အာဖရိကနိုင်ငံတွေနဲ့ ပတ်သက်ပြီး လူတွေ အထင်မှားနေကြတဲ့ စိတ်ဝင်စားစရာ အချက်များ

ပရိသတ်ကြီးကို အခုတစ်ခါမှာ ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ အာဖရိကတိုက်အတွင်းက နိုင်ငံတွေနဲ့ ပတ်သက်ပြီး လူတော်တော်များများ အသိမှားနေကြတဲ့ စိတ်ဝင်စားစရာ အချက်လေးတွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ် ။ ဘယ်လို အချက်တွေက လူတွေ အထင်မှားနေကြလဲဆိုတာ အောက်က ပုံလေးတွေကို တစ်ပုံချင်းစီ ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ အာဖရိကနိုင်ငံတွေဟာ နည်းပညာ တိုးတက်မှု မရှိခြင်း

တစ်ကယ်တော့ ဒီအချက်ဟာ အတော်လေးကို မှားယွင်းနေပါတယ်။ လူအများစု ထင်ထားကြတာက အာဖရိကနိုင်ငံတွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ အကူအညီကို ယူနေရတယ်လို့ ထင်ကြတာပါ ။ တစ်ကယ်တမ်းမှာတော့ အာဖရိကတိုက်အတွင်းက လူဦးရေ ရဲ့ ၉၀ ရာခိုင်နှုန်းလောက်မှာ ဆဲလ်ဖုန်းတွေ ရှိကာ ကိုယ်ပိုင် applications နဲ့ gadgets တွေကို တီထွင်နေကြတဲ့ programmers သမားတွေလည်း အများကြီး ရှိပါတယ် ။ shwekhitonlinetv.com

စက်မှုထုတ်လုပ်နိုင်တဲ့ အပိုင်းမှာဆိုရင်လည်း အာဖရိကတိုက်ဟာ အတော်ကို တိုးတက်နေပြီး တစ်ချို့နိုင်ငံတွေမှာဆိုရင် စက်ပစ္စည်းအကြီးတွေ ဖြစ်တဲ့ မော်တော်ကားတွေကိုတောင် ထုတ်လုပ်နိုင်နေပြီပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ အာဖရိကတိုက်ဟာ ပူပြင်းလွန်းတဲ့ သဲကန္တာရ ချည်းပဲ မဟုတ်ပါဘူး ။

အာဖရိကတိုက်လို့ ပြောလိုက်ရင် ပူပြင်းလွန်းတဲ့ သဲကန္တရာတွေ နဲ့ စိုက်ပျိုးရေး မဖြစ်ထွန်းတဲ့ နေရာဆိုပြီး မြင်ယောင်မိကြမှာပါ ။ တစ်ကယ်တမ်းမှာတော့ အာဖရိကတိုက်အတွင်းမှာ ကျယ်ပြန့်ပြီး စိမ်းစိုလှတဲ့ သစ်တောတွေ ၊ နာမည်ကြီး Kilimanjaro တောင် နဲ့ နှင်းဖုံးလွှမ်းနေတဲ့ တောင်တန်းတွေလည်း ရှိပါသေးတယ် ။ shwekhitonlinetv.com

ဒါ့အပြင် ရာသီဥတု ဇုန်အားလုံးကို အာဖရိကတိုက်အတွင်းမှာ ဖော်ပြထားပြီး နှစ်စဉ်ပျမ်းမျှ အပူချိန်ဟာဆိုရင်လည်း အာဖရိကတိုက်ရဲ့ အီကွေတာ အစိတ်အပိုင်းထဲမှာတောင် အပူချိန် ( ၈၁ ) ဒီဂရီ ဖာရင်ဟိုက်ထက် မကျော်ပါဘူး ။ shwekhitonlinetv.com

၃။ အာဖရိကတိုက်ထဲ မှာ လူမည်း လူမျိုးတွေချည်း နေတာ မဟုတ်ပါဘူး ။

တော်တော်များများ အထင်မှားကြတာက အသားရေ အနက်ရောင် ရှိတဲ့သူတွေချည်းပဲ အာဖရိကတိုက်ထဲမှာ နေတယ်လို့ ထင်နေကြတာပါ ။ အမှန်ကတော့ အာဖရိကတိုက်အတွင်း အသားရောင် မျိုးစုံနဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေ ရှိကြတဲ့ လူပေါင်း ဘီလီယံနဲ့ ချီပြီး နေထိုင်ကြပါတယ် ။ shwekhitonlinetv.com

ဒီလူတွေထဲမှာ ဘိုးဘွားခေတ်ကတည်းက ဥရောပ နဲ့ အာရှတိုက်တွေကနေ ရွှေ့ပြောင်းနေထိုင်ကြသူတွေလည်း ရှိသလို တစ်ချို့ကျတော့လည်း နိုင်ငံရေးဖိနှိပ်ခံရမှုတွေကြောင့် အာဖရိကတိုက်ကို ရွှေ့ပြောင်းနေထိုင်လာကြတာလည်း ရှ်ိပါတယ် ။ shwekhitonlinetv.com

၄။ အာဖရိက လူမျိုးတွေဟာ တဲအိမ် နဲ့ မနေကြတော့ပါဘူး ။

ယနေ့ခေတ်ကာလမှာတော့ အာဖရီကန် လူမျိုးအားလုံးဟာ တဲအိမ်တွေနဲ့ မနေကြတော့ပါဘူး ။ အာဖရိက မှာ ရှိတဲ့ မြို့ကြီးတွေရဲ့ ဆောက်လုပ်ရေး အပိုင်းတွေဟာ တစ်ခြား မြို့ကြီးတွေနဲ့ အနည်းငယ် ကွဲပြားပြီး အထပ်မြင့် တိုက်ခန်းတွေ ၊ မိုးမျှော်အဆောက်အဦးတွေနဲ့ စီးပွားရေး စင်တာတွေ ရှိပါတယ် ။ shwekhitonlinetv.com

နောက်ပြီး အာဖရိက အတွင်းက မြို့တွေဟာ တိုးတက်လာတဲ့ ဗိသုကာပညာတွေနဲ့ အခြေခံ အဆောက်အအုံတွေကြောင့် ဖွံဖြိုးလာခဲ့တာပဲ ဖြစ်ပါတယ် ။ အချက်အလက်တွေအရ အာဖရိကတိုက်အတွင်းက လူဦးရေ အနည်းငယ်လောက်သာ ယနေ့အချိန်အထိ တဲအိမ်လေးတွေနဲ့ပဲ နေကြတာလို့ သိရပါတယ် ။ shwekhitonlinetv.com

၅။ အာဖရိက လူမျိုးတွေဟာ အာဖရိက ဘာသာစကား တစ်မျိုးတည်းကို ပြောကြတာ မဟုတ်ပါဘူး ။

တစ်ကယ်တမ်းမှာတော့ အာဖရိက ဘာသာစကား သက်သက်ဆိုပြီး မရှိတော့ပါဘူး ။ နောက်ပြီး ဒေသခံ လူမျိုးတွေရဲ့ ဘာသာစကားဟာလည်း တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားပြီပဲ ဖြစ်ပါတယ် ။ ကိုလိုနီခေတ်အတွင်းက ဆိုရင် အာဖရိကလူမျိုးတွေဟာ ဥရောပ ဘာသစကားတွေ ဖြစ်တဲ့ အင်္ဂလိပ် ၊ ပြင်သစ် ၊ ဂျာမန် နဲ့ ပေါ်တူဂီ ဘာသာစကားတွေ နဲ့ ပြောဆို လာခဲ့ကြပါတယ် ။ shwekhitonlinetv.com

နောက်ပိုင်းခေတ်မှာတော့ ဒီ ဘာသာစကားတွေဟာ ရုပ်မြင်သံကြားတွေနဲ့ အင်တာနက်တွေက တစ်ဆင့် တိုက်ကြီး တစ်ခုလုံးကို ပြန့်နှံ့သွားပြီး ယခုအခါမှာဆိုရင်တော့ အာဖရိကတိုက်အတွင်းမှာ ရာနဲ့ ချီတဲ့ ဘာသာစကားတွေနဲ့ ပြောဆိုလာကြတာပဲ ဖြစ်ပါတယ် ။ အနီးစပ်ဆုံး တစ်ခုကို ပြောရမယ်ဆိုရင် အာဖရိကတိုက် အတွင်းက နမ်ဘီယာ လို့ခေါ်တဲ့ နိုင်ငံမှာ ဆိုရင်ပြည်နယ် ဘာသာစကားပေါင်း ၂၀ လောက် ရှိပါတယ်တဲ့ ။ shwekhitonlinetv.com

၆။ အာဖရိကတိုက်အတွင်းက တိရစ္ဆာန်လေးတွေဟာ အရိုင်းမဆန်ပါဘူး ။

ပရိသတ်ကြီးအနေနဲ့ တီဗီရှိုးတွေ ၊ ရုပ်ရှင်တွေနဲ့ ကာတွန်း ဇာတ်လမ်းတွေ ထဲမှာဆိုရင် အာဖရိကတိုက်အတွင်းက တိရစ္ဆာန်တွေဟာ အရိုင်းဆန်ပြီး လူတွေကို အလွယ်တကူ တိုက်ခိုက်ကြတယ်ဆိုပြီး ရိုက်ပြထားတာကို မြင်ဖူးမှာပါ ။ တစ်ကယ့် အပြင်မှာတော့ ဆာဖရီ အများစုကို ဆောင်းရာသီ လောက်မှာ ပိတ်ထားပြီး ဆောင်းခိုရာသီ ရောက်လာတဲ့အခါ အန္တရာယ်ရှိတဲ့ မြွေတွေနဲ့ အင်းဆက် ပိုးမွှားတွေ ရှိနေနိင်လို့ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

နောက်ပြီး သားရဲ တိရာစ္ဆာန် အတော်များများဟာ အခုအခါမှာတော့ အမျိုးသား ဥယျာဉ် တွေထဲမှာသာ ရှိနေကြတာ ဖြစ်ပြီး လူတွေကို တိုက်ခိုက်တဲ့ ဖြစ်စဉ်ဟာလည်း အတော်လေးကို ရှားပါးလွန်းတယ်လို့ သိရပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ အာဖရိကတိုက်နဲ့ ပတ်သက်ပြီး လူတွေ အထင်မှားနေတဲ့ အချက်လေးတွေကို ရှာဖွေ ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖွယ်ရာ ဗဟုသုတ အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။