ကမ္ဘာ့အကြီးအမားဆုံး စာရင်းမှာ အသီးသီးရပ်တည်နေကြတဲ့ ကားကြီးများ

သင်ဟာ သာမန်မြင်နေကျမဟုတ်ပဲ ထူးထူးဆန်းဆန်းအရာတွေကိုမှ စိတ်ဝင်စားတဲ့သူဆိုရင် ဒီပို့စ်လေးကို သဘောကျမိသွားမှာပါ။ ဘာလို့လဲဆိုတော့ အခုပြောပြမယ့်အကြောင်းအရာလေးကတော့ ကမ္ဘာပေါ်မှာ အကြီးဆုံးစာရင်းဝင်ထားတဲ့ မော်တော်ကားတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်လိုကားတွေလဲဆိုတာ ဆက်ပြီးဖတ်ကြည့်လိုက်ပါအုန်းဗျ။ shwekhitonlinetv.com

၁၀။ Bigfoot 5

Big Foot 5လို့ အမည်ရတဲ့ ဒီကားကြီးကတော့ ကမ္ဘာ့အကြီးဆုံးကားတွေရဲ့ နံပါတ် ၁၀မှာ ရပ်တည်ထားတဲ့ ကားကြီးပါ။ ဒါပေမယ့် Monster Truckတွေထဲမှာတော့ ပြိုင်ဘက်ကင်း ကမ္ဘာ့အကြီးဆုံးနေရာကို ရရှိထားတာလည်း ဖြစ်ပါတယ်။ Bigfoot 5 ကို ၁၉၈၆ ခုနှစ်မှာ Chandler ကတည်ဆောက်ခဲ့ပြီး အလေးချိန်အားဖြင့် ပေါင် ၂၈၀၀၀ တောင်ရှိပါတယ်။ ကားဘီးတစ်ဘီးချင်းစီရဲ့ အမြင့်ဟာဆိုရင် ၁၀ ပေနီးပါးအထိရှိပြီး ကားတစ်စီးလုံးရဲ့ အမြင့်ကတော့ ၆၆ ပေတောင် မြင့်ပါတယ်တဲ့ဗျ။ shwekhitonlinetv.com

၉။ Sincity Hustler

နောက်ထပ် အဆင့် ၉ နေရာကို ပိုင်ဆိုင်ထားတဲ့သူကတော့ Sincity Hustler လို့ခေါ်တဲ့ Truckပဲ ဖြစ်ပါတယ်။ ဒီ truck ကားကြီးကိုတော့ Brad Campbell နဲ့ သူ့ရဲ့ဇနီးဖြစ်သူတို့က အတူတူတည်ဆောက်ပြီး ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဒီကားကြီးရဲ့ အရှည်ဟာဆိုရင် ၃၂ ပေတောင်ရှိပြီး အမြင့်ကတော့ ၁၂ ပေအရှည်ရှိပါတယ်။ ဒါ့အပြင် လူ ၁၂ ယောက်အသာလေး စီးနိုင်ပြီး jet – styleကိုပါ အထောက်အပံ့ပေးထားတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ Ford F650 extreme super truck

အဆင့် ၈ နေရာမှာတော့ နာမည်ကြီးကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Ford ကနေ ထုတ်လုပ်ထားတဲ့ Ford F650 က နေရာရထားပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့ pickup truckတွေ ထဲမှာတော့ ဒီကားက အကြီးဆုံးပဲ ဖြစ်ပါတယ်။ အရွယ်အစားကတော့ အလျား ၈.၅ ပေနဲ့ အမြင့် ၃၂ အထိရှိပြီး သူ့ရဲ့ standsကတော့ ၁၂ ပေရှိပါတယ်။ shwekhitonlinetv.com

၇။ Midnight Rider

အရောင်အမဲမှိုင်းမှိုင်းနဲ့ Midnight Rider လို့အမည်ရတဲ့ ဒီကားကြီးကို ကြည့်ပြီး Transformer ဇာတ်ကားထဲက Optimus Prime ကို တောင် သတိရမိသွားစေပါတယ်။ ဒါပေမယ့် ရုပ်ရှင်ထဲက ကားထက်တော့ ဒီကားကြီးက ပိုကြီးတာပေါ့ဗျာ။ Midnight Rider ဟာ ကမ္ဘာ့အကြီးဆုံး ကားစာရင်းမှာတော့ အဆင့် ၇နေရာပဲ ရရှိထားပေမယ့် ကမ္ဘာ့အကြီးဆုံး ဇိမ်ခံမှန်လုံကားစာရင်းမှာတော့ နံပါတ် ၁ နေရာမှာ သူတစ်ယောက်ပဲ ရှိပါတယ်။ အရွယ်အစားအနေနဲ့ကတော့ ပေ ၇၀ အရှည်ရှိပြီး အလေးချိန်ကတော့ ၂၅ တန်ရှိပါတယ်။ ဒါ့အပြင် လူ ၄၀ လောက်ကို သက်တောင့်သက်သာ တင်ဆောင်နိုင်ပြီး ဘီးပေါင်း ၂၂ ဘီးရှိပါတယ်။ ဒီကားကြီးထဲမှာ barလည်းရှိသလို တီဗီစခရင် အကြီးကြီးတစ်ခုလည်း ပါဝင်ပါသေးတယ်။ shwekhitonlinetv.com

၆။ Commercial Extreme Truck

နံပါတ် ၆ နေရာကိုတော့ Commercial Extreme Truck လို့အမည်ရတဲ့ Pickup Truck တစ်စီးက အပိုင်စားရထားပါတယ်။ သူ့ရဲ့ ထူးခြားချက်ကတော့ သာမန် pickup truck ကားတွေထက် အင်ဂျင်ပါဝါ ၃ဆအား ပိုပြင်းတာပဲ ဖြစ်ပါတယ်။ အလေးချိန်အနေနဲ့ကတော့ တန် ၂၀ အထက်မှာရှိပြီး ကိုယ်တပ်ဆင်ချင်တဲ့ တစ်ခြားအစိတ်အပိုင်းတွေကိုလည်း စိတ်ကြိုက်ဆင်နိုင်ပါသေးတယ်။ All wheel -drive အမျိုးအစားဖြစ်ပြီး ကားမောင်းနေရင်း ရုတ်တရပ် ရပ်ချင်တဲ့အခါမှာလည်း အဆင်ပြေအောင် air brakes ပါ ပါဝင်ပေးထားပါသေးတယ်။ shwekhitonlinetv.com

၅။ Alton F650

SUV လို့ပြောလိုက်တာနဲ့ ကားအကြောင်းကို ရူးသွပ်တဲ့သူတိုင်း မသိသူမရှိသလောက် နည်းတဲ့ နာမည်ကြီးတံဆိပ်တစ်ခု ပဲ ဖြစ်ပါတယ်။ အခု ဒီSUV ကတော့ ကမ္ဘာ့အကြီးဆုံး ကားစာရင်းမှာဆိုရင် နံပါတ် ၅ နဲ့ သူနဲ့အမျိုးတူ SUVတွေထဲမှာဆိုရင်တော့ အကြီးဆုံးစာရင်းမှာ နံပါတ် ၁ကို ယနေ့အချိန်အထိ ရယူထားနိုင်တာလည်း ဖြစ်ပါတယ်။ ဒီ SUVကားကြီးကိုတော့ Alton Manufacturing က တည်ဆောက်ခဲ့တာဖြစ်ပြီး အလေးချိန်ကတော့ GVWR of 25,999 lbs ရှိပါတယ်ဗျ။ ဒီကားကြီးမှာ ပါဝင်တဲ့ featureတွေကတော့ hardwood floorတွေ ၊ စပီကာ ၄၂ လုံးတောင် ပါတဲ့ Sound System ၊ ၁၆ လက်မ TV ၂လုံး အပြင် ၄၆ လက်မ ရှိတဲ့ Plasma TV ၊ train hornတွေ ပါဝင်ပါသေးတယ်။ ဒီထက်ပိုပြီး ထူးဆန်းတာက Computer တစ်လုံးနဲ့ အေးဆေး အလုပ်လုပ်ချင်သူတွေအတွက် Computer Workstation ၄ ခုတောင် ပါဝင်ပေးထားပြီး custom captains chairs တွေလည်း ပါဝင်ပါသေးတယ်။ shwekhitonlinetv.com

၄။ The Pink Hummer H2 Limo

အရောင်ဆန်းဆန်းလေးနဲ့ ဇိမ်ခံမှန်လုံးကားကိုမှ ကြိုက်သူတွေအတွက်တော့ ဒီ hummer limoဟာ အမြင်တစ်မျိုးဆန်းနေစေမှာ အမှန်ပါပဲ။ ကမ္ဘာ့ စတုတ္ထအကြီးဆုံးစာရင်းဝင် ဒီကားဟာဆိုရင် ထူးခြားတဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ထားပြီး လူ ၂၃ ယောက်ကို တင်ဆောင်နိုင်ပါတယ်။ သူ့မှာပါဝင်တဲ့ features တွေကတော့ အပေါ်ဆွဲတင်ပြီး ဖွင့်ရတဲ့ Gullwing jet doorတွေ ၊ 9,000-watt stereo system ၊ screen အကြီးစား TV ၅ ခု ၊ tinted window ၊ roof rack ၁ ခုနဲ့ တာယာကြီးကြီးမားမားတွေ ပါဝင်ပါတယ်။ ဒီကားကို ညဘက် Night out ထွက်ပြီး Partyလုပ်မယ့် မိန်းကလေးတွေအတွက် ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ပေးထားတာ ဖြစ်လို့ ကြိုတင်ဘိုကင်လုပ်ပြီး အမေရိကန် နိုင်ငံ အတွင်းဆို ငှားရမ်းလို့ ရပါတယ်တဲ့ ခင်ဗျာ။ shwekhitonlinetv.com

၃။ Colossus limousine

ကမ္ဘာ့အကြီးဆုံးကားစာရင်းရဲ့ Top 3စာရင်းထဲမှာတော့ နံပါတ် ၃ နေရာကို ရရှိထားသလို သူ့ကို ခမ်းခမ်းနားနားဖြစ်အောင် တန်ဆာဆင်ထားတဲ့ ပမာဏဟာလည်း တစ်ကယ့်ကို မခန့်မှန်းနိုင်လောက်အောင် ဖြစ်ရပါတယ်။ ဒီကားဟာ တစ်ခြားနာမည်ကြီးကားတွေ ဖြစ်တဲ့ Escalades ၊ Hummer ၊ Navigatorနဲ့ တစ်ခြား ဇိမ်ခံမှန်အမျိုးအစားကားတွေကို အရုပ်ကားသက်သက်သာ ထင်သွားရလောက်စေတဲ့ အထိပါပဲ။ သူ့ရဲ့ Feature တွေကတော့ Big Blue limousine မှာပါဝင်တဲ့ featureတွေနဲ့ အကုန်နီးပါး တူညီပါတယ်။ လူအယောက် ၃၀ဆန့်တဲ့ ဒီကားရဲ့ ကုန်ကျစရိတ်ဟာ သာမန်ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်းရဲ့ ကုန်ကျစရိတ် နီးပါးလောက်ရှိပါတယ်။ shwekhitonlinetv.com

၂။ Big Blue limousine

ကမ္ဘာ့အကြီးဆုံး ကားစာရင်းရဲ့ နံပါတ် ၂ နေရာမှာတော့ Big Blue limousine က ပိုင်ဆိုင်ထားပါတယ်။ ဒီကားကြီးဟာ ဇိမ်ခံမှန်လုံကားအမျိုးအစားထဲမှာပါဝင်ပြီး သူ့ရဲ့တောက်ပတဲ့ အရောင်ကြောင့်လည်း ပိုပြီးတော့ ပေါ်ပေါ်ထင်ထင် ရှိနေစေပါတယ်။ ဒါပေမယ့် သူ့ရဲ့မူလအမျိုးအစားကတော့ Semi truck ဖြစ်ပြီး ဇီမ်ခံမှန်လုံဒီဇိုင်း အဖြစ် ပြောင်းပေးထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ featureတွေကတော့ ကမ္ဘာ့ဒုတိယ အကြီးဆုံး မှန်လုံကား ဖြစ်တာနဲ့ အညီ Flat TV ၁၁ လုံး ၊ အနောက်ဘက်မှာဆိုရင် VIP section ၃ခုပါဝင်ကာ အရည်အသွေးကောင်းမွန်လှတဲ့ အသံ စနစ်ကိုလည်း တပ်ဆင်ပေးထားပါသေးတယ်။ လူ ၄၅ ယောက်လုံးကို ချောင်ချောင်ချိချိနဲ့ တင်ဆာင်နိုင်ပြီး အမေရိကန်မြို့တွင်းထဲ ပတ်ဖို့ ငှားရမ်းပေးတယ်လို့လည်း သိရပါတယ်။ shwekhitonlinetv.com

၁။ American Dreams

ကဲ အားလုံး စောင့်မျှော်နေကြတဲ့ နံပါတ် ၁ နေရာကိုတော့ ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ ဒီနေရာကို ရရှိထားတဲ့သူကတော့ American Dreams လို့ခေါ်တဲ့ ဇိမ်ခံမှန်လုံကားပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အရှည်ဆုံး ကားအဖြစ် စာရင်းဝင်ထားတဲ့အပြင် ဂင်းနစ်မှတ်တမ်းမှာပါ စံချိန်တင်ထားနိုင်တာလည်း ဖြစ်ပါတယ်။ ဒီကားကိုတော့ ၁၉၈၀ ခုနှစ်တုန်းက ကားတွေကို ပြန်လည်ဖန်တီးတဲ့ နေရာမှာ နာမည်ကြီးတဲ့ Jay Ohrberg ဆိုသူက ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ ဘယ်လောက်တောင် ရှည်လွန်းလဲဆိုရင် သူ့ရဲ့ အနောက်ပိုင်းမှာပဲကို ဟယ်လီကော်ပတာ တစ်စင်း ဆင်းသက်နိုင်တဲ့အထိပဲ ဖြစ်ပါတယ်။ ဒီကားမှာ အင်ဂျင် ၂ခုပါဝင်ပြီး အရှေ့နဲ့ အနောက် နှစ်ခုလုံး ယာဉ်မောင်းသမား ၂ယောက် မောင်းလို့ရအောင် စီစဉ်ပေးထားပါသေးတယ်။ shwekhitonlinetv.com

အများနဲ့မတူစွာပင် အရှည် ပေ ၁၀၀ အထိ ရှိတာကြောင့် ဒီကားထဲမှာ ဒိုင်ဗင်ပစ်လို့ရတဲ့ board ပါဝင်တဲ့ ရေကူးကန်ကိုပါ ထည့်ပေးထားပါတယ်။ ဒါပေမယ့်လည်း American Dreamရဲ့ အိမ်မက်ဟာ လက်တွေ့မှာ အဆင်မပြေခဲ့ပါဘူး.။ ဘာကြောင့်လဲဆိုတော့ ဒီကားရဲ့ အရှည်ကြောင့်ပဲ ဖြစ်ပြီး တစ်ကယ့်အပြင်မှာ မောင်းနှင်ဖို့ မလွယ်ကူတာကြောင့် လက်လျော့ခဲ့ကြရပါတယ်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။