မယုံနိုင်အောင် ထူးဆန်းလွန်းတဲ့ အံ့သြစရာ အချက် (၁၀) ချက်

သုနေသန မျိုးစုံကိုပြုလုပ်တေကြတဲ့ ကမ္ဘာတစ်ဝှမ်းက သိပ္ပံပညာရှင်တွေရဲ့တွေ့ရှိချက်တွေကတော့ တကယ့်ကို အံ့မခန်းစရာတွေဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ချို့အချက်တွေက သာမန်လူတစ်ယောက်အနေနဲ့ ဒါတွေဟာ ဘယ်လိုမှဖြစ်နိုင်မှာ မဟုတ်ဘူးဆိုပြီး လက်ခံနိုင်ဖို့ခက်ခဲမယ့် တွေ့ရှိချက်အကြောင်းအရာမျိုးတွေဖြစ်နေလို့ပါပဲ … ဘယ်လိုအံ့သြစရာအချက်မျိုးတွေဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော် …… shwekhitonlinetv.com

၁။ သင်နဲ့ ချွတ်စွပ်တူသူ (၇) ဦး

သုတေသန ပြုလုပ်ချက်တွေနဲ့ လေ့လာတွေ့ရှိချက်တွေအရတော့ ကမ္ဘာပေါ်ကလူဦးရေ သန်းပေါင်း (၈၀၀၀) နီးပါးထဲမှာ သင်နဲ့ရုပ်ခြင်းချွတ်စွပ်တူတဲ့သူ အနည်းဆုံး (၇) ဦးရှိနိုင်ပြီး၊ သင့်ဘဝမှာ အဲ့ဒီထဲက တစ်ယောက်လောက်ကိုတွေ့နိုင်ဖို့ကတော့ (၉) ရာခိုင်နှုန်းလောက်အခွင့်အရေးရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၂။ ခွေးလေးတွေရဲ့ သွေးအမျိုးအစား

ခွေးတွေဟာ မျိုးစိတ်ပေါင်းများစွာရှိသလို ၎င်းတို့မှာ သွေးအမျိုးအစားပေါင်းက လည်း လူသားတွေထက်စာရင်များပြားလှပါတယ်။ ခွေးတွေမှာ သွေးအမျိုးအစားပေါင်း (၁၃) မျိုးရှိပြီး လူတွေလိုပဲ သူတို့ဟာလည်း အချင်းချင်းသွေးပေးဝေနိုင်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၃။ လိင်ပြောင်းနိုင်တဲ့ ကနုကမာကောင်

ကနုကမာကောင်တွေကတော့ လူသားတွေအနေနဲ့ ပုလဲ ထုတ်ယူဖို့မွေးမြူကြတဲ့ ရေသတ္တဝါတစ်မျိုးဆိုတာ အားလုံးသိပြီးဖြစ်မယ်ထင်ပါတယ်။ မသိသေးတဲ့အချက်ကတော့ ကနုကမာကောင်တွေဟာ မိတ်လိုက်ဖို့ အခြေ အနေပေါ်မူတည်ပြီး မူရင်းလိင်မှနောက်လိင်တစ်မျိုးသို့အ ကြိမ်ကြိမ်ပြောင်းလဲနိုင်တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ လူတွေပိုမြင်ကြတဲ့ အဝါရောင်

လူ့သားတွေရဲ့ အမြင်အာရုံတည်ဆောက်ပုံစနစ်အရ အရောင်အမျိုးအစားတွေထဲမှာ အခြားအရောင်တွေကိုသိတာထက် အဝါရောင်ကို တစ်ဆခွဲနီးပါးလောက် မြန်မြန်ပိုသိနိုင်တာကြောင့် ကျောင်းကားတွေနဲ့ လမ်းအချက်ပြဆိုင်းဘုတ်တွေရဲ့အရောင်ကို အဝါရောင်အဖြစ်အသုံးပြုကြ တယ်လို့ဆိုကြပါတယ်။shwekhitonlinetv.com

၅။ အသက်အာမခံ ထားလို့မရတဲ့ ဂျက်ကီချန်း

ကမ္ဘာကျော် စတန့်မင်းသားကြီး ဂျက်ကီချန်းရဲ့ ရုပ်ရှင်တွေကို ကြည့်ဖူးကြမလားမသိဘူး။ သူဟာ တကယ်တမ်းစတန့်ပြုလုပ်တဲ့အခါမှာ သဘာဝ နဲ့ အနီးစပ်ဆုံး သဏ္ဍာန်လုပ်သရုပ်တူအောင် ရိုက်ကူး သရုပ်ဆောင်လေ့ရှိတာကြောင့် နာမည်ကျော်တာဆိုလည်းမမှားပါဘူး။ ဒါပေမယ့် အံ့သြဖို့ကောင်းတာက ဂျက်ကီချန်းနဲ့ သူ့ရဲ့စတန့်အဖွဲ့ကို အသက်အာမခံကုမ္ပဏီတွေက လက်မခံကြပါဘူး။ ဒါကြောင့် သူ့ရုပ်ရှင်မှာ ဒါဏ်ရာရသူရှိရင် ဂျက်ကီချန်းကိုယ်တိုင်ပဲ အလျော်ပေးရတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၆။ တွင်းဖောက်အားကောင်းတဲ့ Mole

Mole ဆိုတဲ့အကောင်လေးတွေကို မြင်ဖူးကြလားပရိသတ်ကြီးရေ ? သူကကြွက်နဲ့ပုံစံဆင်တူပြီး မြန်မာနိုင်ငံမှာတော့ (ပွေး) လို့ခေါ်ဝေါ်ကြပါတယ်။ ဒီကောင်လေးတွေရဲ့ ထူးခြားတဲ့ Skill တစ်ခုကတော့ အရှည် (ပေ-၃၀၀) လောက်ရှိတဲ့လှိုင်ခေါင်းကို တစ်ညအတွင်းဖေါက်နိုင်တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Potato Chip Rock

ကမ္ဘာပေါ်က အသည်းယားစရာအကောင်းဆုံးနေရာဟာ အမေရိကန်နိုင်ငံ ဆန်ဒီရေဂိုမြို့အနီးမှာရှိပြီး Potato Chip Rock လို့ ခေါ်ကြပါတယ်။ ဒါပေမယ့်လည်း ဓာတ်ပုံရိုက်ကတာကို ဝါသနာပါတဲ့သူတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက်တော့ ဒီနေရာကဆွဲဆောင်မှုရှိတာ အမှန်ပဲဖြစ်ပါတယ်။shwekhitonlinetv.com

၈။ နှာခြေခြင်းကြောင့် အသက်သေဆုံးနိုင်ပါတယ်

ဒီအချက်ကတော့ အတော်လေးကြောက်ဖို့ကောင်းပါတယ်။ ဒါကြောင့် စမ်းသပ်တာမျိုးမလုပ်ဖို့ကိုလည်း ကြိုတင်သတိပေးပါရစေရှင့်။ သိပ္ပံပညာရှင်တွေရဲ့ သုတေသန ပြုလုပ်မှုတွေအရတော့ လူတစ်ယောက်ဟာ နှာချေချင်နေတာကို အတင်းထိန်းချုပ်ထားမယ်ဆိုရင် ခေါင်းနဲ့လည်ပင်းကသွေးကြောတွေကိုပေါက်ထွက်စေပြီး သေဆုံးနိုင်ပါတယ်တဲ့။ shwekhitonlinetv.com

၉။ Facebook သုံးခွင့်မရှိတဲ့ နိုင်ငံ

တရုတ်နိုင်ငံဟာဆိုရင် Facebook ၊ Twitter နဲ့ Youtube လို့နာမည်ကျော် Website တွေ Applications တွေကို နိုင်ငံတွင်းမှာ သုံးစွဲခွင့်မပေးပဲ ပိတ်ပင်ထားပါတယ်တဲ့ ပရိသတ်ကြီးရေ။shwekhitonlinetv.com

၁၀။ ညဘက်မှာ အလုပ်ပိုလုပ်တဲ့ ဦးနှောက်

အများအားဖြင့်တော့လူအများစုဟာ တစ်နေကုန်လှုပ်ရှားရုန်းကန်လာရတဲ့ မိမိရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ဦးနှောက်ကိုအနားပေးဖို့အတွက် ညဘက်မှာ အိပ်စက်လေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း ဦးနှောက်က နေ့ဘက်မှာထက် ညဘက်မှာ ပိုအလုပ်လုပ်တယ်လို့ သုတေသနမှတ်တမ်းတွေမှာဖော်ပြနေကြပါတယ်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။