရေရာစွာ မသိရှိကြတဲ့ ရုပ်တုတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ Floralis Generica, Buenos Aires, Argentina

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိးစ်မြို့မှာ ရှိတဲ့ဧရာမပန်းပွင့်ကြီးဖြစ်ပါတယ်။ ဒီပန်းပွင့်ကြီးဟာ မနက်ပိုင်းမှာ (၁၀၅) ပေအကျယ်လောက်ထိပြန့်ကားစွာ ပွင့်ပြီးတော့ ညနေ နေဝင်ချိန်ဆိုရင်တော့ ပြန်ပိတ်သွားပါတယ်။ (၁၇၅) မီတာအမြင့်ရှိတဲ့ ဒီပန်းပွင့်ရုပ်တုမှာ ပွင့်ချပ် (၄) ခုရှိပြီးတော့ အလူမီနီယံနံ့ ပြုလုပ်ထားတာကြောင့် ၎င်းရဲ့ ပတ်ဝန်းကျင်ကို တောက်ပတဲ့ အလင်းတွေရောင်ပြန်ဟပ်စေဖို့ ဆိုတာလောက်သာ ယေဘူယျအားဖြင့် သိရပြီး တစ်ခြားဘယ်လိုရည်ရွယ်ချက်ရှိသလဲဆိုတာတော့ မသိနိုင်ပါဘူး။ shwekhitonlinetv.com
၂။ Hand of the Desert, Atacama Desert, Chile

Pan-American အဝေးပြေးလမ်းပေါ်မှာတော့ မြေကြီးထဲကနေ အထက်ကိုတိုးထွက်နေတဲ့ ဧရာမလက်ကြီးတစ်ဖက်ရှိနေပါတယ်။ Chile နိုင်ငံ Atacama သဲကန္တာရထဲမှာရှိပြီး Mano de Desierto (သို့မဟုတ်) Man of the Desert လို့ အမည်ရတဲ့ ဒီလက်ကြီးတစ်ဖက်ဟာ (၃၆) ပေမြင့်ပြီး (၁၉၈၀) ပြည့်နှစ်လောက်က ချီလီပန်းပုဆရာ Mario Irarrazabal က ပြုလုပ်တည်ဆောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com
၃။ Kindlifresser (Child Eater) Fountain, Bern, Switzerland

ဒီထူးဆန်းတဲ့ရုပ်တုနဲ့ ပတ်သက်လို့ ဒဏ္ဍာရီတွေတော့ အများကြီးရှိပါတယ်။ plentyာရီအများကြီးရှိပါတယ်ဒါပေမယ့်ဘယ်သူမှကဘာကိုဆိုလိုသလဲဆိုတာအတော်လေးသေချာသည်။ ဧရာမ Kindlifresser ဟာ အနီရောင်နဲ့အစိမ်းရောင်တွဲစပ်ထားတဲ့ ဝတ်စုံကိုဝတ်ဆင်ထားပြီး သူ့ရဲ့ ကျောပိုးအိတ်ထဲမှာတော့ ကလေးတွေကိုထည့်ထားကာ တစ်ယောက်ပြီးတစ်ယောက်စား နေတဲ့ ပုံသဏ္ဍန်ရှိပါတယ်။ လူအချို့ကဂရိဒဏ္ဍာရီမှ ခရိုနော့စ်ဟာ သူ့ရဲ့ကလေးတွေ သူ့အား ပြန်ပြီး ပုန်ကန်ခြင်းမှ ကာကွယ်ဖို့အတွက် ကလေးတွေကို ပြန်စားတဲ့ ဖြစ်ရပ်ကို သရုပ်ဖော်ထားတာဖြစ်တယ်လို့ ဆိုကြပေမယ့် အခြားလူမျိုးရေးဆိုင်ရာ ရည်ရွယ်ချက်တွေနဲ့ ဒီရုပ်တု ကိုထုလုပ်ထားတာလို့ လည်းဆိုကြပါတယ်။ shwekhitonlinetv.com
၄။ Victoria’s Way, Wicklow, Ireland

အိုင်ယာလန်နိုင်ငံ၊ ကောင်တီဝစ်ကလော (Roundwood) အနီးတွင် ဗစ်တာ၏ Way (ယခင် Victoria’s Way) ပန်းခြံဟာ လူအများကိုအတော်လေးဆွဲဆောင်ထားနိုင်ပါတယ်။ မြေဧက (၉) ဟတ်တာလောက်ကျယ်ဝန်းတဲ့ ဒီပန်းခြံထဲမှာ ပန်းပုရုပ်တုတွေအများအပြားရှိနေပြီး ထူးဆန်းတာကတော့ ရုပ်တုအများစုကို အနက်ရောင်ကျောက်တွေနဲ့ ထုဆစ်ပုံဖော်ထားတာဖြစ်ပါတယ်။ မတူညီတဲ့ရှုထောင့် Idea တွေနဲ့ ရုပ်တုမျိုးစုံကို ထုလုပ်ထားရှိပြီး ဒုက္ကရစရိယာ ကျင့်နေတဲ့ ဗုဒ္ဓရုပ်ပွားတော်ကတော့ ပထမဆုံးထုလုပ်ထားရှိတဲ့ ရုပ်တုဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com
၅။ Le passe Muraille, Paris

သင့်အနေနဲ့ ပါရီရဲ့ ဆိတ်ငြိမ်လှတဲ့လမ်းတစ်လျှောက် လမ်းလျှောက်လာရင်းအမှတ်တမဲ့ ဒီရုပ်တုကို တွေ့မြင်မိမယ်ဆိုရင် ထိတ်လန့်သွားမှာ အသေအချာပဲဖြစ်ပါတယ်။ နံရံတစ်ခုမှလူတစ်ယောက်ထွက်လာ တဲ့ပုံသဏ္ဍာန်ကို ဘယ်လိုရည်ရွယ်ချက်နဲ့များ ထုလုပ်ခဲ့ပါသလဲ? သူနဲ့ပတ်သက်တဲ့ပုံပြင်က နည်းနည်းရှည်လို့ အတိုချုံးပြီးပြောပြပါမယ်။ ပြင်သစ်ပြည်မှာ တစ်ချိန်က Dutilleul ဆိုတဲ့ လူတစ်ယောက်ရှိခဲ့ပြီး သူက နံရံတွေကိုဖောက်ထွင်းသွားနိုင်တဲ့အစွမ်းရှိသူလို့ ဆိုပါတယ်။ ဒါကိုသူကရောဂါတစ်ခုအနေနဲ့ ထင်မှတ်ပြီးဆရာဝန်ကို သွားပြခဲ့တယ်လို့သိရပါတယ်။ ဆရာဝန်က သူ့ကို သောက်ဆေးလေးတွေပေးလိုက်ပါတယ်။ ဒီဆေးတွေကိုသောက်ရင် သူ့ရဲ့ဒီအစွမ်းပျောက်ကွယ်သွားမယ် လို့လည်းအသိပေးလိုက်ပါတယ်။ ဒါပေမယ့်သူက ဒီဆေးတွေကို မသောက်ဘဲ သိမ်းထားခဲ့ပြီး ဒီစွမ်းရည် နဲ့ အသုံးချပြီး ဘဏ်တွေ ရတနာဆိုင်တွေကို ဖောက်ထွင်းခဲ့တယ်လို့ လည်းသိရပါတယ်။ နောက်ပိုင်းမှာ သူဟာ အိမ်ထောင်ရှိအမျိုးသမီးတစ်ဦးနဲ့ ချစ်ကြိုက်မိပြီး သူ့ယောက်ျားမရှိတုန်း အတူအိပ်ခဲ့မိပါတယ်။ အိပ်ယာကနိုးတော့ ခေါင်းကိုက်တာကြောင့် သူ့ကိုဆရာဝန်ပေးထားတဲ့ ဆေးတွေကို ခေါင်းကိုက်ပျောက်ဆေး အမှတ်နဲ့ သောက်ခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ချစ်သူအိမ်ကနေ နံရံတွေဖြတ်သန်းကာ ပြန်လာရင်းရုတ်တရက် ဆေးစွမ်းပြတာကြောင့် နံရံဖောက်နိုင်တဲ့ အစွမ်းပျောက်ဆုံးကာ ပုံပါအတိုင်းတို့လို့တန်းကြီး ဖြစ်နေတယ်လို့ ပြောစမှတ်ရှိပါသတဲ့ ပရိသတ်ကြီးရေ။ shwekhitonlinetv.com
၆။ The Traffic Light Tree, London, UK

ဝါ၊ စိမ်း၊ နီ အချက်ပြမီးပေါင်းများစွာနဲ့ ဒီမီးပွိုင့်သစ်ပင်ကတော့ (Traffic Light Tree) အများပြည်သူဆိုင်ရာအနုပညာအစီအစဉ်အတွက် Public Art ပြင်သစ်ပန်းပုဆရာ Pierre Vivant ကတီထွင် ဖန်တီးခဲ့တာလို့ သိရပါတယ်။ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ Herary Quay၊ Marsh Wall နှင့် Westferry လမ်းဆုံလမ်းဆုံတွင်တည်ရှိတဲ့ ဒီမီးပွိုင့်သစ်ပင်က အမှန်တကယ် ယာဉ်ကြောထိန်းသိမ်းရေးအတွက်တော့ အသုံးမဝင်လှပါဘူး။ ဒီ မီးပွိုင့်ပဒေသာပင်ကတော့ (၈) မီတာရှည်ပြီး အချက်ပြမီးသီးပေါင်း(၇၅) လုံးပါရှိပါတယ်။ အချက်ပြမီးတွေကိုတော့ ကွန်ပျူတာစနစ်နဲ့ထိန်းချုပ်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ Carhenge Alliance, Nebraska, USA

အင်္ဂလန်နိုင်ငံမှာရှိတဲ့ Stonehenge အကြောင်းကို ကြားဖူးကြသူတွေ အများအပြားရှိနိုင်ပေမဲ့ အမေရိကန်ပြည်ထောင်စုက Carhenge အကြောင်းကို သိရှိသူကတော့အနည်းငယ်သာရှိမယ်လို့ထင်ပါတယ်။ အမှန်တကယ်တော့ Carhenge ဟာ အင်္ဂလန်နိုင်ငံက Stonehenge ကို အတုယူပြီး ဖန်တီးထားတာဖြစ်လည်း ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်အတွင်းမှာ အနုပညာရှင်တွေကကားအဟောင်းတွေကို မီးခိုးရောင်ဆေးမှုတ်ပြီး ပြလုပ်တည်ဆောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com
အခုလိုမျိုး အကြောင်းအရာလေးကို အဆုံးအထိ စိတ်ဝင်စားစွာဖတ်ရှုပေးကြတဲ့ ရွှေခေတ်ပရိသတ်ကြီး အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော် … ။ နောက်ထပ်ဘယ်လိုမျိုးစိတ်ဝင်စားဖွယ်ရာအကြောင်းတွေကို တင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်စောင့်စား အားပေးပါဦးနော် … ။ shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။
Be the first to comment
You must log in to post a comment.