လူချမ်းသာတိုင်း ဝယ်စီးဖို့မလွယ်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ကား (၁၀) စီး

ဒီတစ်ခေါက်မှာတော့ ကားချစ်သူ ပရိသတ်တွေ အတွက် ၂၀၂၀ခုနှစ်အတွင်း ကမ္ဘာပေါ်က ဈေးအကြီးဆုံး ကားတွေ အကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်ဗျ။ တစ်စီးနဲ့တစ်စီး စွမ်းဆောင်ရည်တွေအပေါ်မူတည်ကာ ဈေးနှုန်းကလည်း ကွဲပြားသွားတာမို့ ကိုယ့်အကြိုက်ဆုံး ဘယ်Brandက နံပါတ်ဘယ်လောက်မှာ ရပ်တည်နေလဲဆိုတာ ကြည့်ကြည့်လိုက်ပါအုန်းနော်။ shwekhitonlinetv.com

  • ၁၀။ Ferrari Pininfarina Sergio – $3 million

နာမည်ကြီး ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Ferrari ကနေထုတ်လုပ်ထားသော Ferrari Pininfarina Sergioဟာဆိုရင် ကမ္ဘာဈေးအကြီးဆုံး ကားစာရင်းမှာ နံပါတ် ၁၀ကို ရရှိထားပါတယ်။ ဒီကားလေးကိုတော့ ၂၀၁၃ခုနှစ်တုန်းက ဂျီနီဗာမှာ ကျင်းပခဲ့တဲ့ Motor show conceptမှာ စတင်မိတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီကားလေးဟာ Ferrairရဲ့ Legendary ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Sergio Pininfarina ကိုအမှတ်ရစေမယ့် အနေနဲ့ ချီးကျူးဂုဏ်ပြုပြီး ထုတ်လုပ်ပေးထားခဲ့တာလည်း ဖြစ်ပါတယ်ဗျ။ ကားရဲ့ ဒီဇိုင်းဟာဆိုရင် အရင်ကထုတ်လုပ်ထားခဲ့တဲ့ Ferrari 458 Spiderကို အခြေခံထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

  • ၉။ Aston Martin Valkyrie – $3.2 million

ဗြိတိန်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Aston Martinကနေ ထုတ်လုပ်ထားတဲ့ ဒီကားလေးကတော့ ကမ္ဘာ့ဈေးအကြီးဆုံး ပြိုင်ကားစာရင်းမှာ အဆင့်၉ကိုရရှိထားပါတယ်။ ဒီကားလေးကို Aston Martin ကုမ္ပဏီအပြင် Red bull Racingနဲ့ အခြားသော ကုမပ္ပဏီအချို့နဲ့ ပူးပေါင်းကာ ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ်။ ကားရဲ့ အင်ဂျင်ကတော့ 6.5-litre V12 engineကို ထည့်ပေးထားတာကြောင့် လမ်းမတွေပေါ်မှာ မောင်းနှင်တဲ့အခါ လျင်မြန်မှုရဲ့ အရသာကို ခံစားသွားစေရမှာပါ။ shwekhitonlinetv.com

  • ၈။ Bugatti Veyron by Mansory Vivere – $3.3 million

နာမည်ကြီး Bughatti ရဲ့ လက်ရာတွေထဲကမှ တစ်ခုဖြစ်တဲ့ Bughatti Veyronကတော့ အဆင့် ၈နေရာကို ပိုင်ဆိုင်ထားပါတယ်။ Limited Editionအနေနဲ့ ထုတ်လုပ်ပေးထားတာဖြစ်ပြီး Grand Sports Vitesse Roadster ရဲ့ Modelတစ်ခုလည်း ဖြစ်ပါတယ်။ ကားရဲ့ အင်ဂျင်ကတော့ 8.0 L W16 အင်ဂျင်ဖြစ်ပြီး မြင်းကောင်ရေအား 1,200 hp ရှိပါတယ်။ ကမ္ဘာ့အမြန်ဆုံးကားတွေထဲက တစ်စီးဖြစ်ပြီး သူ့ရဲ့ အမြင့်ဆုံးအမြန်နှုန်းကတော့ 253 mphပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

  • ၇။ Lykan Hypersport – $3.4 million

ဒီကားလေးကိုတော့ နာမည်ကြီးရုပ်ရှင်တစ်ခုဖြစ်တဲ့ Fast and Furious ကိုကြည့်ဖူးတဲ့သူတွေဆိုရင်တော့ ရင်းနှီးနေမှာပါ။ W Motorရဲ့ ထုတ်ကုန်တွေထဲက တစ်ခုဖြစ်ပြီး လက်ဘနွန်နဲ့ အိတလီကပညာရှင်တွေ ပူးပေါင်းကာ ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ HyperSport ဟာဆိုရင် ကားရဲ့ Headlightကို စိန် ၁၅ကာရက်နဲ့ ဖုံးအုပ်ထားတဲ့ ကမ္ဘာ့ပထမဆုံးကားပါ။ အရောင်တွေအနေနဲ့ကတော့ rubies ၊yellow diamonds နဲ့ sapphiresဆိုပြီး အရောင် ၃ရောင်ကို ရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် ကားရဲ့ အနောက်ပိုင်းအလယ်မှာ အမြွှာ တာဘို ၂ခုကို ထည့်ပေးထားပြီး အင်ဂျင်ပါဝါကတော့ 3.8-litreဖြစ်တာကြောင့် မြင်းကောင်ရေအားကို ၇၈၀အထိ ထုတ်လုပ်ပေးနိုင်ပါတယ်။ သူ့ရဲ့ အမြင့်ဆုံး speedကတော့ တစ်နာရီကို 240 mphပါ။ shwekhitonlinetv.com

  • ၆။ McLaren P1 LM – $3.6 million

McLaren P1 LMဟာဆိုရင် သူ့ရဲ့အရှေ့ကနောင်တော်ဖြစ်တဲ့ McLaren P1 GTR ကိုအခြေံထားပြီး ဖန်တီးထားတာဖြစ်ပါတယ်။ ဗြိတိန်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Lanzanteက မူလ modelဖြစ်တဲ့ P1ကို ဝယ်ယူခဲ့ပြီး convertedပြန်လုပ်ပေးထားတဲ့ ကားလည်း ဖြစ်ပါတယ်။ ဒီ P1 LMရဲ့ featureတွေဟာဆိုရင် အမြွှာတာဘို ၂ခုပါဝင်ပေးထားပြီး V8အင်ဂျင်ပါရှိကာ P1 နဲ့ P1 GTRထက်ပိုပြီးတော့ စွမ်းဆောင်ရည် ကောင်းပါတယ်။ သူ့ရဲ့ အမြင့်ဆုံး Speed ကတော့ တစ်နာရီကို 214 mphပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

  • ၅။ Lamborghini Veneno Roadster – $4.5 million

နောက်ထပ် အဆင့်၅နေရာမှာ ရောက်ရှိနေတာကတော့ Lamborghini Veneno Roadster ပဲ ဖြစ်ပါတယ်။ Venenoဆိုတာ စပိန်ဘာသာစကားဖြစ်ပြီး အဓိပ္ပါယ်ကတော့ မြွေပွေး ဒါမှမဟုတ် အဆိပ်လို့ အဓိပ္ပါယ်ရပါတယ်။ အရင်ထွက်ရှိခဲ့ပြီးဖြစ်တဲ့ Aventadorကို အခြေခံပြီး ဒီဇိုင်းထုတ်ထားကာ အမြင်တစ်မျိုးဆန်းအောင် ဖန်တီးပေးထားပါတယ်။ Lamborghini ကုမပ္ပဏီရဲ့ နှစ်၅၀ ပြည့်မြောက် အထိမ်းအမှတ်အနေဖြင့် ထုတ်လုပ်ပေးခဲ့တာလို့ သိရပြီး ၂၀၁၃ခုနှစ်မှာ ကျင်းပခဲ့တဲ့ ဂျနီဗာ Motor Show မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ သူ့ရဲ့ Speedကတော့ ၂.၉ စက္ကန့်အတွင်းမှာ 60 mphအထိရောက်အောင်တောင် မောင်းနှင်နိုင်ပါတယ်။ shwekhitonlinetv.com

  • ၄။ Koenigsegg CCXR Trevita – $4.8 million

နောက်ထပ် နာမည်ကြီး ကားတစ်စီးဖြစ်တဲ့ CCXR Trevitaဟာဆိုရင် Limited အနေနဲ့ပဲ ထုတ်လုပ်ထားတာဖြစ်ပြီး ကမ္ဘာပေါ်မှာ 3စီးပဲ ရှိပါတယ်။ ဒီကားကို ထုတ်လုပ်သူတွေဟာ CCXR Trevitaရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ် အလွန်များထားတာကြောင့် ပိုပြီးတော့ သီးသန့်စေဖို့အတွက် Limited Versionအနေနဲ့သာ ထုတ်လုပ်ပေးထားတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ Featureတွေကတော့ ကားရဲ့ diamond weave carbon fibre သားနဲ့ ဖုံးအုပ်ပေးထားတဲ့ Body ၊ ထူးခြားတဲ့ ဒီဇိုင်းနဲ့ Carbon Rear wing ၊ inconell exhaust system နဲ့ အခြားသော Featureပေါင်းများစွာ ပါဝင်ပေးထားပါသေးတယ်။ ခုနကပြောပြထားသလို Limited ၃စီးပဲ ရှိတဲ့အထဲမှာမှ တစ်စီးကတော့ နာမည်ကြီး အားကစားသမားတစ်ဦးဖြစ်တဲ့ Floyd Mayweather ဆီမှာ တစ်စီးရှိပါတယ်တဲ့… သူ့ရဲ့ အမြင့်ဆုံး Speed ကတော့ 254 mphပါ။ shwekhitonlinetv.com

  • ၃။ Bugatti Divo – $5.8 million

အခုဆိုရင်တော့ ကမ္ဘာကဈေးအကြီးဆုံး ကား၁၀ စီး စာရင်းထဲမှာ ထိပ်ဆုံး Top 3ကိုရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ အဆင့် ၃ နေရာမှာတော့ Bugatti ရဲ့ လက်ရာတစ်ခုဖြစ်တဲ့ Bugatti Divo က ရောက်ရှိနေပါတယ်။ Bugatti Automobiles S.A.S ကနေ ထုတ်လုပ်ပေးထားတာဖြစ်ပြီး mid-engine ပါဝင်တဲ့ Sport car အမျိုးအစားပဲ ဖြစ်ပါတယ်။ Bugatti Divoလို့ အမည်ပေးခဲ့တာကတော့ ၁၉၇ဝပြည့်နှစ်ကာလတုန်းက the Targa Florioဆိုတဲ့ကား ပြိုင်ပွဲတစ်ခုမှာ Bugattiအတွက် အနိုင်ရအောင်ကြိုးစားပေးခဲ့တဲ့ ပြင်သစ်နိုင်ငံသား Albert Divoကို ဂုဏ်ပြုသောအားဖြင့် ဒီနာမည်ကို ပေးခဲ့တာ ဖြစ်ပါတယ်။ Bugatti ရဲ့ ထုတ်လုပ်ထားတဲ့ ကားတွေထဲမှာတော့ DIVO ဟာ စွမ်းဆောင်ရည်အကောင်းဆုံးလို့ သတ်မှတ်ခံထားရပါတယ်။ ဒါ့အပြင် အရေအတွက် အကန့်အသတ်နဲ့သာ ထုတ်လုပ်ထားတာဖြစ်ပြီး ကားအစီး၄၀ ပဲရှိပါတယ်။ shwekhitonlinetv.com

  • ၂။ Mercedes Benz Maybach Exelero – $8.0 million

ကမ္ဘာ့ဈေးအကြီးဆုံး ကားစာရင်းရဲ့ အဆင့်၂ နေရာမှတော့ Mercedes Benz Maybach Exelero က ရောက်ရှိနေပါတယ်။ သူ့ရဲ့ ဒီဇိုင်းပိုင်းဟာဆိုရင်လည်း လုံးဝကို ဆန်းသစ်လှပြီး Sport ကားထဲမှာ ပထမဦးဆုံး ၄ ယောက်ထိုင်ခုံပါတဲ့ ကားလည်း ဖြစ်ပါတယ်။ ကားမှာပါတဲ့ အင်ဂျင်ကတော့ V12 twin-turbo engine ပဲ ဖြစ်ပါတယ်။ ဒီကားရဲ့ Top Speed ကတော့ 213 mph ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

  • ၁။ Rolls Royce Sweptail – $13 Million

ကဲ အခုဆိုရင်တော့ ကမ္ဘာ့ဈေးအကြီးဆုံးနေရာမှာ နံပါတ် ၁ ကို ပြိုင်ဘက်ကင်း ပိုင်ဆိုင်ထားသူကတော့ Rolls Royce Sweptail ပဲဖြစ်ပါတယ်။ ဗြိတိန်အခြေစိုက် Rolls Royceက ထုတ်ခဲ့သမျှကားတွေထဲမှာ Sweptailဟာ လုံးဝကို ထူးခြားလှပလွန်းတဲ့ ဒီဇိုင်းနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး ဇိမ်ခံကားအမျိုးအစားပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၇မှာကျင်းပခဲ့တဲ့ Concorso d’Eleganza Villa d’Este event မှာတည်းက ကမ္ဘာ့ဈေးအကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့တာ ဖြစ်ပြီး ယနေ့အချိန်အထိ ပြိုင်ဘက်ကင်း ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။