ဘက်စ်ကား တစ်စီးစာ အရွယ်အစားရှိတဲ့ ကမ္ဘာ့အကြီးဆုံးမြွေ (သို့မဟုတ်) Green Anaconda

ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးထဲမှာ သက်ရှိတွေ သန်းပေါင်းများစွာ ရှင်သန်နေထိုင် ကျက်စားနေကြပါတယ်။ သက်ရှိပေါင်း များစွာ ရှိတာကြောင့် အမျိုးအစားတွေလည်း ကွဲပြားကြသလို အမျိုးအစားတူခဲ့ရင်တောင်မှ အရွယ်အစားမတူတာတွေလည်း ရှိပါတယ်။ အခုတစ်ခါ ပြောပြပေးချင်တာကတော့ အကြီးဆုံးမြွေမျိုးဖြစ်တဲ့ Anaconda တွေထဲမှာမှ ကမ္ဘာ့အကြီးဆုံးမြွေအဖြစ် လက်ရှိမှာ မှတ်တမ်းတင်ခြင်း ခံရတဲ့ Green Anancond မြွေကြီးတွေ အကြောင်းကို ပြောပြပေးချင်ပါတယ်ဗျ။ shwekhitonlinetv.com

ဒီမြွေကြီးတွေဟာ boa family အမျိုးအနွယ်ထဲကဖြစ်ပြီး တောင်အမေရိကပိုင်းမှာ ရှင်သန်ကျက်စားနေကြတာပဲ ဖြစ်ပါတယ်။ သက်တမ်းကတော့ ၁၀နှစ်အထိ နေနိုင်ကြပြီး အရွယ်အစားကတော့ ပေ၂၀ ကနေ ပေ ၃၀ အထိ ရှိတတ်ကြပါတယ်။ ဒါဟာ သာမန် ဘက်စ်ကား တစ်စီးရဲ့ အရွယ်အစားနဲ့ အတူတူပဲ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ပေါင် ၅၅၀ အထက်မှာ ရှိပြီး တွားသွားနိုင်တဲ့ သတ္တဝါအမျိုးအစားတွေ ထဲမှာတော့ အကောင်အကြီးဆုံးနဲ့ အရွယ်အစားအကြီးဆုံးပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

သူတို့ကိုတွေ့နိုင်တဲ့ နေရာတွေကတော့ မိုးသစ်တောတွေရှိတဲ့ အမေဇုန်နဲ့ Orinoco basins တို့မှာ နေထိုင်ကျက်စားကြတာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အစာတွေကတော့ တောဝက် ၊ သမင် ၊ငှက် ၊ လိပ် ၊ မိကျောင်းနဲ့ ဂျာဂွာ ကျားသစ်တွေ အထိတောင် ပါဝင်ပါတယ်။ အမဲလိုက်တဲ့အခါမှာလည်း သားကောင်မလှုပ်ရှားနိုင်တဲ့ အထိ သူတို့ရဲ့ ခန္ဒာကိုယ်နဲ့ ဖျစ်ညှစ်ပြီး စားသုံးပစ်လိုက်တာပဲ ဖြစ်ပါတယ်။ သားကောင်ရဲ့ အရွယ်အစားပေါ် မူတည်ပြီး သူတို့ရဲ့ မေးရိုးအဆစ်တွေကို ဖြုတ်ကာ မျိုချနိုင်ပါတယ်။ ဒါ့အပြင် Green Anacondaတွေဟာ အစာကောင်းကောင်း စားပြီပြီဆိုရင်တော့ ရက်သတ္တပတ် ဒါမှမဟုတ် လပိုင်းလောက်အထိ အစာမစားပဲ နေနိုင်ပါသေးတယ်။ shwekhitonlinetv.com

ဒါ့ပြင် အမတွေဟာ သူတို့ရဲ့ ဥတွေကို ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ပြီး တစ်ခါ မွေးရင် နှစ်ဒါဇင်ကနေ ၃ဒါဇင်အထိ ပေါက်ဖွားနိုင်ကြပါတယ်။ မွေးပြီးပြီးချင်း အကောင်ပေါက်လေးတွေရဲ့ အရွယ်အစားဟာ ၂ပေအထိ ရှိပြီး အရွယ်မရောက်သေးခင်မှာတောင် ရေကူးနိုင်တဲ့အပြင် အမဲလည်း လိုက်နိုင်ပါသေးတယ်တဲ့။ Green Anacondaတွေရဲ့ အများဆုံး သက်တမ်းကတော့ ၁၀နှစ်အထိပဲ ရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

ဒါဆိုရင်တော့ Green Anacondaတွေနဲ့ ပတ်သက်ပြီး ဗဟုသုတရသွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ဗျ။ နောက်ပိုင်းမှာလည်း အခုလို စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို ဆက်လက် တင်ဆက်ပေးအုန်းမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးဖို့ မမေ့ပါနဲ့နော်….shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။