ကမ္ဘာကြီးပေါ်က တန်ဖိုးအကြီးဆုံး စာရင်းထဲမှာ ရှိနေတဲ့ အဖိုးတန် အရာဝတ္ထုများ

ဒီတစ်ခေါက်မှာ Shwe Khit ပရိသတ်ကြီးကို ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာကြီးပေါ်မှာ တန်ဖိုးအကြီးဆုံး အဖြစ် သတ်မှတ်ခံထားရတဲ့ အရာဝတ္ထုတွေအကြောင်းကို ပြောပြပေးမှာပဲ ဖြစ်ပါတယ်။ အရင်က ရွှေကို ဈေးအကြီးဆုံးလို့ ထင်ရပေမယ့် ဒီစာရင်းထဲမှာတော့ ရွှေထက်တန်ဖိုးကြီးတာတွေလည်း ရှိနေလို့ ဗဟုသုတရစေရန် အောက်က ပုံတစ်ခုချင်းစီကို ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

၁။ ဟီးရိုးအင်း ( ၁ ဂရမ် = ၁၃၀ ဒေါ်လာ )

မူးယစ်ဆေးဝါး အမျိုးအစားထဲမှာပါတဲ့ ဟီးရိုးအင်းဟာဆိုရင် ဘိန်းစေ့ကနေ ထုတ်လုပ်ထားတဲ့ မူးယစ်ဆေးဝါးတစ်မျိုးလည်း ဖြစ်ပါတယ်။ နိုင်ငံခြား ရုပ်ရှင်တစ်ချို့မှာ မြင်တွေ့နေရတဲ့ ဒီ ဟီးရိုးအင်းဟာဆိုရင် သုံးစွဲသူကို စိတ်ထင်ယောင်ထင်မှား ဖြစ်သွားစေနိုင်တဲ့အထိ ဘေးထွက်ဆိုးကျိုး ပြင်းထန်ပါတယ်။ နောက်တစ်ခုက အပြင်မှာ ဝယ်ယူနိုင်ဖို့အတွက်လည်း အလွန်ခက်ခဲတာကြောင့် တန်ဖိုးကြီးသွားတာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ကိုကင်း ( ၁ ဂရမ် = ၂၃၆ ဒေါ်လာ )

နောက်ထပ် မူးယစ်ဆေးဝါးတစ်မျိုး ဖြစ်တဲ့ ကိုကင်းဟာဆိုရင်လည်း ဈေးကြီးတဲ့ အရာတွေ ထဲမှာ ပါဝင်ပါတယ်။ ကိုကင်းလို့ခေါ်ကြတဲ့ အဖြူရောင် ခရစ်စတယ် ပေါင်ဒါအမှုန့်ဟာဆိုရင် သုံးစွဲသူကို သေလုမြောပါး ဖြစ်စေနိုင်တဲ့ အန္တရာယ်ပေးနိုင်ပါတယ်။ ကိုကင်းဟာ ဟီးရိုးအင်းထက် ဈေးကြီးရခြင်းက သဘာ၀ အတိုင်း ထုတ်လုပ်ထားတာမဟုတ်ပဲ ဓာတုဗေဒနည်းတွေ နဲ့ ဖန်တီးထားလို့ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ပလူတိုနီယမ် ( ၁ ဂရမ် = ဒေါ်လာ ၄၀၀၀ )

လေးလံတဲ့ အပြင် ကျိုးပဲ့လွယ်တဲ့ ပလူနီယမ်ကတော့ ရေဒီယိုသတ္တိကြွ သတ္ထုတစ်မျိုးပဲ ဖြစ်ပါတယ်။ ပလူတိုနီယမ်ကို အများဆုံးသုံးပြုကြတာက နယူးကလီးယား ထုတ်လုပ်ရေးနဲ့ အာကာသယာဉ်တွေ မောင်းနှင်တဲ့အခါ လိုအပ်အတွက် လောင်စာဆီအတွက် အသုံးပြုကြတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Painite ( ၁ ဂရမ် = ဒေါ်လာ ၉၀၀၀ )

အလွန်ရှားပါးပြီး တွေ့ရခဲတဲ့ ကျောက်တုံး အမျိုးစား ဖြစ်ပြီး အစောပိုင်းတွေတုန်းက လူအနည်းငယ်လောက်သာ ဒီကျောက်တုံးတွေ တစ်ကယ်ရှိမှန်း သိခဲ့ကြတာပါ။ သူ့ရဲ့ အရောင်ဟာ လိမ္မော်ရောင် ဒါမှမဟုတ် အနီညို အရင့်ရောင် ရှိပြီး အခုမြင်နေရတဲ့ ကျောက်တုံးကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၅ နှစ်လောက်တုန်းက ရှာဖွေ တွေ့ရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ဒီလိုကျောက်အမျိုးအစား ၂၀၀ လောက် ရှိနေပါပြီ…. shwekhitonlinetv.com

၅။ Taaffeite ( ၁ ဂရမ် = ဒေါ်လာ ၂၀၀၀၀ (သို့) ၁ ကာရက် = ဒေါ်လာ ၄၀၀၀ )

ဒီကျောက်အမျိုးစားဟာလည်း ရှားပါးကျောက်အမျိုးအစားဖြစ်ပြီး အရောင်ကတော့ ခရမ်းရောင် ၊ အနီရောင် (သို့ ) အဖြူရောင်တို့ပဲ ဖြစ်ပါတယ်။ စိန်ထက် အဆသန်းပေါင်းများစွာ ရှားပါးပြီး တွေ့ရဖို့လည်း အလွန်ခဲယဉ်းပါတယ်။ ကျောက်အရိုင်းပုံစံကိုက ထူးခြားလွန်းပြီး လတ်ဝတ်ရတနာအဖြစ် ပုံဖော်လိုက်ပြီဆိုရင် ပိုပြီး ကြည်လို့ကောင်းသွားတာကြောင့် အခုလိုမျိုးဈေးကြီးနေရတာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ စိန် ( ၁ ဂရမ် = ၅၅၀၀၀ ဒေါ်လာ )

ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး ကျောက်မျက်ရတနာ ကတော့ စိန်ပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေ အကြိုက်ဆုံး ကျောက်ရတနာဖြစ်တယ်လို့ စစ်တမ်းတွေက ဖော်ပြထားကြီး တန်ဖိုးကလည်း ကြီးလွန်းလှပါတယ်။ shwekhitonlinetv.com

၇။ Californium ( ၁ ဂရမ် = ဒေါ်လာ ၂၇သိန်း )

ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးမားဆုံး ဓာတု ဒြပ်စင်ကတော့ Californium ပဲ ဖြစ်ပါတယ်။ ဓာတ်စုပေါင်းမှုတွေကနေ ဖြစ်ပေါ်လာတဲ့ ဒြပ်စင်ဖြစ်ပြီး ၁၉၅၀ ကနေ ယနေ့အချိန်အထိ တစ်ကြိမ်သာ ရှာဖွေ တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ Antimatter ( ဒေါ်လာ သိန်း ၆၂၀၀ )

နောက်ဆုံးတစ်ခုကတော့ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးမားဆုံး အရာဝတ္ထုဖြစ်ပြီး Antimatter လို့လည်း ခေါ်ကြပါတယ်။ Antimatter ဆိုတာ အလွန်အားကောင်းတဲ့ ဓာတ်စင်တစ်ခုဖြစ်ပြီး အနာဂတ်ကာလတွေမှာ အာကာသယာဉ်တွေ အတွက် လိုအပ်တဲ့ စွမ်းအင်လောင်စာ အဖြစ် အသုံးပြုဖို့ ရွေးချယ်ထားကြတာလည်း ဖြစ်ပါတယ်။ ပမာဏ အနည်းငယ်ဆိုရင်တော့ အန္တရာယ်မရှိပေမယ့် ပမာဏများမယ်ဆိုရင်တော့ ဂမ်မာရောင်ခြည်လိုမျိုး လူတွေ အတွက် ဘေးထွက်ဆိုးကျိုး အတော်လေးကို ဖြစ်စေနိုင်ပါတယ်။ shwekhitonlinetv.com

၉။ ဒေါ်လာ သိန်း ၁၇၀ တန်တဲ့ ကျောက်စိမ်း

မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာ တူးဖော်တွေ့ရှိခဲ့တဲ့ ကျောက်စိမ်းတုံးကြီးဟာဆိုရင် ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံးကြီး အဖြစ် စာရင်းဝင်ထားတာလည်း ဖြစ်ပါတယ်။ ကျောက်စိမ်းတုံးကြီးရဲ့ အရွယ်အစားဟာ အမြင့် ၁၄ပေ နဲ့ အရှည် ၁၉ ပေ ရှိပြီး အလေးချိန်ကတော့ တန် ၂၀၀ ကျော်ပါတယ်။ ဒီကျောက်စိမ်းတုံးကြီးကိုတော့ တရုတ်နိုင်ငံက ဝယ်ယူသွားခဲ့တာဖြစ်ပြီး တူးဖော်တွေ့ရှိတဲ့ ကျောက်မျက်ရတနာတွေထဲမှာ တန်ဖိုးအကြီးဆုံး ကျောက်မျက်ရတနာ အဖြစ် စာရင်းဝင်သွားပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ ကမ္ဘာကြီးပေါ်က တန်ဖိုးကြီးမားတဲ့ အရာဝတ္ထုတွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလို ဗဟုသုတရစရာ အကြောင်းအရာတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။