ထူးဆန်းတဲ့ အဖြစ်အပျက်တွေနဲ့ နားလည်ရခက်စေတဲ့ ဓာတ်ပုံများ

ပရိသတ်ကြီးကို အခုတစ်ခါပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကြည့်လိုက်တိုင်း စဉ်းစားရကြပ်စေခဲ့တဲ့ ပုံတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဘယ်လိုပုံတွေက မေးခွန်းထုတ်ချင်စရာ ကောင်းစေလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com

၁။ တိုက်ပေါ်ကို ရောက်သွားတဲ့ ကား

ဒီပုံကို ကြည့်လိုက်တယ်ဆိုရင် တိုက်ခန်း ပထမထပ်မှာ တင်နေတဲ့ ကားကို မီးသတ်သမားတွေက ဆွဲထုတ်ဖို့ ကြိုးစားနေကြတာကို တွေ့ရမှာပါ ။ ဒါပေမယ့် ဘယ်လိုဖြစ်ပြီး ကား တစ်စီးလုံး တိုက်ခန်းအပေါ်ကို ရောက်သွားတာလဲဆိုတာကတော့ မောင်းတဲ့သူကပဲ အသိဆုံး ဖြစ်မှာပါ ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

၂။ နံရံနဲ့ သစ်ပင်ကြားမှာ ညပ်နေတဲ့ ကား

အခုတစ်ပုံကတော့ ကားတစ်စီးက ဘယ်ကနေ ဘယ်လို ဖြစ်မှန်းမသိပဲ သစ်ပင်နဲ့ နံရံကြားထဲမှာ ညပ်သွားတာပဲ ဖြစ်ပါတယ် ။ ဒီလို ညပ်သွားဖို့ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေ တစ်ခုဖြစ်ပြီး ကားကို ပြန်ဆွဲထုတ်နိုင်ဖို့ကိုတောင် တော်တော်ကြိုးစားလုပ်ရမှာပါ ။ shwekhitonlinetv.com

၃။ သစ်ပင်ထဲ ရောက်သွားတဲ့ စက်ဘီးလေး

တစ်ခါတစ်လေ မှာ သဘာ၀တရားရဲ့ လွှမ်းမိုးနိုင်မှုက အတော်လေးကို အံ့အားသင့်စရာ ကောင်းလှပါတယ်။ အခုပုံမှာဆိုရင်လည်း စက်ဘီးလေးတစ်စီးဟာ နှစ်ကာလ အတော်ကြာသွားတဲ့ နောက်မှာတော့ ကြီးထွားရှင်သန်လာတဲ့ သစ်ပင်ထဲကို ရောက်သွားတဲ့ ပုံပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄။ ရေဘူးထဲက ကြောင်ကလေး

ဒီပုံလေးကိုတော့ လူတော်တော်များများက တမင်ဖန်တီးထားတယ်လို့ ပြောကြပြီး တစ်ချို့လူတွေကတော့ တစ်ကယ် ဖြစ်နေတာလို့လည်း ထင်ကြပါတယ် ။ တစ်ကယ်လား ၊ တမင်ဖန်တီးထားလားဆိုတာ ပရိသတ်ကြီးလည်း ကြည့်ပြီး ဆုံးဖြတ်ကြည့်ကြပါဦးနော် ။ shwekhitonlinetv.com

၅။ အိမ်သာထဲက နှုတ်ခမ်းနီအရာ

အခုပုံလေးကတော့ ကြည့်မိသူတိုင်းကို ပြုံးမိသွားစေခဲ့တဲ့ ပုံလေးတစ်ပုံပဲ ဖြစ်ပါတယ် ။ အိမ်သာခွက်ထဲမှာ ဘယ်ကနေ ဘယ်လို ရောက်လာလည်း မသိတဲ့ နှုတ်ခမ်းနီ ရာ တစ်စုံကို တွေ့ရမှာ ဖြစ်ပြီး စိတ်ကူးနဲ့တင် တွေးပြီး သဘောကျမိစေမှာပါ ။ shwekhitonlinetv.com

၆။ သစ်ပင်ထဲ နစ်ဝင်နေတဲ့ အကြွေစေ့များ

ဒါကတော့ သစ်ပင်ထဲမှာ နစ်ဝင်သွားတဲ့ အကြွေစေ့လေးတွေကို အနီးကပ်မြင်သာအောင် ရိုက်ကူးထားတဲ့ ပုံပဲ ဖြစ်ပါတယ်။ ဒီပုံလေးဟာဆိုရင် လူမှုကွန်ယက်တွေပေါ်မှာ နာမည်ကြီးခဲ့ပြီး လူတစ်ချို့ကတော့ ဒီပုံလေးကို “ သဘာ၀ ဘဏ်တိုက် ” လို့ နာမည်ပေးခဲ့ကြပါတယ် ။ shwekhitonlinetv.com

၇ ။ တောင်လိုပုံနေတဲ့ ခရီးဆောင်အိတ်များ

အခုမြင်ရတဲ့ ပုံလေးကတော့ လေဆိပ်တစ်ခုထဲမှာ ဖန်တီးထားတဲ့ လက်ရာ တစ်ခုပဲ ဖြစ်ပါတယ်။ တောင်လိုပုံနေတဲ့ ခရီးဆောင်အိတ်တွေကို စုစည်းပြီး ဖန်တီးပြသထားတာပါ ။ တစ်ကယ့်အပြင်မှာ ဒီလိုပုံနေမယ်ဆိုရင်တော့ ကိုယ့်လက်ဆွဲအိတ်ကို ယူဖို့အတွက် အတော်လေး စဉ်းစားရ ကြပ်စေမှာပါ ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ ကြည့်လိုက်တိုင်း စဉ်းစားရကြပ်စေခဲ့တဲ့ ပုံတွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလို ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com